Kantharyar Centre
×

ကမာၻ႕ ဂီတေလာကမွာ ေခတ္စားေနတဲ့ Music Streaming Service အတုိင္း ျမန္မာႏုိင္ငံမွာ ပထမဆံုး အေနနဲ႕စတင္လုပ္ကုိင္မဲ့ TAY Streaming Service ရဲ႕ စာနယ္ဇင္းမိတ္ဆက္ပြဲအခမ္းအနားကုိ ( ၁၈.၁၀.၁၆ ) ရက္ေန႕ ေန႕လည္ ၂နာရီက ႏုိဗိုတယ္ဟိုတယ္မွာ က်င္းပျပဳလုပ္ခဲ့ပါတယ္။ အဆိုပါပြဲမွာ ဖိတ္ၾကားထားတဲ့ ဧည့္သည္ေတာ္ေတြ ၊ ဂီတအႏုပညာရွင္ေတြ နဲ႕ စာနယ္ဇင္းေတြ စံုလင္စြာ တက္ေရာက္ခဲ့ၾကပါတယ္။
Tay Application ကုိ အဓိက ဖန္တီးသူႏွစ္ေယာက္ကေတာ့ ရန္ရန္ခ်န္းနဲ႕ဘာဘူတို႕ပဲျဖစ္ပါတယ္။ ဒီ Application ကို လုပ္ျဖစ္တဲ့ သူတို႕ရဲ႕ရည္ရြယ္ခ်က္ကေတာ့ ဂီတေလာကအတြက္ တစ္ဖက္တစ္လမ္းက အက်ိဳးျပဳႏုိင္သလို ေတးသီခ်င္းနားေထာင္မယ့္ ပရိသတ္ေတြအတြက္ ကုိယ္ခ်စ္တဲ့ အႏုပညာရွင္ေတြရဲ႕ေတးသီခ်င္းေပါင္းေျမာက္မ်ားစြာကုိ Download လုပ္လို႕မရေပမဲ့ တစ္ေနရာထဲကေန အလြယ္တကူနားဆင္ႏုိင္ေအာင္စီစဥ္ထားတဲ့ Application တစ္ခုပဲျဖစ္ပါတယ္။
တစ္ပတ္ကို ျမန္မာေငြ ၄၅၀ ႏႈန္းသာ က်သင့္မွာျဖစ္ၿပီး တစ္ရက္ကိုေတာ့ ျမန္မာေငြ ၉၀ က်ပ္ႏႈန္းနဲ႕အခ်ိန္ပိုင္းအတြင္းမွာ ကုိယ္ၾကိဳက္တဲ့သီခ်င္းေတြကိုနားဆင္ႏုိင္မွာပါ။ ဒီ Application ထဲမွာ ဂီတဆိုင္ရာ အလႊာ ငါးလႊာက ခြင့္ျပဳခ်က္ေပးထားတဲ့ သီခ်င္းေတြကို တင္သြင္းေပးထားမွာ ျဖစ္ပါတယ္။ TAY  Application ကို ၂၀၁၆ မကုန္ခင္မွာ Download လုပ္ႏုိင္ေအာင္ စီစဥ္ေပးသြားမွာျဖစ္သလုိ Download လုပ္လို႕ရၿပီဆိုတာနဲ႕ထပ္မံေၾကညာေပးသြားမယ္လို႕လည္း သိရပါတယ္။


 ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

#Unicode Version
ကမ္ဘာ့ ဂီတလောကမှာ ခေတ်စားနေတဲ့ Music Streaming Service အတိုင်း မြန်မာနိုင်ငံမှာ ပထမဆုံး အနေနဲ့စတင်လုပ်ကိုင်မဲ့ TAY Streaming Service ရဲ့ စာနယ်ဇင်းမိတ်ဆက်ပွဲအခမ်းအနားကို ( ၁၈.၁၀.၁၆ ) ရက်နေ့ နေ့လည် ၂နာရီက နိုဗိုတယ်ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါပွဲမှာ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေ ၊ ဂီတအနုပညာရှင်တွေ နဲ့ စာနယ်ဇင်းတွေ စုံလင်စွာ တက်ရောက်ခဲ့ကြပါတယ်။

Tay Application ကို အဓိက ဖန်တီးသူနှစ်ယောက်ကတော့ ရန်ရန်ချန်းနဲ့ဘာဘူတို့ပဲဖြစ်ပါတယ်။ ဒီ Application ကို လုပ်ဖြစ်တဲ့ သူတို့ရဲ့ရည်ရွယ်ချက်ကတော့ ဂီတလောကအတွက် တစ်ဖက်တစ်လမ်းက အကျိုးပြုနိုင်သလို တေးသီချင်းနားထောင်မယ့် ပရိသတ်တွေအတွက် ကိုယ်ချစ်တဲ့ အနုပညာရှင်တွေရဲ့တေးသီချင်းပေါင်းမြောက်များစွာကို Download လုပ်လို့မရပေမဲ့ တစ်နေရာထဲကနေ အလွယ်တကူနားဆင်နိုင်အောင်စီစဉ်ထားတဲ့ Application တစ်ခုပဲဖြစ်ပါတယ်။

တစ်ပတ်ကို မြန်မာငွေ ၄၅၀ နှုန်းသာ ကျသင့်မှာဖြစ်ပြီး တစ်ရက်ကိုတော့ မြန်မာငွေ ၉၀ ကျပ်နှုန်းနဲ့အချိန်ပိုင်းအတွင်းမှာ ကိုယ်ကြိုက်တဲ့သီချင်းတွေကိုနားဆင်နိုင်မှာပါ။ ဒီ Application ထဲမှာ ဂီတဆိုင်ရာ အလွှာ ငါးလွှာက ခွင့်ပြုချက်ပေးထားတဲ့ သီချင်းတွေကို တင်သွင်းပေးထားမှာ ဖြစ်ပါတယ်။ TAY  Application ကို ၂၀၁၆ မကုန်ခင်မှာ Download လုပ်နိုင်အောင် စီစဉ်ပေးသွားမှာဖြစ်သလို Download လုပ်လို့ရပြီဆိုတာနဲ့ထပ်မံကြေညာပေးသွားမယ်လို့လည်း သိရပါတယ်။

 ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top