Property Expo
×

                လူမႈဖူလံုေရးအာမခံစိစစ္ေရးယာယီကတ္ျပား။ (ဓာတ္ပံု-ေက်ာ္ဇင္သန္း)

လူမႈဖူလံုေရး လစဥ္အာမခံေၾကးေငြမ်ားကို ပုဂၢလိကဘဏ္မ်ားမွတစ္ဆင့္ ေပးသြင္းႏုိင္ရန္ႏွင့္ ေငြလံုးေငြရင္းအက်ိဳးခံစားခြင့္မ်ားကို MPU ကတ္မွတစ္ဆင့္ ေပးအပ္ႏုိင္ရန္ စီစဥ္ေနေၾကာင္း လူမႈဖူလံုေရးအဖဲြ႕ ၫႊန္ၾကားေရးမွဴးခ်ဳပ္ ဦးထြန္းသန္းက ေျပာၾကားသည္။

အလုပ္ဌာနမ်ား၊ ကုမၸဏီမ်ားသည္ လူမႈဖူလံုေရးလစဥ္ေၾကး က်ပ္ငါးသိန္းေက်ာ္ပါက သက္ဆုိင္ရာလူမႈဖူလံုေရး႐ံုးတြင္ စာရင္းသြင္းစစ္ေဆးခံရၿပီး၊ ျမန္မာ့စီးပြားေရးဘဏ္တြင္ အာမခံေၾကးသြားေရာက္ေပးသြင္းကာ ဘဏ္မွ ေငြသြင္းေျပစာကို လူမႈဖူလံုေရး႐ံုးသုိ႔ ျပန္လည္ေပးအပ္ကာ ေငြရေျပစာေပးသြင္းေစျခင္း ျဖစ္သည္။

ေငြေပးသြင္းရာတြင္ အခ်ိဳ႕အလုပ္ဌာနမ်ားသည္ ျမန္မာ့စီးပြားေရးဘဏ္ႏွင့္ အလွမ္းေ၀းေနျခင္းေၾကာင့္ သတ္မွတ္ရက္အတြင္းျမန္ဆန္စြာ အာမခံေၾကးေပးသြင္းႏုိင္ရန္ ပုဂၢလိကဘဏ္မ်ားႏွင့္ ခ်ိတ္ဆက္ထားသည္ဟု ဦးထြန္းသန္းက ေျပာသည္။

‘‘ဘဏ္ႀကီးေတြျဖစ္တဲ့ ကေမၻာဇဘဏ္တုိ႔၊ ဧရာ၀တီတို႔၊အမရာတို႔၊ စီဘီဘဏ္တို႔နဲ႔ ဆက္သြယ္ၿပီး သြင္းႏုိင္ေအာင္၊ အုိေကေဒၚလာတို႔ ဘာတို႔ဆိုရင္လည္း အဲဒီလုိဆက္သြယ္ၿပီး လုပ္လိုက္ရင္ေငြသြင္းတာပိုၿပီး ျမန္ဆန္လာမွာေပါ့ေလ’’ဟု ဦးထြန္းသန္းကေျပာသည္။

ဘဏ္မ်ားႏွင့္ခ်ိတ္ဆက္၍ ေငြေပးသြင္းေစမႈကို ပထမအဆင့္လုပ္ေဆာင္ႏုိင္ၿပီးပါက ဒုတိယအဆင့္အေနျဖင့္ အေၾကာင္းတစ္စံုတစ္ရာေၾကာင့္ လုပ္ငန္းခြင္အတြင္းထိခိုက္ေသဆံုး ဒဏ္ရာရရွိသည့္ အလုပ္သမားမ်ား ေငြလံုးေငြရင္း အက်ိဳးခံစားခြင့္ေပးအပ္ေငြကို အျမန္ဆံုးထုတ္ေပးႏုိင္ရန္ လုပ္ေဆာင္မည္ဟု ဆုိသည္။

‘‘ဒုတိယပိုင္းအေနနဲ႔ အက်ိဳးခံစားခြင့္ေတြကုိ MPU ကတ္ေတြရွိရင္ အဲဒီမွာ တစ္ခါတည္း ထည့္ေပးလိုက္မယ္။ သူ႔ဘာသာႀကိဳက္တဲ့ေနရာမွာထုတ္။ အဲဒီလိုလုပ္မယ္’’ဟု ဦးထြန္းသန္းက ေျပာ သည္။

လူမူဖူလံုေရးအာမခံသည္ အလုပ္သမားက ၎ရရွိသည့္ လစာ၏ ၂ ရာခုိင္ႏႈန္းႏွင့္ အလုပ္ရွင္က ၃ ရာခုိင္ႏႈန္းလစဥ္ထည့္၀င္ရျခင္းျဖစ္သည္။

က်န္းမာေရးအတြက္ ေဆးကုသရန္ လုိအပ္ေသာ အာမခံအလုပ္သမားမ်ားသည္ သက္ဆုိင္ရာလူမႈဖူလံုေရးေဆးခန္းမ်ား၊ အလုပ္သမားေဆး႐ံုမ်ားတြင္ အခမဲ့ေဆး၀ါးကုသမႈခံယူႏုိင္ၿပီး ျပင္ပအစိုးရေဆး႐ံုမ်ား၌ ကုသရန္ လိုအပ္ပါက ကုသမႈအတြက္ ကုန္က်သည့္ ေဆးဖိုးစရိတ္မ်ား ျပန္လည္ထုတ္ေပးေနေၾကာင္း သတင္းရရွိသည္။

