Property Expo
×

အခ်ဳိ႕ app ေတြဟာ ဖုန္းဘက္ထရီအား စုပ္ယူကုန္ခန္းေစတယ္ဆုိတာ အားလုံးသိျပီးသားျဖစ္ပါတယ္။ ဒါေပမယ့္ iPhone မွာ သင္မွားယြင္းစြာ လုပ္ေဆာင္ႏုိင္တဲ့ အရာေတြကိုေတာ့ သင္သတိျပဳမိခ်င္မွ ျပဳမိပါလိမ့္မယ္။ ေဟာဒီ အခ်က္ (၅) ခ်က္ကို သင့္ iPhone  လုပ္ေဆာင္မႈေတြမွာ အျမန္ဆုံးရပ္တန္႔လုိက္ပါ။

၁။ ဖုန္းကို၂၄ နာရီ ၇ ရက္စလံုး အနားမေပးပဲ အသံုးျပဳေနျခင္း

လူတုိင္း သူတုိ႔ iPhone ကို တစ္ခ်ိန္လုံး အသုံးျပဳၾကတယ္လုိ႔ ယူဆပါတယ္။ ဘက္ထရီအသံုးမခံပဲ ပ်က္သြားတာမ်ိဳး အခ်ိန္ေစာျပီး မျဖစ္ေစဖုိ႕ တစ္ပတ္ (၁) ၾကိမ္ ပါဝါပိတ္ေပးသင့္တယ္လုိ႔ ဆုိပါတယ္။ ၂၄ နာရီ ၇ ရက္ သုံးစြဲျခင္းက ဘက္ထရီအတြက္ ေကာင္းမြန္တဲ့ အရာမဟုတ္သလို ေနာက္ဆုံးမွာ ပ်က္စီးတဲ့အေျခအေနထိ ျဖစ္သြားေစႏုိင္ပါတယ္။ သင့္ iPhone က သင့္ႏႈိးစက္လည္းျဖစ္တယ္ဆုိတာ နားလည္ပါတယ္။ ဒီေတာ့ ဘယ္ခ်ိန္မွာ ပါဝါပိတ္ရမလဲ။ အရင္တုန္းက ႏုိးစက္နာရီေဟာင္းေတြ အသုံးျပဳဖုိ႔ ထည့္သြင္းစဥ္းစားျပီး ညဘက္အခ်ိန္ကို ဖုန္းပါဝါပိတ္ဖုိ႔ အသုံးခ်ပါ။

၂။ အားအျပည့္သြင္းျခင္း

အားသြင္းကိရိယာေတြ ထုတ္လုပ္တဲ့ Farbe Technik ကုမၸဏီ တြဲဖက္တည္ေထာင္သူ Shane Broesky က ဘက္ထရီအား ၅၀% နဲ႔ ၈၀% ၾကားသြင္းတဲ့အခါ အုိင္ဖုန္းရဲ႕ lithium-ion ဘက္ထရီဟာ အေကာင္းဆုံးစြမ္းေဆာင္တယ္လုိ႔ ေျပာဆိုခဲ့ပါတယ္။ လီတီယမ္အုိင္းယြန္း ဘက္ထရီေတြအတြက္ ေကာင္းတဲ့ အခ်က္တစ္ခုက ဖုန္းအား ၅၀% နဲ႔ ၈၀% ၾကားမွာ ထားဖုိ႔ပါပဲလုိ႔ သူက Digital Trends ကို ေျပာျပခဲ့ပါတယ္။ ဒါက အားသြင္းထားတဲ့ အုိင္းယြန္းေတြ အလုပ္ဆက္လက္လုပ္ေဆာင္ျပီး ဘက္ထရီကို  ကာကြယ္ေပးပါတယ္။

၃။ Apple ထုတ္မဟုတ္တဲ့ အားသြင္းၾကိဳး အသုံးျပဳျခင္း

မိမိ Apple ထုတ္ ခ်ာဂ်ာက အလုပ္မလုပ္ေတာ့ဘူး ဒါမွမဟုတ္ သုံးစရာမရိွဘူးဆုိပါစုိ႔ ။ နီးစပ္ရာဆိုင္တစ္ခုခုမွာ  အမ်ဳိးအစားမတူတဲ့ ခ်ာဂ်ာေတြေျပးဝယ္ၾကပါတယ္။ ဒါမ်ဳိးမလုပ္ပါနဲ႔။ Apple အမွတ္တံဆိပ္မဟုတ္တဲ့ ခ်ာဂ်ာေတြက သင့္ iPhone ပ်က္စီးေစႏုိင္တဲ့အျပင္ မီးေလာင္မႈပါ ျဖစ္ေစႏိုင္တယ္လုိ႔ သိရပါတယ္။

၄။ App တုိင္းမွာ location service ေတြ setting ျပဳလုပ္ျခင္း

တကယ္လုိအပ္တဲ့ app ေတြအတြက္သာ location service ေတြ ဖြင့္ထားပါ။ Settings>Privacy>Location Services သုိ႔ သြားေရာက္စစ္ေဆးျခင္းျဖင့္ ဘယ္ app ေတြမွာ location service အသုံးျပဳထားလဲ သိႏုိင္ပါတယ္။

၅။ Wi-Fi နဲ႔ Bluetooth တစ္ခ်ိန္လုံးဖြင့္ထားျခင္း

Wi-Fi တစ္ခ်ိန္လုံးဖြင့္ထားတာ ေဒတာသိမ္းဆည္းမႈအဆင္ေျပတယ္လုိ႔ ယူဆပါလိမ့္မယ္။ မဟုတ္ပါဘူး။ Wi-Fi နဲ႔ Bluetooth ဖြင့္လ်က္ထားတာက ဘက္ထရီအခ်ည္းႏွီး ကုန္ဆုံးေစပါတယ္။ ႏွစ္ခုစလုံး ပိတ္ထားျပီး သုံးမယ္ဆိုေတာ့မွပဲ ဖြင့္ပါ။ 

