Kantharyar Centre
×

လာမယ့္ ၂၀၁၇ ခုႏွစ္မွာ အိုင္ဖုန္းစတင္ထုတ္လုပ္မႈ ဆယ္ႏွစ္ျပည့္ေျမာက္မွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ Apple ထုတ္ကုန္ေတြ ကၽြမ္းက်င္သူကေတာ့ ၂၀၁၇ ခုႏွစ္မွာ အသစ္ထြက္ရွိလာမယ့္ iPhone ဟာ သာမန္ထက္ကိုပိုၿပီး ထူးျခားေကာင္းမြန္ေနလိမ့္မယ္လို႔ ဆိုထားၾကပါတယ္။

အခုေနာက္ဆံုးထြက္ရွိားတဲ့ iPhone 7 ကို ဝယ္ယူျခင္းထက္ လာမယ့္ႏွစ္မွာ ထြက္ရွိလာမယ့္ iPhone ေမာ္ဒယ္အသစ္ကို ေစာင့္စား ဝယ္ယူသင့္တယ္ဆိုတဲ့ အေၾကာင္းျပခ်က္ ၇ ခုရွိပါတယ္။

၁။ S ေမာ္ဒယ္ျဖစ္လာမည္မဟုတ္

iPhone ရဲ႕ထံုးစံအတုိင္း 5s, 6s တုို႔ရဲ႕ အစဥ္အလာကို ခ်ိဳးဖ်က္ၿပီးလာမယ့္ႏွစ္မွာ iPhone 7s ကိုထုတ္လုပ္မွာ မဟုတ္ဘူးလို႔ ခန္႔မွန္းၾကပါတယ္။

iPhone စတင္ထုတ္လုပ္ခဲ့တာ ဆယ္ႏွစ္ျပည့္ၿပီျဖစ္တဲ့အတြက္ iPhone သေဘာမ်ိဳး ျဖစ္လာႏုိင္ပါတယ္။

၂။ ေဘးေဘာင္ မပါေတာ့ျခင္း

ဖန္သားမ်က္ႏွာျပင္ေဘးက ေဘးေဘာင္ေတြကို ဖုန္းရဲ႕ကိုယ္ထည္မွာထည့္သြင္းေတာ့မွာ မဟုတ္ဘူးလို႔လည္း ေကာလာဟလ ထြက္လွ်က္ရွိပါတယ္။

၃။ ဖန္သားေက်ာျပင္

ေနာက္ေက်ာဘက္ဟာ အလူမီနီယံ ရစ္ပတ္ထားတဲ့ဖန္သားေက်ာျပင္ (iPhone 4s ကဲ့သုိ႔)ျဖစ္ဖြယ္ ရွိတယ္လို႔ ခန္႔မွန္းထားၾကပါတယ္။

၄။ Home button

့လက္ေဗြဖတ္တဲ့ Home button ဟာလည္း ေပ်ာက္ကြယ္သြားၿပီး ဖန္သားျပင္ထဲမွာပဲ လက္ေဗြဖတ္တဲ့စနစ္ကို ျမဳပ္ထားမယ္လို႔ ဆိုပါတယ္။

၅။ မ်က္ႏွာျပင္

iPhone ေမာ္ဒယ္အသစ္ရဲ႕ မ်က္ႏွာျပင္ဟာ အခုလို LCD မသံုးေတာ့ပဲ AMOLED မ်က္ႏွာျပင္ကို အသံုးျပဳဖြယ္ ရွိပါတယ္။

၆။ ႀကိဳးမဲ့အားသြင္းစနစ္

အေတာ္ေလး ေသခ်ာေနတာကေတာ့ အုိင္ဖုန္းရဲ႕ ႀကိဳးမဲ့အားသြင္းစနစ္ဟာ လာမယ့္ေမာ္ဒယ္အသစ္မွာ ပါလာဖြယ္ရွိတယ္လို႔ Apple ထုတ္ကုန္ေတြကို အၿမဲႀကိဳတင္ခန္႔မွန္းတဲ့ MacRumors ဝက္ဘ္ဆိုုက္က ေဖာ္ျပပါတယ္။

၇။ နားၾကပ္

အခု အသစ္ထြက္ထားတဲ့ iPhone 7 မွာလည္း ႀကိဳးမဲ့နားၾကပ္စနစ္ အသံုးျပဳႏုိင္ေပမယ့္ သက္သက္ဝယ္ယူရမွာျဖစ္ပါတယ္။ ဆယ္ႏွစ္ျပည့္မွာ ထုတ္လုပ္မယ့္ iPhone မွာေတာ့ ႀကိဳးမဲ့ ear pod တစ္ခါတည္း ပါဝင္လာမယ္လို႔ ဆိုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : duwun

