Property Expo
×

မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕၊ သီရိၿမိဳင္ရပ္ကြက္ရွိ အမွတ္ (၁) မူလြန္ေက်ာင္းတြင္ ပညာသင္ၾကားေနသည့္ ေမာင္ ေဝယံမင္းဆက္အား အတန္းပိုင္ဆရာမမွ ခဲတံခိုးသည္ဟု စြပ္စြဲကာ ရိုက္ႏွက္ခဲ့ျခင္းေၾကာင့္ အတန္းပိုင္ ဆရာမကို အေရးယူေပးပါရန္ ေအာက္တိုဘာလ ၁၁ ရက္ေန႔က အုပ္ထိန္းသူမွ မြန္ျပည္နယ္လႊတ္ေတာ္ တိုင္ ၾကားစာေကာ္မတီသို႔ တိုင္ၾကားစာေပးပို႔ထားေၾကာင္း သိရသည္။

ေက်ာင္းတာဝန္ရွိသူႏွင့္ ေမာ္လၿမိဳင္ၿမိဳ႕ ၿမိဳ႕နယ္ပညာေရးမွုး႐ုံးအပါအဝင္ ျပည္နယ္ပညာေရးမွုး႐ုံးသို႔ တိုင္းၾကား ထားေသာ္လည္း တစုံတရာ အေရးယူေဆာင္ရြက္ေပးမွုမရွိ၍ ယခုလို လႊတ္ေတာ္သို႔ တိုင္ၾကားရျခင္းျဖစ္သည္ ဟု ေမာင္ေဝယံမင္းဆက္၏ အုပ္ထိန္းသူျဖစ္သည့္ အဘြားျဖစ္သူေဒၚခင္ၾကည္က ေျပာသည္။

ေဒၚခင္ၾကည္က “ေစာေစာပိုင္းကေတာ့ က်မက အတန္းပိုင္ဆရာမကို တျခားေက်ာင္းကို ေျပာင္းေပးဘို႔ ေတာင္း ဆိုတာပါ။ အတန္းပိုင္ဆရာမက ခေလးကို ႀကိမ္နဲ႔တအားရိုက္ထားေတာ့ ဆရာမကိုေၾကာက္ၿပီး ေက်ာင္းဆက္ မ တက္ရဲတာ။ အခုက သက္ဆိုင္ရာတာဝန္ရွိတဲ့ ပညာေရးဌာနက ဘာတစ္ခုမွ အေရးယူေဆာင္ရြက္ေပးမွုမရွိတဲ့ အတြက္ေၾကာင့္ လႊတ္ေတာ္ကို တိုင္ၾကားရျခင္းျဖစ္တယ္” ဟု ဆိုသည္။

ကေလးသူငယ္မ်ားသည္ နိုင္ငံ၏သားေကာင္း/သမီးေကာင္းမ်ား ျဖစ္ၾကၿပီး ဘာမၽွနားမလည္ေသးသည့္ ကေလး ငယ္တစ္ဦးအား သက္ေသအေထာက္အထားမခိုင္လုံပဲ သူခိုးတစ္ဦးကဲ့သို႔ စြပ္စြဲကာ မတရားညႇင္းပန္းႏွိပ္စက္ ျခင္းမွာ ကေလးငယ္၏ အနာဂတ္ကို ဖ်က္ဆီးျခင္းႏွင့္ တူေနပါတယ္ဟု ေဒၚခင္ၾကည္က ဆက္ေျပာသည္။

ေမာ္လၿမိဳင္ၿမိဳ႕နယ္ ပညာေရးမွုး ေဒၚၾကည္ဝင္းက “က်မတို႔က ဒီကိစၥကို ေၾကးေအးေပးဘို႔ ကေလးအဘြာနဲ႔ ေဆြး ေႏြးထားတာရွိတယ္။ အတန္ပိုင္ဆရာမကိုလည္း ေနာက္တခါ ဒီလိုမဆုံးမမိဘို႔ကိုလည္း ခံဝန္ကတိေပး ထိုးထား ပါတယ္” ဟု ဆိုသည္။

