Property Expo
×

(၂၀၁၀) ခုႏွစ္ေလာက္မွာ အေမရိကန္သမတ အိုဘားမားက ညစာစားပြဲတခုမွာ. Appleကုမၸဏီရဲ. CEOျဖစ္တဲ့ Steve_Jobs (စတစ္ဗ္) ကိုေမးပါတယ္။

Appleရဲ႕Products ေတြျဖစ္တဲ့. iPhone တို႔. iPadတို႔ကို. တ႐ုပ္ျပည္မွာ သြားထုတ္လုပ္ေန တာကို (အေမရိကန္ လူမိ်ဳးေတြ အလုပ္ရေအာင္). အေမရိကန္ ကိုေျပာင္းလာရင္ျဖစ္ မလားလို႔ေမးတယ္။. စတစ္ဗ္က.မျဖစ္ႏိုင္ ဘူးလို႔ေျပာလိုက္ပါတယ္။

.ေနာက္ပိုင္းမွာ. သူ႔ရဲ႕လက္ေအာက္ က Apple ကုမၸဏီ အရာရွိတဦးက. စတစ္ဗ္ဘာေၾကာင့္ အဲဒီ လိုေျပာခဲ့ ရသလဲဆိုတာမီဒီယာကို အခုလိုရွင္းျပခဲ့ပါတယ္။

အခိ်န္က(၂၀၀၇)ခုႏွစ္။

ပထမဆံုးေပၚတဲ့ iPhone. ကမာၻကိုျဖန္႔ဖို႔ (၂)လေလာက္ပဲ လိုေတာ့တဲ့ တေန႔မွာ. စိတ္ ဆိုးေနပံုရတဲ့ စတစ္ဗ္က. သူ႔လက္ေထာက္ေတြ အားလံုးကိုသူ႔ရံုးခန္းထဲ လာဖို႔ေခၚလိုက္ ပါတယ္။

အား လံုးေရာက္ လာတာနဲ႔.စတစ္ဗ္က. သူစမ္းသံုးၾကည့္ဖို႔ ယူထားတဲ့ iPhone. နမူနာတလံုးကို. သူ႔ေဘာင္းဘီေဘးအိပ္ ထဲကေန.ဆြဲထုတ္ ယူလိုက္ၿပီး. အားလံုးျမင္ သာေအာင္ေထာင္ျပရင္း. အခုလိုေျပာလိုက္ပါတယ္။. "ဒီဖံုးရဲ႕ မွန္ သားျပင္ (screen)ကို ၾကည့္စမ္းပါ။ .ျခစ္ရာေတြေပၚေနတယ္။

လူေတြဟာ.လက္ကိုင္ဖံုးကို .ေဘာင္းဘီအိပ္ထဲ ထဲ့တတ္ၾကတယ္။ .ေဘာင္းဘီအိပ္ထဲမွာ .ေသာ့တြဲ႔. ပိုက္ဆံ အေႂကြေစ့ေတြလဲ. ထဲ့တတ္ၾကတယ္။ဒါေတြနဲ႔ ထိလို႔ျခစ္ရာေပၚေနတဲ့ ဖုန္းးမ်ိဳး. ငါကမာၻကို မျဖန္႔ခ်င္ဘူး။

ဒီPlastic_screen ကို.ျခစ္ရာ မထင္ႏိုင္တဲ့ မွန္သား Glass_scree nနဲ႔လဲပစ္ရမယ္။အခုထုတ္ၿပီးသား ဖုန္းေတြ အားလံုးကို (၆)ပတ္ အတြင္းၿပီးေအာင္ လဲလိုက္ၾက။

ကဲ.သြားၾကေတာ့" လို႔ေျပာလိုက္တယ္။
သူ႔လက္ေထာက္ေတြ အားလံုး. အရမ္းေခါင္းေျခာက္ သြားၾကတယ္။

