Kantharyar Centre
×









Credit:Duwun

Unicode Version

တူရကီမှာနေထိုင်တဲ့ အာဒဂန်စီရန်ဟာ သူ့ကိုယ်သူ သတ်သေတဲ့အချိန်မှာ တစ်ကမ္ဘာလုံး မြင်အောင် တိုက်ရိုက်လွှင့်တင်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ် အာဒဂန်ဟာ ရည်းစားနဲ့ကွဲလို့ ကိုယ့်ကိုယ်ကိုယ်သတ်သေတော့မယ်လို့ ကင်မရာကိုကြည့်ပြီး ရှင်းပြခဲ့ပါတယ်။

ဗီဒီယိုဖိုင်ပြသနေချိန် ၃၆ စက္ကန့်အကြာမှာ သေနတ်သံလို့ ယူဆရတဲ့ ကျယ်လောင်တဲ့အသံကြီးတစ်သံ ထွက်လာပြီး ဗီဒီယိုက

အမည်းရောင်ပြောင်းသွားကာ နောက်မိနစ်အနည်းငယ်အကြာမှာ ရပ်သွားခဲ့ပါတယ်။

ဗီဒီယိုဟာ Live လွှင့်တာဖြစ်တဲ့အတွက် လူတွေက သူ့ကို သတ်မသေဖို့ ကွန်မန့်တွေကနေ တိုက်တွန်းခဲ့ပါတယ်။

"ကျွန်တော့်ကိုယ်ကျွန်တော် သတ်သေမယ်ပြောတော့ ဘယ်သူမှ မယုံခဲ့ကြဘူး..အဲဒီတော့ ကြည့်ထားကြ" လို့ အာဒဂန်က ပြောပါတယ်။

တူရကီမီဒီယာရဲ့ အဆိုအရ သူ့ရဲ့ဆွေမျိုးတွေဟာ အသံကြားတဲ့အတွက် သူ့ကို ရှာတွေ့ခဲ့ကြပေမဲ့ ဆေးရုံမှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

အာဒဂန်ဟာ အသည်းကွဲနေတယ်လို့ပြောပြီး သူအသည်းကွဲတဲ့အကြောင်းကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ လေးငါးကြိမ် တင်ခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:Duwun




 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top