Kindergarten အတန္းကို သင္ၾကားရန္အတြက္ Kindergarten သင္တန္းကို တက္ထားေသာ ဆရာသာ သင္ ၾကားခြင့္ရွိၿပီး ကေလးအုပ္ထိန္းသူဘက္မွ ေတာင္းဆိုထားသည့္ အတန္းပိုင္ဆရာမအား ေက်ာင္းေျပာင္းေပးရန္ ကိစၥမသင့္ေလၽွာ္ေၾကာင္း၊ အဆိုပါ ေက်ာင္းတြင္ KINDERGARTEN အတန္း ၂ ခန္းရွိေသာေၾကာင့္ ကေလးအား အခန္းေျပာင္းေပးရန္ အႀကံျပဳထားေၾကာင္း ေဒၚၾကည္ဝင္းက ဆက္ေျပာသည္။

အတန္းပိုင္ဆရာမမွ ေမာင္ေဝယံမင္းဆက္အား စက္တင္ဘာလ ၆ ရက္ေန႔က ရိုက္ႏွက္ခဲ့၍ အဆိုပါေန႔မွစၿပီး ေမာင္ေဝယံမင္းဆက္သည္ ယေန႔ထိ ဆရာမကို ေၾကာက္စိတ္ဝင္ေနၿပီး စာသင္ေက်ာင္းသို႔ မတက္ေရာက္ေသး ေၾကာင္း လႊတ္ေတာ္တိုင္ၾကားစာတြင္ ထည့္သြင္းေဖာ္ျပထားသည္။

ေမာင္ေဝယံမင္းဆက္သည္ အသက္ ၅ ႏွစ္ခြဲရွိၿပီး အတန္းပိုင္ဆရာမ၏ ရိုက္ႏွက္မွုေၾကာင့္ မ်က္လုံး၊ ေက်ာ၊ တင္ ပါး၊ ေခါင္းတို႔တြင္ ဒဏ္ရာရရွိခဲ့သည့္အျပင္ စိတ္ပိုင္းဆိုင္ရာလည္း ထိခိုက္မွုရရွိခဲ့သည္ဟု တိုင္စာတြင္ ေဖာ္ျပပါ ရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:မြန္သတင္းေအဂ်င္စီ

#Unicode Version
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်ရှိ အမှတ် (၁) မူလွန်ကျောင်းတွင် ပညာသင်ကြားနေသည့် မောင် ဝေယံမင်းဆက်အား အတန်းပိုင်ဆရာမမှ ခဲတံခိုးသည်ဟု စွပ်စွဲကာ ရိုက်နှက်ခဲ့ခြင်းကြောင့် အတန်းပိုင် ဆရာမကို အရေးယူပေးပါရန် အောက်တိုဘာလ ၁၁ ရက်နေ့က အုပ်ထိန်းသူမှ မွန်ပြည်နယ်လွှတ်တော် တိုင် ကြားစာကော်မတီသို့ တိုင်ကြားစာပေးပို့ထားကြောင်း သိရသည်။

ကျောင်းတာဝန်ရှိသူနှင့် မော်လမြိုင်မြို့ မြို့နယ်ပညာရေးမှုးရုံးအပါအဝင် ပြည်နယ်ပညာရေးမှုးရုံးသို့ တိုင်းကြား ထားသော်လည်း တစုံတရာ အရေးယူဆောင်ရွက်ပေးမှုမရှိ၍ ယခုလို လွှတ်တော်သို့ တိုင်ကြားရခြင်းဖြစ်သည် ဟု မောင်ဝေယံမင်းဆက်၏ အုပ်ထိန်းသူဖြစ်သည့် အဘွားဖြစ်သူဒေါ်ခင်ကြည်က ပြောသည်။

