Property Expo
×





Credit : Duwun


#Unicode Version

တရုတ်နိုင်ငံရဲ့ အကြီးဆုံး စက်ပစ္စည်းကုမ္ပဏီကြီး CH-Auto Technology ဟာ ကားတည်ဆောက်မှုဘက်ကိုပါ ဖြန့်ကျက်လာပါတယ်။ သူတို့ရဲ့ ပထမဆုံးကားကို အမေရိကားဈေးကွက်ဆီ ပို့ဖို့ ရည်ရွယ်ထားပြီး ကားရဲ့ပုံစံကလည်း အမေရိကားမှာ ဝင်တိုးရလောက်အောင် အမိုက်စားဖြစ်ပါတယ်။

လျှပ်စစ်ပြိုင်ကားဖြစ်ပေမဲ့  Tesla Motors ထုတ်ကားတွေနဲ့ လုံးဝမတူတဲ့ ဒီကားကို K50 လို့ အမည်ပေးထားပါတယ်။ အဆိုပါကားကို ၂၀၁၆ ဘေဂျင်းကားပြပွဲမှာလည်း အမိုးဖွင့် ပုံစံနဲ့ပါ နှစ်မျိုးနဲ့ ပြသခဲ့ပါသေးတယ်။

K50 ကို အမေရိကား ဈေးကွက်မှာ ခန့်မှန်းခြေအားဖြင့် ၁၀၄၇၉၅ ဒေါ်လာလောက်နဲ့ ရောင်းချမယ်လို့ သိရပါတယ်။

မြင်းကောင်ရေအား ၄၀၀ နဲ့ ၄.၆ စက္ကန့်အတွင်း တစ်နာရီမိုင်နှုန်း ၆၂ မိုင်နဲ့ သွားနိုင်ပြီး အမြင့်ဆုံးဆိုရင် တစ်နာရီ ၁၂၄ မိုင်နှုန်းထိ သွားမှာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun


 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top