Kantharyar Centre
×

အေမရိကန္ နာမည္ႀကီးအဆိုေတာ္ John Legend သည္ သံုးႏွစ္အတြင္း ၎၏ ပထမဆံုး သီခ်င္းသစ္ျဖစ္ေသာ Love Me Now သီခ်င္းကို  မိတ္ ဆက္လိုက္သည္။

ဂြၽန္လက္ဂ်န္႔ (၃၇)ႏွစ္က သီခ်င္းသစ္ Love Me Now သီခ်င္းအား သီဆိုေနပံု ဗီဒီယိုကို ၎၏အင္စတာဂရမ္အေကာင့္မွ တစ္ ဆင့္ မိတ္ဆက္ခဲ့ျခင္းျဖစ္သည္။

‘‘ကြၽန္ေတာ့္ရဲ႕ သီခ်င္းသစ္ ကို ေသာၾကာေန႔မွာ မိတ္ဆက္ လိုက္ပါတယ္။ ေဖ့စ္ဘြတ္ခ္မွာ လည္း ၾကည့္လို႔ရပါတယ္’’ဟု ဂြၽန္လက္ဂ်န္႔က ေရးသားေဖာ္ျပခဲ့ သည္။ယင္းသီခ်င္းသစ္ကို မိတ္ ဆက္ၿပီးေနာက္ All of me သီခ်င္းျဖင့္ နာမည္ႀကီးသူ ဂြၽန္လက္ဂ်န႔္ က ပရိသတ္မ်ားႏွင့္ အေမးအေျဖ ျပဳလုပ္ခဲ့ၿပီး ၎၏ေနာက္ထြက္ မည့္ ေတးအယ္လ္ဘမ္သစ္ Darkenss & Light သည္ အေကာင္းဆံုးဖန္တီးအားထုတ္မႈ ျဖစ္သည္ဟု ေျပာသည္။

ထြက္ရွိမည့္ရက္ မသတ္ မွတ္ရေသးေသာ ယင္းေတး အယ္လ္ဘမ္သစ္တြင္ အယ္လာ ဘာမားရွိတ္ခ္၊ မီဂူးလ္ႏွင့္ ဘလိခ္ ေမးလ္စသည့္ အဆိုေတာ္မ်ား လည္း ပါဝင္အားျဖည့္ထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

အမေရိကန် နာမည်ကြီးအဆိုတော် John Legend သည် သုံးနှစ်အတွင်း ၎င်း၏ ပထမဆုံး သီချင်းသစ်ဖြစ်သော Love Me Now သီချင်းကို  မိတ် ဆက်လိုက်သည်။

ဂျွန်လက်ဂျန့် (၃၇)နှစ်က သီချင်းသစ် Love Me Now သီချင်းအား သီဆိုနေပုံ ဗီဒီယိုကို ၎င်း၏အင်စတာဂရမ်အကောင့်မှ တစ် ဆင့် မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။

‘‘ကျွန်တော့်ရဲ့ သီချင်းသစ် ကို သောကြာနေ့မှာ မိတ်ဆက် လိုက်ပါတယ်။ ဖေ့စ်ဘွတ်ခ်မှာ လည်း ကြည့်လို့ရပါတယ်’’ဟု ဂျွန်လက်ဂျန့်က ရေးသားဖော်ပြခဲ့ သည်။ယင်းသီချင်းသစ်ကို မိတ် ဆက်ပြီးနောက် All of me သီချင်းဖြင့် နာမည်ကြီးသူ ဂျွန်လက်ဂျန့် က ပရိသတ်များနှင့် အမေးအဖြေ ပြုလုပ်ခဲ့ပြီး ၎င်း၏နောက်ထွက် မည့် တေးအယ်လ်ဘမ်သစ် Darkenss & Light သည် အကောင်းဆုံးဖန်တီးအားထုတ်မှု ဖြစ်သည်ဟု ပြောသည်။

ထွက်ရှိမည့်ရက် မသတ် မှတ်ရသေးသော ယင်းတေး အယ်လ်ဘမ်သစ်တွင် အယ်လာ ဘာမားရှိတ်ခ်၊ မီဂူးလ်နှင့် ဘလိခ် မေးလ်စသည့် အဆိုတော်များ လည်း ပါဝင်အားဖြည့်ထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily



 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top