Kantharyar Centre
×
၎. မိဿရာသီ (Aries) : မတ် ၂၁ ရက်မှ ဧပြီ ၂၀ ရက်အတွင်း
Credit:Chelmo Team
#Unicode Version
သူငယ်ချင်းအချင်းချင်းပဲဖြစ်ဖြစ် အလုပ်ထဲမှာပဲဖြစ်ဖြစ် မလုပ်နိုင်တာကို No လို့ မဖြေရဲတဲ့ ရာသီခွင် ထိပ်ဆုံးကတော့ ဘယ်သူဖြစ်မလဲ။
၁. ဓနုရာသီ (Sagittarius) : နိုဝင်ဘာ ၂၃ ရက်မှ ဒီဇင်ဘာ ၂၀ ရက်အတွင်း
တခုခုအကူအညီတောင်းချင်ရင် သူကိုအမြန်ပြောကြည့်လိုက်ပါ။ သူကတော့ ဘယ်တော့မှ ငြင်းမှာမဟုတ်ပါ။ အဖြေကတော့ "ဟုတ်ကဲ့"။ သူကသိပ်ပြီးတော့ မစဉ်းစားတာကြောင့် မဖြစ်နိုင်တာတွေလည်း သူလက်ခံလိုက်တတ်တယ်။
၂. ကရကဋ်ရာသီ (Cancer) : ဇွန် ၂၁ ရက်မှ ဇူလိုင် ၂၀ ရက်အတွင်း
သူကတော့ အခြားသူကို ကူညီရမှာကိုက သူ့ရဲ့စိတ်ထဲမှာ တာဝန်ကြီးတစ်ခုလို့ ခံယူထားသူပါ။ တခုခုကို လိုချင်လို့ ဒီလိုစဉ်းစားတာမဟုတ်ပါ။ သူကကူညီခဲ့ပင်မဲ့လည်း သူ့ကို ပြန်မကူညီခဲ့ဖူးဆိုရင်လည်း သူကတော့ စိတ်ထဲမှာ မှတ်မထားပါ။
၃. တူရာသီ (Libra) : စက်တင်ဘာ ၂၃ ရက်မှ အောက်တိုဘာ ၂၂ ရက်အတွင်း
သူ့မျက်နှာပေါ်မှာ အပြုံးကလွဲရင် ဘာမှကို မရှိပါ။ သူတပါးကို ကူညီဖို့ရန် အသင့်ရှိနေသူပါ။ ဘယ်သူတွေဘာပဲပြောပြော သူကတော့ ကူညီတတ်သူလို့ အထင်ခံချင်သူပါ။ ဘယ်လောက်ပဲ ဆိုးသောသူဖြစ်ပါစေ၊ သူကကူညီချင်သောသူဆိုရင်တော့ တတ်နိုင်သလောက်ကို လုပ်ပေးမှာ ဖြစ်ပါတယ်။
၄. မိဿရာသီ (Aries) : မတ် ၂၁ ရက်မှ ဧပြီ ၂၀ ရက်အတွင်း
No လို့ပြောလိုက်ရင် ရှုံးတယ်လို့ သူ့အနေနဲ့ ခံယူထားသူပါ။ ဒါကြောင့်လုပ်ချင်စိတ်ရှိရင်တော့ တတ်နိုင်သလောက်ဖြစ်အောင်လုပ်ပေးတတ်ပါတယ်။
၅. မိန်ရာသီ (Pisces) : ဖေဖော်ဝါရီ ၁၉ ရက်မှ မတ်လ ၂၀ ရက်အတွင်း
မရဘူးလို့ကို မပြောနိုင်သူပါ။ လက်ခံလိုက်ပြီဆိုရင် ဖြစ်အောင်လုပ်ပေးတတ်ပါတယ်။
၆. မကာရရာသီ (Capricorn) : ဒီဇင်ဘာ ၂၁ ရက်မှ ဇန်နဝါရီ ၁၉ ရက်အတွင်း
တာဝန်ကို နားလည်သောသူဖြစ်သောကြောင့် ပေးအပ်လာသောတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်တတ်သူပါ။
၇. မေထုန်ရာသီ (Gemini) : မေ ၂၁ ရက်မှ ဇွန် ၂၀ ရက်အတွင်း
လက်ခံတတ်ပင်မဲ့လည်း နောက်ပြီးတော့မှ ကောင်းကောင်းကြီး ငြင်းတတ်သောသူ ဖြစ်ပါလိမ့်မယ်။
၈. ဗိစ္ဆာရာသီ (Scorpis): အောက်တိုဘာ ၂၃ ရက်မှ နိုဝင်ဘာ ၂၂ ရက်အတွင်း
မဖြစ်နိုင်တဲ့ကိစ္စကို မလုပ်ခင်ကတွေးပြီး လက်မခံတတ်ပါ။ တစ်ယောက်နဲ့တစ်ယောက် မျက်နှာ မပျက်အောင် အကောင်းဆုံး ကြိုးစားချင်သူပါ။
၉. သိဟ်ရာသီ (Leo) : ဇူလိုင် ၂၁ ရက်မှ သြဂုတ် ၂၁ ရက်အတွင်း
သူက လက်ခံမယ်၊ လက်မခံဘူးထက်၊ သူများကို အလုပ်အပ်ရင် အငြင်းမခံရအောင် ဘယ်လိုလုပ်မလဲ အမြဲစဉ်းစားနေသူပါ။
၁၀. ပြိဿရာသီ (Taurus) : ဧပြီ ၂၁ ရက်မှ မေ ၂၀ ရက်အတွင်း
ကိုယ်ရဲ့အချိန်၊ ကိုယ့်ရဲ့ဘဝလေးကို လာပြီးနောက်ယှက်မဲ့သူကို ဝေးဝေးက ရှောင်တတ်ပါတယ်။
၁၁. ကုမ်ရာသီ (Aquarius) : ဇန်နဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီ ၁၈ ရက်အတွင်း
လက်မခံတာ ဘာကြောင့်လဲဆိုတာကို အရှည်ကြီး ရှင်းပြနေတတ်တာကြောင့် အကူအညီတောင်းတဲ့သူတောင် ပြန်ပြေးချင်လာမှာပါ။
၁၂. ကန်ရာသီ (Virgo) : သြဂုတ် ၂၂ ရက်မှ စက်တင်ဘာလ ၂၂ ရက်အတွင်း
သူရဲ့စာအုပ်ကြီးထဲကအတိုင်း လက်ခံသင့် လက်မခံသင့်ဆိုတာကို ဆုံးဖြတ်ပြီးသားဖြစ်မှာပါ။
ဖိုးသူတော် (www.phothutaw.com)
Credit:Chelmo Team
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top