ဒေါ်ခင်ကြည်က “စောစောပိုင်းကတော့ ကျမက အတန်းပိုင်ဆရာမကို တခြားကျောင်းကို ပြောင်းပေးဘို့ တောင်း ဆိုတာပါ။ အတန်းပိုင်ဆရာမက ခလေးကို ကြိမ်နဲ့တအားရိုက်ထားတော့ ဆရာမကိုကြောက်ပြီး ကျောင်းဆက် မ တက်ရဲတာ။ အခုက သက်ဆိုင်ရာတာဝန်ရှိတဲ့ ပညာရေးဌာနက ဘာတစ်ခုမှ အရေးယူဆောင်ရွက်ပေးမှုမရှိတဲ့ အတွက်ကြောင့် လွှတ်တော်ကို တိုင်ကြားရခြင်းဖြစ်တယ်” ဟု ဆိုသည်။

ကလေးသူငယ်များသည် နိုင်ငံ၏သားကောင်း/သမီးကောင်းများ ဖြစ်ကြပြီး ဘာမျှနားမလည်သေးသည့် ကလေး ငယ်တစ်ဦးအား သက်သေအထောက်အထားမခိုင်လုံပဲ သူခိုးတစ်ဦးကဲ့သို့ စွပ်စွဲကာ မတရားညှင်းပန်းနှိပ်စက် ခြင်းမှာ ကလေးငယ်၏ အနာဂတ်ကို ဖျက်ဆီးခြင်းနှင့် တူနေပါတယ်ဟု ဒေါ်ခင်ကြည်က ဆက်ပြောသည်။

မော်လမြိုင်မြို့နယ် ပညာရေးမှုး ဒေါ်ကြည်ဝင်းက “ကျမတို့က ဒီကိစ္စကို ကြေးအေးပေးဘို့ ကလေးအဘွာနဲ့ ဆွေး နွေးထားတာရှိတယ်။ အတန်ပိုင်ဆရာမကိုလည်း နောက်တခါ ဒီလိုမဆုံးမမိဘို့ကိုလည်း ခံဝန်ကတိပေး ထိုးထား ပါတယ်” ဟု ဆိုသည်။

Kindergarten အတန်းကို သင်ကြားရန်အတွက် Kindergarten သင်တန်းကို တက်ထားသော ဆရာသာ သင် ကြားခွင့်ရှိပြီး ကလေးအုပ်ထိန်းသူဘက်မှ တောင်းဆိုထားသည့် အတန်းပိုင်ဆရာမအား ကျောင်းပြောင်းပေးရန် ကိစ္စမသင့်လျှော်ကြောင်း၊ အဆိုပါ ကျောင်းတွင် KINDERGARTEN အတန်း ၂ ခန်းရှိသောကြောင့် ကလေးအား အခန်းပြောင်းပေးရန် အကြံပြုထားကြောင်း ဒေါ်ကြည်ဝင်းက ဆက်ပြောသည်။

အတန်းပိုင်ဆရာမမှ မောင်ဝေယံမင်းဆက်အား စက်တင်ဘာလ ၆ ရက်နေ့က ရိုက်နှက်ခဲ့၍ အဆိုပါနေ့မှစပြီး မောင်ဝေယံမင်းဆက်သည် ယနေ့ထိ ဆရာမကို ကြောက်စိတ်ဝင်နေပြီး စာသင်ကျောင်းသို့ မတက်ရောက်သေး ကြောင်း လွှတ်တော်တိုင်ကြားစာတွင် ထည့်သွင်းဖော်ပြထားသည်။

မောင်ဝေယံမင်းဆက်သည် အသက် ၅ နှစ်ခွဲရှိပြီး အတန်းပိုင်ဆရာမ၏ ရိုက်နှက်မှုကြောင့် မျက်လုံး၊ ကျော၊ တင် ပါး၊ ခေါင်းတို့တွင် ဒဏ်ရာရရှိခဲ့သည့်အပြင် စိတ်ပိုင်းဆိုင်ရာလည်း ထိခိုက်မှုရရှိခဲ့သည်ဟု တိုင်စာတွင် ဖော်ပြပါ ရှိသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:မွန်သတင်းအေဂျင်စီ
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top