ျမန္မာႏုိင္ငံတြင္ လူမႈဖူလံုေၾကးလစဥ္ေပးေဆာင္ေနသည့္ အာမခံအလုပ္သမားဦးေရ တစ္သန္းခန္႔ရွိေၾကာင္း လူမႈဖူလံုေရးအဖဲြ႕ထုတ္ျပန္ခ်က္စာရင္းမ်ားအရ သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
လူမှုဖူလုံရေးအာမခံစိစစ်ရေးယာယီကတ်ပြား။ (ဓာတ်ပုံ-ကျော်ဇင်သန်း)

လူမှုဖူလုံရေး လစဉ်အာမခံကြေးငွေများကို ပုဂ္ဂလိကဘဏ်များမှတစ်ဆင့် ပေးသွင်းနိုင်ရန်နှင့် ငွေလုံးငွေရင်းအကျိုးခံစားခွင့်များကို MPU ကတ်မှတစ်ဆင့် ပေးအပ်နိုင်ရန် စီစဉ်နေကြောင်း လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းသန်းက ပြောကြားသည်။

အလုပ်ဌာနများ၊ ကုမ္ပဏီများသည် လူမှုဖူလုံရေးလစဉ်ကြေး ကျပ်ငါးသိန်းကျော်ပါက သက်ဆိုင်ရာလူမှုဖူလုံရေးရုံးတွင် စာရင်းသွင်းစစ်ဆေးခံရပြီး၊ မြန်မာ့စီးပွားရေးဘဏ်တွင် အာမခံကြေးသွားရောက်ပေးသွင်းကာ ဘဏ်မှ ငွေသွင်းပြေစာကို လူမှုဖူလုံရေးရုံးသို့ ပြန်လည်ပေးအပ်ကာ ငွေရပြေစာပေးသွင်းစေခြင်း ဖြစ်သည်။

ငွေပေးသွင်းရာတွင် အချို့အလုပ်ဌာနများသည် မြန်မာ့စီးပွားရေးဘဏ်နှင့် အလှမ်းဝေးနေခြင်းကြောင့် သတ်မှတ်ရက်အတွင်းမြန်ဆန်စွာ အာမခံကြေးပေးသွင်းနိုင်ရန် ပုဂ္ဂလိကဘဏ်များနှင့် ချိတ်ဆက်ထားသည်ဟု ဦးထွန်းသန်းက ပြောသည်။

‘‘ဘဏ်ကြီးတွေဖြစ်တဲ့ ကမ္ဘောဇဘဏ်တို့၊ ဧရာဝတီတို့၊အမရာတို့၊ စီဘီဘဏ်တို့နဲ့ ဆက်သွယ်ပြီး သွင်းနိုင်အောင်၊ အိုကေဒေါ်လာတို့ ဘာတို့ဆိုရင်လည်း အဲဒီလိုဆက်သွယ်ပြီး လုပ်လိုက်ရင်ငွေသွင်းတာပိုပြီး မြန်ဆန်လာမှာပေါ့လေ’’ဟု ဦးထွန်းသန်းကပြောသည်။

ဘဏ်များနှင့်ချိတ်ဆက်၍ ငွေပေးသွင်းစေမှုကို ပထမအဆင့်လုပ်ဆောင်နိုင်ပြီးပါက ဒုတိယအဆင့်အနေဖြင့် အကြောင်းတစ်စုံတစ်ရာကြောင့် လုပ်ငန်းခွင်အတွင်းထိခိုက်သေဆုံး ဒဏ်ရာရရှိသည့် အလုပ်သမားများ ငွေလုံးငွေရင်း အကျိုးခံစားခွင့်ပေးအပ်ငွေကို အမြန်ဆုံးထုတ်ပေးနိုင်ရန် လုပ်ဆောင်မည်ဟု ဆိုသည်။

‘‘ဒုတိယပိုင်းအနေနဲ့ အကျိုးခံစားခွင့်တွေကို MPU ကတ်တွေရှိရင် အဲဒီမှာ တစ်ခါတည်း ထည့်ပေးလိုက်မယ်။ သူ့ဘာသာကြိုက်တဲ့နေရာမှာထုတ်။ အဲဒီလိုလုပ်မယ်’’ဟု ဦးထွန်းသန်းက ပြော သည်။

လူမူဖူလုံရေးအာမခံသည် အလုပ်သမားက ၎င်းရရှိသည့် လစာ၏ ၂ ရာခိုင်နှုန်းနှင့် အလုပ်ရှင်က ၃ ရာခိုင်နှုန်းလစဉ်ထည့်ဝင်ရခြင်းဖြစ်သည်။

ကျန်းမာရေးအတွက် ဆေးကုသရန် လိုအပ်သော အာမခံအလုပ်သမားများသည် သက်ဆိုင်ရာလူမှုဖူလုံရေးဆေးခန်းများ၊ အလုပ်သမားဆေးရုံများတွင် အခမဲ့ဆေးဝါးကုသမှုခံယူနိုင်ပြီး ပြင်ပအစိုးရဆေးရုံများ၌ ကုသရန် လိုအပ်ပါက ကုသမှုအတွက် ကုန်ကျသည့် ဆေးဖိုးစရိတ်များ ပြန်လည်ထုတ်ပေးနေကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံတွင် လူမှုဖူလုံကြေးလစဉ်ပေးဆောင်နေသည့် အာမခံအလုပ်သမားဦးရေ တစ်သန်းခန့်ရှိကြောင်း လူမှုဖူလုံရေးအဖွဲ့ထုတ်ပြန်ချက်စာရင်းများအရ သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top