Kantharyar Centre
×

ၾသစေၾတးလ်ႏုိင္ငံမွာ လိင္တူခ်င္းလက္ထပ္ထိမ္းျမားမႈ တရားဝင္မျဖစ္မခ်င္း လက္မထပ္ဘူးလုိ႔ ၾသစေၾတးလ်ႏုိင္ငံသား အဆိုေတာ္ Kylie Minogue နဲ႔ သူမနဲ႔ေစ့စပ္ထားသူ ျဗိတိသွ်ရုပ္ရွင္မင္းသား Joshua Sasse တုိ႔က ေျပာဆုိခဲ့ပါတယ္။ ေဖေဖာ္ဝါရီလက ေစ့စပ္ထားတဲ့ အဆုိပါစုံတြဲဟာ မယ္လ္ဘုန္းျမိဳ႕ Minogue ေနအိမ္မွာ လက္ထပ္ဖုိ႔ ဆႏၵရိွတယ္လုိ႔ ေျပာဆိုခဲ့ေၾကာင္း Guardian သတင္းမွာ ေဖာ္ျပထားပါတယ္။

မယ္လ္ဘုန္းမွာ မဂၤလာေဆာင္ပြဲ က်င္းပျပဳလုပ္ႏုိင္ဖြယ္ရိွေပမယ့္ ၾသစေၾတးလ်ႏုိင္ငံမွာ ဒီဥပေဒ အတည္မျပဳမခ်င္း လက္ထပ္ၾကမွာ မဟုတ္ဘူးလုိ႔ Sasse က ၾသစေၾတးလ်ရုပ္ျမင္သံၾကားလုိင္း Network Seven ကို ေျပာျပခဲ့ပါတယ္။ ၾသစေၾတးလ်ႏုိင္ငံမွာ အဲဒီစုံတြဲရဲ႕ လိင္တူလက္ထပ္ျခင္း ေထာက္ခံအားေပးမႈကို ဟုတ္မွန္တဲ့အတုိင္းေျဗာင္ ေျပာဆိုခဲ့ပါတယ္။

လက္ထပ္ထိမ္းျမားခြင့္ တန္းတူျဖစ္ေရးအတြက္ တုိက္ပြဲဝင္ေနတဲ့ အဖြဲ႔အစည္းအမ်ဳိးမ်ဳိးကို ေထာက္ခံအားေပးတဲ့ စည္းရုံးလႈ႔ံေဆာ္မႈတစ္ခု Sasseက ျပဳလုပ္ခဲ့ပါတယ္။ "ၾသစေၾတးလ်ႏုိင္ငံမွာ လိင္တူလက္ထပ္ျခင္း တရားဝင္မျဖစ္ေသးတာ သိေတာ့ အံ့အားသင့္မိတယ္" လုိ႔ သူက စည္းရုံးလႈံ႔ေဆာ္မႈဝက္ဘ္ဆုိဒ္မွာ ေဖာ္ျပခဲ့ပါတယ္။

ၾသစေၾတးလ်ရုပ္ရွင္မင္းသမီး Margot Robbie ကလည္း ေရာင္စုံ ၾသစေၾတလ်ေျမပုံပါဝင္တဲ့ စည္းရုံးလႈံ႔ေဆာ္မႈ တီရွပ္အက်ီၤ ဝတ္ဆင္ခါ ဆႏၵထုတ္ေဖာ္ထားတာ ေတြ႔ရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Trend Myanmar

#Unicode Version

သြစတြေးလျနိုင်ငံမှာ လိင်တူချင်းလက်ထပ်ထိမ်းမြားမှု တရားဝင်မဖြစ်မချင်း လက်မထပ်ဘူးလို့ သြစတြေးလျနိုင်ငံသား အဆိုတော် Kylie Minogue နဲ့ သူမနဲ့စေ့စပ်ထားသူ ဗြိတိသျှရုပ်ရှင်မင်းသား Joshua Sasse တို့က ပြောဆိုခဲ့ပါတယ်။ ဖေဖော်ဝါရီလက စေ့စပ်ထားတဲ့ အဆိုပါစုံတွဲဟာ မယ်လ်ဘုန်းမြို့ Minogue နေအိမ်မှာ လက်ထပ်ဖို့ ဆန္ဒရှိတယ်လို့ ပြောဆိုခဲ့ကြောင်း Guardian သတင်းမှာ ဖော်ပြထားပါတယ်။

မယ်လ်ဘုန်းမှာ မင်္ဂလာဆောင်ပွဲ ကျင်းပပြုလုပ်နိုင်ဖွယ်ရှိပေမယ့် သြစတြေးလျနိုင်ငံမှာ ဒီဥပဒေ အတည်မပြုမချင်း လက်ထပ်ကြမှာ မဟုတ်ဘူးလို့ Sasse က သြစတြေးလျရုပ်မြင်သံကြားလိုင်း Network Seven ကို ပြောပြခဲ့ပါတယ်။ သြစတြေးလျနိုင်ငံမှာ အဲဒီစုံတွဲရဲ့ လိင်တူလက်ထပ်ခြင်း ထောက်ခံအားပေးမှုကို ဟုတ်မှန်တဲ့အတိုင်းဗြောင် ပြောဆိုခဲ့ပါတယ်။

လက်ထပ်ထိမ်းမြားခွင့် တန်းတူဖြစ်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်းအမျိုးမျိုးကို ထောက်ခံအားပေးတဲ့ စည်းရုံးလှုံ့ဆော်မှုတစ်ခု Sasseက ပြုလုပ်ခဲ့ပါတယ်။ "သြစတြေးလျနိုင်ငံမှာ လိင်တူလက်ထပ်ခြင်း တရားဝင်မဖြစ်သေးတာ သိတော့ အံ့အားသင့်မိတယ်" လို့ သူက စည်းရုံးလှုံ့ဆော်မှုဝက်ဘ်ဆိုဒ်မှာ ဖော်ပြခဲ့ပါတယ်။

သြစတြေးလျရုပ်ရှင်မင်းသမီး Margot Robbie ကလည်း ရောင်စုံ သြစတြေလျမြေပုံပါဝင်တဲ့ စည်းရုံးလှုံ့ဆော်မှု တီရှပ်အကျီၤ ဝတ်ဆင်ခါ ဆန္ဒထုတ်ဖော်ထားတာ တွေ့ရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top