စတစ္ဗ္အေၾကာင္း. သူတို႔ေကာင္းေကာင္း သိတယ္။.စတစ္ဗ္ဟာ. သူေျပာၿပီးတဲ့ စကားကို. ဘယ္ေတာ့မွ အေလွ်ာ့မေပး တတ္ဘူး။. သူလိုခ်င္တာျဖစ္ေအာင္. လုပ္ၾကရေတာ့မယ္။. ခက္တာက.iPhone စတင္ေရာင္းမဲ့ ရက္ကိုကမာၻသိေၾကျငာၿပီးၿပီ။

၂လပဲ က်န္ေတာ့ တယ္။. ကမာၻကို မျဖန္႔ခင္.ဖုန္းေတြကို Glass_Screenနဲ႔ အစားထိုးလဲဖို႔ အခ်ိန္(၆)ပတ္ ပဲေပးတယ္။

လုပ္ၿပီးသား. ဖုန္းအလံုး သိန္းခ်ီၿပီးကို (၆)ပတ္အတြင္း screen လဲတပ္ဖို႔ဆိုတာ. မျဖစ္ႏိုင္ဘူး။. အရင္ Screen လုပ္ေပးေနက်. အေမရိကန္ ကုမၸဏီ Corning ကိုေမးၾကည့္ေတာ့. အခ်ိန္(၆)လ ၾကာမယ္တဲ့။

သူတို႔အထဲကလက္ေထာက္တေယာက္က. စဥ္းစားတယ္။. ဒီေလာက္အခ်ိန္တိုတိုနဲ႔. စတစ္ဗ္ျဖစ္ခ်င္တာရဖို႔. အေမရိကန္ႏိုင္ငံမွာေတာ့ မျဖစ္ႏိုင္ဘူး။

ဒါေၾကာင့္. သူဟာ(၃)ရက္ အၾကာမွာ. တ႐ုပ္ျပည္က မွန္ျဖတ္စက္ရံု အမ်ားအျပားရွိတဲ့. Shenzhenျပည္နယ္ကို .ေလယဥ္နဲ႔ ထြက္ခြာသြားတယ္။

.Shenzhenျပည္နယ္က စက္ရံုမႉးေတြ နဲ႔ေတြ႕ၿပီး. သူလိုခ်င္တဲ့ Glass_screen ကို iPhoneေတြမွာ. သတ္မွတ္ရက္ အတြင္းၿပီးေအာင္ လုပ္ေပးႏိုင္ရင္အလုပ္အပ္မယ္လို႔ ကမ္းလွမ္းတယ္။
ေနာက္ဆံုး. တ႐ုပ္ကုမၸဏီ Foxconnနဲ႔. သေဘာတူညီမႈ ရတယ္။

သေဘာတူ စာခ်ဳပ္ေတာင္ မခ်ဳပ္ရေသးဘူး. Foxcoon က.iPhone အတြက္ screen လဲ တပ္ဖို႔ စက္ရံုအသစ္တခုကို အားခ်င္းေဆာက္လိုက္တယ္။

စတိုႀကီး ထဲမွာလဲ. စမ္းသတ္ဖို႔ မွန္ခ်ပ္ေတြဝယ္ၿပီး. အမိ်ဳးအစားအလိုက္ ခြဲျခားသိုေလွာင္ ထားလိုက္တယ္။

စက္ရံုမႉးက. သူ႔အင္ဂ်င္နီယာေတြကို. စက္ရံုဝင္းထဲက. ဘားတိုက္ေတြမွာ လာေနခိုင္းလိုက္တယ္။. အေရးႀကီးရင္. အခိ်န္ မေရြး.ေခၚလို႔ ရေအာင္ေပါ့။မွန္ေတြကို. ပိုက္ဆံမယူပဲ .ႀကိဳက္သေလာက္ စမ္းၾကည့္ႏိုင္တယ္ လို႔ေျပာပါတယ္။

စတစ္ဗ္လက္ေထာက္ဟာ. အဲဒီစက္ရံုမွာ. တလၾကာေအာင္ေနၿပီး. တ႐ုပ္ အင္ဂ်င္နီယာေတြနဲ႔. မွန္မိ်ဳးစံု ကိုျဖတ္ ၾကည့္တယ္။

iPhone_Screenျဖစ္လာေအာင္ လုပ္ၾကတယ္။.ျခစ္ရာေပၚမေပၚ စမ္းၾကည့္တယ္။ .ေနာက္ဆံုး .screen လုပ္ႏိုင္မဲ့ စိတ္ႀကိဳက္မွန္ေတြ႕ၿပီ ဆိုေတာ့.Foxconn ကို အလုပ္အပ္တဲ့ စာခ်ဳပ္ခ်ဳပ္ လိုက္တယ္။