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Trend Myanmar

#Unicode Version

အချို့ app တွေဟာ ဖုန်းဘက်ထရီအား စုပ်ယူကုန်ခန်းစေတယ်ဆိုတာ အားလုံးသိပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် iPhone မှာ သင်မှားယွင်းစွာ လုပ်ဆောင်နိုင်တဲ့ အရာတွေကိုတော့ သင်သတိပြုမိချင်မှ ပြုမိပါလိမ့်မယ်။ ဟောဒီ အချက် (၅) ချက်ကို သင့် iPhone  လုပ်ဆောင်မှုတွေမှာ အမြန်ဆုံးရပ်တန့်လိုက်ပါ။

၁။ ဖုန်းကို၂၄ နာရီ ၇ ရက်စလုံး အနားမပေးပဲ အသုံးပြုနေခြင်း

လူတိုင်း သူတို့ iPhone ကို တစ်ချိန်လုံး အသုံးပြုကြတယ်လို့ ယူဆပါတယ်။ ဘက်ထရီအသုံးမခံပဲ ပျက်သွားတာမျိုး အချိန်စောပြီး မဖြစ်စေဖို့ တစ်ပတ် (၁) ကြိမ် ပါဝါပိတ်ပေးသင့်တယ်လို့ ဆိုပါတယ်။ ၂၄ နာရီ ၇ ရက် သုံးစွဲခြင်းက ဘက်ထရီအတွက် ကောင်းမွန်တဲ့ အရာမဟုတ်သလို နောက်ဆုံးမှာ ပျက်စီးတဲ့အခြေအနေထိ ဖြစ်သွားစေနိုင်ပါတယ်။ သင့် iPhone က သင့်နှိုးစက်လည်းဖြစ်တယ်ဆိုတာ နားလည်ပါတယ်။ ဒီတော့ ဘယ်ချိန်မှာ ပါဝါပိတ်ရမလဲ။ အရင်တုန်းက နိုးစက်နာရီဟောင်းတွေ အသုံးပြုဖို့ ထည့်သွင်းစဉ်းစားပြီး ညဘက်အချိန်ကို ဖုန်းပါဝါပိတ်ဖို့ အသုံးချပါ။

၂။ အားအပြည့်သွင်းခြင်း

အားသွင်းကိရိယာတွေ ထုတ်လုပ်တဲ့ Farbe Technik ကုမ္ပဏီ တွဲဖက်တည်ထောင်သူ Shane Broesky က ဘက်ထရီအား ၅၀% နဲ့ ၈၀% ကြားသွင်းတဲ့အခါ အိုင်ဖုန်းရဲ့ lithium-ion ဘက်ထရီဟာ အကောင်းဆုံးစွမ်းဆောင်တယ်လို့ ပြောဆိုခဲ့ပါတယ်။ လီတီယမ်အိုင်းယွန်း ဘက်ထရီတွေအတွက် ကောင်းတဲ့ အချက်တစ်ခုက ဖုန်းအား ၅၀% နဲ့ ၈၀% ကြားမှာ ထားဖို့ပါပဲလို့ သူက Digital Trends ကို ပြောပြခဲ့ပါတယ်။ ဒါက အားသွင်းထားတဲ့ အိုင်းယွန်းတွေ အလုပ်ဆက်လက်လုပ်ဆောင်ပြီး ဘက်ထရီကို  ကာကွယ်ပေးပါတယ်။

၃။ Apple ထုတ်မဟုတ်တဲ့ အားသွင်းကြိုး အသုံးပြုခြင်း

မိမိ Apple ထုတ် ချာဂျာက အလုပ်မလုပ်တော့ဘူး ဒါမှမဟုတ် သုံးစရာမရှိဘူးဆိုပါစို့ ။ နီးစပ်ရာဆိုင်တစ်ခုခုမှာ  အမျိုးအစားမတူတဲ့ ချာဂျာတွေပြေးဝယ်ကြပါတယ်။ ဒါမျိုးမလုပ်ပါနဲ့။ Apple အမှတ်တံဆိပ်မဟုတ်တဲ့ ချာဂျာတွေက သင့် iPhone ပျက်စီးစေနိုင်တဲ့အပြင် မီးလောင်မှုပါ ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။

၄။ App တိုင်းမှာ location service တွေ setting ပြုလုပ်ခြင်း

တကယ်လိုအပ်တဲ့ app တွေအတွက်သာ location service တွေ ဖွင့်ထားပါ။ Settings>Privacy>Location Services သို့ သွားရောက်စစ်ဆေးခြင်းဖြင့် ဘယ် app တွေမှာ location service အသုံးပြုထားလဲ သိနိုင်ပါတယ်။

၅။ Wi-Fi နဲ့ Bluetooth တစ်ချိန်လုံးဖွင့်ထားခြင်း

Wi-Fi တစ်ချိန်လုံးဖွင့်ထားတာ ဒေတာသိမ်းဆည်းမှုအဆင်ပြေတယ်လို့ ယူဆပါလိမ့်မယ်။ မဟုတ်ပါဘူး။ Wi-Fi နဲ့ Bluetooth ဖွင့်လျက်ထားတာက ဘက်ထရီအချည်းနှီး ကုန်ဆုံးစေပါတယ်။ နှစ်ခုစလုံး ပိတ်ထားပြီး သုံးမယ်ဆိုတော့မှပဲ ဖွင့်ပါ။ 

ဖိုးသူတော် (www.phothutaw.com)
Credit: Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top