Property Expo
×

သြစတြေးလျလူမျိုး အမျိုးသား ၉ယောက်ပါတဲ့ အဖွဲ့တစ်ဖွဲ့ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က မလေးရှား ဖော်မြူလာဝမ်း ဂရင်းပရီပြိုင်ပွဲမှာ မလေးရှားနိုင်ငံအလံပုံစံ အောက်ခံဘောင်းဘီတွေကို ဝတ်ဆင်ခဲ့တာကြောင့် အဖမ်းခံခဲ့ရတယ်လို့ သိရပါတယ်။





Credit : thithtoolwin

#Unicode Version

သစတြေးလျလူမျိုး အမျိုးသား ၉ယောက်ပါတဲ့ အဖွဲ့တစ်ဖွဲ့ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က မလေးရှား ဖော်မြူလာဝမ်း ဂရင်းပရီပြိုင်ပွဲမှာ မလေးရှားနိုင်ငံအလံပုံစံ အောက်ခံဘောင်းဘီတွေကို ဝတ်ဆင်ခဲ့တာကြောင့် အဖမ်းခံခဲ့ရတယ်လို့ သိရပါတယ်။

အသက် ၂၅နှစ်ကနေ ၂၉နှစ်အကြားရှိတဲ့ လူငယ်တွေအနေနဲ့ လူထုရဲ့ နိုင်ငံတော်အလံရဲ့ သိက္ခာကိုချမှု၊ မရိုသေမှုတွေနဲ့ ရဲတွေရဲ့ ရှာဖွေဖမ်းဆီးတာကို ခံခဲ့ရတာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

“သူတို့ဟာ အရက်သေစာသောက်စားထားကြပါတယ်” လို့ ရဲအရာရှိ Abdul Aziz ကဆိုပါတယ်။ “ဒီအတွင်းခံတွေကို ဝယ်ယူခဲ့တဲ့နေရာကိုလည်း စုံစမ်းစစ်ဆေးနေပါတယ်” လို့ ဆက်လက်ပြောကြားပါတယ်။

ဒီပုံရိပ်တွေဟာ Instagram ဗီဒီယိုတစ်ခုကနေ ပေါက်ကြားလာခဲ့တာပါ။ နိုင်ငံအနေနဲ့ ပြီးခဲ့တဲ့နှစ်တုန်းကလည်း အရှေ့မလေးရှားမှာရှိတဲ့ Kinabalu တောင်ပေါ်မှာရိုက်ထားတဲ့ ဝတ်လစ်စလစ်နဲ့ ပုံတွေကို တင်ခဲ့တာကြောင့်လည်း တိုးရစ်စ်လေးဦးကို အကျဉ်းချဖူးပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : thithtoolwin


 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top