အေမရိ ကန္. ကာလီဖိုးနီးယားမွာ ရွိတဲ့ Apple ကုမၸဏီကို. screenလဲတပ္ဖို႔. iPhone ပထမတသုတ္ကို. Foxconn စက္ရံု ကို ပို႔လိုက္ဖို႔ အေျကင္းျကား လိုက္တယ္။

တပတ္ၾကာေတာ့. မွာထားတဲ့ iPhoneေတြထဲ့ ထားတဲ့ ကုန္ေသ တၱာေတြ. စက္ရံုကိုေရာက္လာတယ္။

.ေရာက္တဲ့ အခိ်န္ကမိုးအေတာ္ခ်ဳပ္ေနၿပီ။
iPhone.ေသတၱာေတြကို. စက္ရံုထဲ ခ်အၿပီးမွာ. စက္ရံုမႉးဟာ .ဝီစီကို တတြီတြီနဲ႔ မႈတ္လိုက္တယ္။. စက္ရံုဝင္းထဲက .ဘားတိုက္ေတြမွာ. အနားယူေနၾက တဲ့ေထာင္နဲ႔ခ်ီတဲ့ အင္ဂ်င္နီယာေတြအလုပ္သမားေတြဘားတိုက္ေပၚက .ေျပးဆင္းလာၾကၿပီးစက္ရံုေရွ႕ေျမကြက္လပ္မွာ တန္းစီလိုက္ၾကတယ္။

စက္ရံုမႉးက. အခုအခ်ိန္ကစၿပီး. မွန္ ခ်ပ္ေတြကိုျဖတ္ၿပီး.iPhone_Screenေတြ လုပ္ဖို႔ တညလံုး အလုပ္ဆင္းၾကရမယ္ လို႔ေျပာလိုက္တယ္။

စကားေျပာျပီးတာနဲ႔. အားလံုးကို. စားပြဲေတြေပၚက. လက္ဖက္ရည္ တခြက္နဲ႔ေပါင္မုန္႔တခ်ပ္စီကို တန္းစီယူစား ခိုင္း လိုက္တယ္။အားလံုး. ကမန္းကတန္း ယူစားၾကၿပီး.စက္ရံုထဲ ဝင္သြားၾကတယ္။

စက္ရံုတခုလံုး.ေထာင္နဲ႔ခ်ီတဲ့ အလုပ္သမားေတြဟာ. ခ်က္ခ်င္းပဲ. အလုပ္စတင္ လုပ္ၾကတယ္။.ေန႔ဆိုင္း. ညဆိုင္းေတြနဲ႔ လုပ္လိုက္ၾကတာ.
၃ရက္အတြင္းမွာ. iPhone အလံုး တစ္ေသာင္းရဲ႕ plastic_screenေတြကိုglass_screenေတြနဲ႔ လဲတပ္ၿပီးသြားတယ္။

ေနာက္ ၃လ အၾကာမွာ .Appleကုမၸဏီဟာ. iPhone အလံုးေပါင္း တစ္သန္းေရာင္းခ် ခဲ့ပါတယ္။ .ေနာက္ပိုင္းမွာ. iPhoneကိုအေမရိကန္.ကာလီဖိုးနီးယားမွာ. ဒီဇိုင္းပဲဆြဲၿပီး. ကုန္ၾကမ္းကေန. iPhoneျဖစ္တဲ့အထိ. တ႐ုပ္ျပည္မွာ ပဲ.လုပ္ပါေတာ့တယ္။

၄နစ္ၾကာေတာ့. Appleဟာ .iPhone အလံုးေပါင္း သန္း(၂၀၀)ေရာင္း ခ်ႏိုင္ခဲ့ပါတယ္။
မီဒီယာကိုေျပာျပေနတဲ့ Apple ကုမၸဏီ အရာရွိက. ဆက္ေျပာျပပါေသးတယ္။

