Kantharyar Centre
×




Credit: 7 day daily

#Unicode Version

အင်ချောင် မက်ထရိုပိုလီ ကန်မြို့တွင် အောက်တိုဘာ ၁၅ ရက်ကကျင်းပသော မြို့တော် သားများနေ့ပွဲတော်၌ မိန်းကလေး အဆိုရှင်များ Lovelyz အဖွဲ့အား ယင်းမြို့၏ ပြောရေးဆိုခွင့်ရ အဖွဲ့အဖြစ် ခန့်အပ်လိုက်သည်။

Lovely Z အဖွဲ့မှ Kei, Seo Ji Soo နှင့် Jeong Ye In တို့သည် အင်ချောင်မြို့တွင်ကြီးပြင်းခဲ့ပြီး မွေးရပ်မြို့အကြောင်း သတင်း စကား ကောင်းစွာဖြန့်ချိနိုင်မည် ဖြစ်၍ ၎င်းတို့အား မြို့ကိုယ်စားပြု အဖွဲ့အဖြစ် ခန့်အပ်ခြင်းသည် ပိုမို အဓိပ္ပာယ်ပြည့်ဝခဲ့သည်။

အင်ချောင်မြို့တော်ဝန် ယူ ဂျွန်ဆွတ်ကိုယ်တိုင် Lovely Z အဖွဲ့အား ပြောရေးဆိုခွင့်ရအဖွဲ့ အဖြစ် ခန့်အပ်ခဲ့ရ၍ ပျော်ရွှင် ကြောင်းနှင့် မိမိတို့မြို့အကြောင်း သတင်းကောင်းဖြန့်ချိရာတွင် အရေးပါသောကဏ္ဍမှပါဝင်မည်ဟု မျှော်လင့်ကြောင်းပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top