Property Expo
×

ျပည္ပႏိုင္ငံေတြကုိ သြားေရာက္ၿပီး အလုပ္လုပ္ကုိင္မယ္သူေတြကုိ လာမယ့္ ၂၀၁၇ ဇန္န၀ါရီ ၁ ရက္ေန႔ကေနစၿပီး Job Passport အေနနဲ႔ပဲ သြားေရာက္ ခြင့္ျပဳေတာ့မွာ ျဖစ္ၿပီး လက္ရွိအသံုးျပဳေနတဲ့ Visit Passport အစား အလုပ္သမားေတြနဲ႔ ခရီးသြားေတြကုိ ခဲြျခားစိစစ္ႏိုင္ဖို႔ Job Passport ကုိထုတ္ေပးသြားေတာ့မယ္လုိ႔ သိရပါတယ္။

"Job Passport နဲ႔က လက္ရွိလည္း ေစလႊတ္ခြင့္ေပးထားတယ္၊ အရင္ကတည္းကလည္း Job Passport နဲ႔ လႊတ္ခြင့္ေပးထားၿပီးသားပါ။ ဒါေပမဲ့အားလံုးက လုပ္ရတာအဆင္ေျပလြယ္ကူတဲ့ Visit Passport ပဲ အလုပ္မ်ားတယ္။ ဟိုဘက္ႏုိင္ငံေတြက လက္ခံေတာ့ ဒါကိုမသိမသာနဲ႔ဆက္ ၿပီးလုပ္လာၾကတာေပါ့။ Job Passport အဆို အလုပ္ေခၚစာျပရမယ္၊ ေအ ဂ်င္စီနာမည္၊ ဒါေတြေပါ့၊ မျပႏုိင္ရင္ေတာ့ ေပးမွာမဟုတ္ဘူး။ အဲ့ဒီလိုမ်ိဳး ေတြစိစစ္ႏိုင္မွာေပါ့"လို႔ အလုပ္သမား၊ လူ၀င္မႈႀကီး ၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား၀န္ႀကီးဌာန အၿမဲတမ္းအတြင္း၀န္ ဦးမ်ိဳးေအာင္က ေျပာပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ မေလးရွားႏုိင္ငံကုိ Visit Passport နဲ႔သြားေရာက္ လုပ္ကိုင္သူေတြရွိေနၿပီး အလုပ္အကိုင္မရရွိဘဲ ျပန္လည္ေစလႊတ္ခံေနရတာေတြရွိေနတဲ့အျပင္  အလုပ္သမားပို႔ေအဂ်င္စီ အခ်ိဳ႕ကလည္း ခရီးသြား၀န္ေဆာင္မႈလိုင္စင္မ်ားပါ ယူေဆာင္ထားၿပီး အလုပ္သမားမ်ားကို စမတ္ကတ္ မျဖတ္ခ်င္တာေၾကာင့္ Visit Passport နဲ႔ပဲ ခရီးသြားပံုစံနဲ႔ လုပ္သားပို႔ေနတာေတြ ပါရွိလာတယ္လုိ႔  ဦးမ်ိဳးေအာင္က ေျပာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

ပြည်ပနိုင်ငံတွေကို သွားရောက်ပြီး အလုပ်လုပ်ကိုင်မယ်သူတွေကို လာမယ့် ၂၀၁၇ ဇန်နဝါရီ ၁ ရက်နေ့ကနေစပြီး Job Passport အနေနဲ့ပဲ သွားရောက် ခွင့်ပြုတော့မှာ ဖြစ်ပြီး လက်ရှိအသုံးပြုနေတဲ့ Visit Passport အစား အလုပ်သမားတွေနဲ့ ခရီးသွားတွေကို ခွဲခြားစိစစ်နိုင်ဖို့ Job Passport ကိုထုတ်ပေးသွားတော့မယ်လို့ သိရပါတယ်။

"Job Passport နဲ့က လက်ရှိလည်း စေလွှတ်ခွင့်ပေးထားတယ်၊ အရင်ကတည်းကလည်း Job Passport နဲ့ လွှတ်ခွင့်ပေးထားပြီးသားပါ။ ဒါပေမဲ့အားလုံးက လုပ်ရတာအဆင်ပြေလွယ်ကူတဲ့ Visit Passport ပဲ အလုပ်များတယ်။ ဟိုဘက်နိုင်ငံတွေက လက်ခံတော့ ဒါကိုမသိမသာနဲ့ဆက် ပြီးလုပ်လာကြတာပေါ့။ Job Passport အဆို အလုပ်ခေါ်စာပြရမယ်၊ အေ ဂျင်စီနာမည်၊ ဒါတွေပေါ့၊ မပြနိုင်ရင်တော့ ပေးမှာမဟုတ်ဘူး။ အဲ့ဒီလိုမျိုး တွေစိစစ်နိုင်မှာပေါ့"လို့ အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောပါတယ်။

လက်ရှိအချိန်မှာတော့ မလေးရှားနိုင်ငံကို Visit Passport နဲ့သွားရောက် လုပ်ကိုင်သူတွေရှိနေပြီး အလုပ်အကိုင်မရရှိဘဲ ပြန်လည်စေလွှတ်ခံနေရတာတွေရှိနေတဲ့အပြင်  အလုပ်သမားပို့အေဂျင်စီ အချို့ကလည်း ခရီးသွားဝန်ဆောင်မှုလိုင်စင်များပါ ယူဆောင်ထားပြီး အလုပ်သမားများကို စမတ်ကတ် မဖြတ်ချင်တာကြောင့် Visit Passport နဲ့ပဲ ခရီးသွားပုံစံနဲ့ လုပ်သားပို့နေတာတွေ ပါရှိလာတယ်လို့  ဦးမျိုးအောင်က ပြောပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top