ကုန္ၾကမ္းကေန .iPhoneေတြျဖစ္ လာတဲ့အထိ. ထုတ္လုပ္ဖို႔. အင္ဂ်င္နီယာေပါင္း(၈,၇၀၀)နဲ႔ အလုပ္သမားေပါင္း ၂သိန္း လိုအပ္ပါတယ္။. အင္ဂ် င္နီယာ (၈,၇၀၀)ရေအာင္ စုဖို႔ အေမရိကန္မွာ .-၉လၾကာျမင့္ မွာျဖစ္ၿပီး. တ႐ုပ္ျပည္မွာ (၁၅)ရက္ပဲျကာ ပါလိမ့္ မယ္။

အေမရိကန္မွာ. iPhone လုပ္ရင္. လုပ္ခေစ်းႀကီးတာရယ္. လူမရလို႔ အခ်ိ္ပိုၾကာေအာင္ လုပ္ရ မွာေတြေၾကာင့္. iPhone ကို. အခုတ႐ုပ္ျပည္မွာ ထုတ္ၿပီးေရာင္းတာထက္. အမ်ားႀကီးေစ်းႀကီးေနမွာ မို႔.ဘယ္သူမွ ဝယ္ၾကမွာ. မဟုတ္ပါဘူး တဲ့။

ဒီေလာက္ဆိုရင္ .iPhoneကို.China.မွာ ဘာေၾကာင့္ ထုတ္လုပ္ေနတယ္ ဆိုတာ. သိႏိုင္ပါၿပီ။

လုပ္ခေစ်းႏူန္း သက္သာတယ္။.ျမန္ျမန္ဆန္ဆန္ လုပ္တတ္တယ္။.မျဖစ္ႏိုင္ဘူး ဆိုတာကို.ျဖစ္ေအာင္ လုပ္ႏိုင္ တာေတြေၾကာင့္. တ႐ုပ္ျပည္ဟာ. ယေန႔ကမာၻမွာ. စီးပြားေရး ထိပ္တန္းႏိုင္ငံ တခုျဖစ္ေနပါၿပီ။

မွတ္ခ်က္

၁။.အေမရိကန္ႏိုင္ငံထုတ္ "The_New_York_Times" သတင္းစာမွာ ပါတဲ့ သတင္းတပုဒ္ကို မွီျငမ္းေရး ထားတာ ပါ။
၂။.Steve_Jobs ဟာ (၂၀၁၁)ခုႏွစ္.ေအာက္တိုဘာလ (၅)ရက္ေန႔မွာ. ကင္ဆာေရာဂါနဲ႔ ကြယ္လြန္ သြားခဲ့ပါ တယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Lwin Pyin

#Unicode Version
(၂၀၁၀) ခုနှစ်လောက်မှာ အမေရိကန်သမတ အိုဘားမားက ညစာစားပွဲတခုမှာ. Appleကုမ္ပဏီရဲ. CEOဖြစ်တဲ့ Steve_Jobs (စတစ်ဗ်) ကိုမေးပါတယ်။

Appleရဲ့Products တွေဖြစ်တဲ့. iPhone တို့. iPadတို့ကို. တရုပ်ပြည်မှာ သွားထုတ်လုပ်နေ တာကို (အမေရိကန် လူမျိုးတွေ အလုပ်ရအောင်). အမေရိကန် ကိုပြောင်းလာရင်ဖြစ် မလားလို့မေးတယ်။. စတစ်ဗ်က.မဖြစ်နိုင် ဘူးလို့ပြောလိုက်ပါတယ်။

.နောက်ပိုင်းမှာ. သူ့ရဲ့လက်အောက် က Apple ကုမ္ပဏီ အရာရှိတဦးက. စတစ်ဗ်ဘာကြောင့် အဲဒီ လိုပြောခဲ့ ရသလဲဆိုတာမီဒီယာကို အခုလိုရှင်းပြခဲ့ပါတယ်။