#Unicode Version

လာမယ့် ၂၀၁၇ ခုနှစ်မှာ အိုင်ဖုန်းစတင်ထုတ်လုပ်မှု ဆယ်နှစ်ပြည့်မြောက်မှာ ဖြစ်ပါတယ်။ ဒါကြောင့် Apple ထုတ်ကုန်တွေ ကျွမ်းကျင်သူကတော့ ၂၀၁၇ ခုနှစ်မှာ အသစ်ထွက်ရှိလာမယ့် iPhone ဟာ သာမန်ထက်ကိုပိုပြီး ထူးခြားကောင်းမွန်နေလိမ့်မယ်လို့ ဆိုထားကြပါတယ်။

အခုနောက်ဆုံးထွက်ရှိားတဲ့ iPhone 7 ကို ဝယ်ယူခြင်းထက် လာမယ့်နှစ်မှာ ထွက်ရှိလာမယ့် iPhone မော်ဒယ်အသစ်ကို စောင့်စား ဝယ်ယူသင့်တယ်ဆိုတဲ့ အကြောင်းပြချက် ၇ ခုရှိပါတယ်။

၁။ S မော်ဒယ်ဖြစ်လာမည်မဟုတ်

iPhone ရဲ့ထုံးစံအတိုင်း 5s, 6s တို့ရဲ့ အစဉ်အလာကို ချိုးဖျက်ပြီးလာမယ့်နှစ်မှာ iPhone 7s ကိုထုတ်လုပ်မှာ မဟုတ်ဘူးလို့ ခန့်မှန်းကြပါတယ်။

iPhone စတင်ထုတ်လုပ်ခဲ့တာ ဆယ်နှစ်ပြည့်ပြီဖြစ်တဲ့အတွက် iPhone သဘောမျိုး ဖြစ်လာနိုင်ပါတယ်။

၂။ ဘေးဘောင် မပါတော့ခြင်း

ဖန်သားမျက်နှာပြင်ဘေးက ဘေးဘောင်တွေကို ဖုန်းရဲ့ကိုယ်ထည်မှာထည့်သွင်းတော့မှာ မဟုတ်ဘူးလို့လည်း ကောလာဟလ ထွက်လျှက်ရှိပါတယ်။

၃။ ဖန်သားကျောပြင်

နောက်ကျောဘက်ဟာ အလူမီနီယံ ရစ်ပတ်ထားတဲ့ဖန်သားကျောပြင် (iPhone 4s ကဲ့သို့)ဖြစ်ဖွယ် ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။

၄။ Home button

့လက်ဗွေဖတ်တဲ့ Home button ဟာလည်း ပျောက်ကွယ်သွားပြီး ဖန်သားပြင်ထဲမှာပဲ လက်ဗွေဖတ်တဲ့စနစ်ကို မြုပ်ထားမယ်လို့ ဆိုပါတယ်။

၅။ မျက်နှာပြင်

iPhone မော်ဒယ်အသစ်ရဲ့ မျက်နှာပြင်ဟာ အခုလို LCD မသုံးတော့ပဲ AMOLED မျက်နှာပြင်ကို အသုံးပြုဖွယ် ရှိပါတယ်။

၆။ ကြိုးမဲ့အားသွင်းစနစ်

အတော်လေး သေချာနေတာကတော့ အိုင်ဖုန်းရဲ့ ကြိုးမဲ့အားသွင်းစနစ်ဟာ လာမယ့်မော်ဒယ်အသစ်မှာ ပါလာဖွယ်ရှိတယ်လို့ Apple ထုတ်ကုန်တွေကို အမြဲကြိုတင်ခန့်မှန်းတဲ့ MacRumors ဝက်ဘ်ဆိုုက်က ဖော်ပြပါတယ်။

၇။ နားကြပ်

အခု အသစ်ထွက်ထားတဲ့ iPhone 7 မှာလည်း ကြိုးမဲ့နားကြပ်စနစ် အသုံးပြုနိုင်ပေမယ့် သက်သက်ဝယ်ယူရမှာဖြစ်ပါတယ်။ ဆယ်နှစ်ပြည့်မှာ ထုတ်လုပ်မယ့် iPhone မှာတော့ ကြိုးမဲ့ ear pod တစ်ခါတည်း ပါဝင်လာမယ်လို့ ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : duwun


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top