အချိန်က(၂၀၀၇)ခုနှစ်။

ပထမဆုံးပေါ်တဲ့ iPhone. ကမ္ဘာကိုဖြန့်ဖို့ (၂)လလောက်ပဲ လိုတော့တဲ့ တနေ့မှာ. စိတ် ဆိုးနေပုံရတဲ့ စတစ်ဗ်က. သူ့လက်ထောက်တွေ အားလုံးကိုသူ့ရုံးခန်းထဲ လာဖို့ခေါ်လိုက် ပါတယ်။

အား လုံးရောက် လာတာနဲ့.စတစ်ဗ်က. သူစမ်းသုံးကြည့်ဖို့ ယူထားတဲ့ iPhone. နမူနာတလုံးကို. သူ့ဘောင်းဘီဘေးအိပ် ထဲကနေ.ဆွဲထုတ် ယူလိုက်ပြီး. အားလုံးမြင် သာအောင်ထောင်ပြရင်း. အခုလိုပြောလိုက်ပါတယ်။. "ဒီဖုံးရဲ့ မှန် သားပြင် (screen)ကို ကြည့်စမ်းပါ။ .ခြစ်ရာတွေပေါ်နေတယ်။

လူတွေဟာ.လက်ကိုင်ဖုံးကို .ဘောင်းဘီအိပ်ထဲ ထဲ့တတ်ကြတယ်။ .ဘောင်းဘီအိပ်ထဲမှာ .သော့တွဲ့. ပိုက်ဆံ အကြွေစေ့တွေလဲ. ထဲ့တတ်ကြတယ်။ဒါတွေနဲ့ ထိလို့ခြစ်ရာပေါ်နေတဲ့ ဖုန်းးမျိုး. ငါကမ္ဘာကို မဖြန့်ချင်ဘူး။

ဒီPlastic_screen ကို.ခြစ်ရာ မထင်နိုင်တဲ့ မှန်သား Glass_scree nနဲ့လဲပစ်ရမယ်။အခုထုတ်ပြီးသား ဖုန်းတွေ အားလုံးကို (၆)ပတ် အတွင်းပြီးအောင် လဲလိုက်ကြ။

ကဲ.သွားကြတော့" လို့ပြောလိုက်တယ်။
သူ့လက်ထောက်တွေ အားလုံး. အရမ်းခေါင်းခြောက် သွားကြတယ်။

စတစ်ဗ်အကြောင်း. သူတို့ကောင်းကောင်း သိတယ်။.စတစ်ဗ်ဟာ. သူပြောပြီးတဲ့ စကားကို. ဘယ်တော့မှ အလျှော့မပေး တတ်ဘူး။. သူလိုချင်တာဖြစ်အောင်. လုပ်ကြရတော့မယ်။. ခက်တာက.iPhone စတင်ရောင်းမဲ့ ရက်ကိုကမ္ဘာသိကြေငြာပြီးပြီ။

၂လပဲ ကျန်တော့ တယ်။. ကမ္ဘာကို မဖြန့်ခင်.ဖုန်းတွေကို Glass_Screenနဲ့ အစားထိုးလဲဖို့ အချိန်(၆)ပတ် ပဲပေးတယ်။

လုပ်ပြီးသား. ဖုန်းအလုံး သိန်းချီပြီးကို (၆)ပတ်အတွင်း screen လဲတပ်ဖို့ဆိုတာ. မဖြစ်နိုင်ဘူး။. အရင် Screen လုပ်ပေးနေကျ. အမေရိကန် ကုမ္ပဏီ Corning ကိုမေးကြည့်တော့. အချိန်(၆)လ ကြာမယ်တဲ့။

သူတို့အထဲကလက်ထောက်တယောက်က. စဉ်းစားတယ်။. ဒီလောက်အချိန်တိုတိုနဲ့. စတစ်ဗ်ဖြစ်ချင်တာရဖို့. အမေရိကန်နိုင်ငံမှာတော့ မဖြစ်နိုင်ဘူး။

ဒါကြောင့်. သူဟာ(၃)ရက် အကြာမှာ. တရုပ်ပြည်က မှန်ဖြတ်စက်ရုံ အများအပြားရှိတဲ့. Shenzhenပြည်နယ်ကို .လေယဉ်နဲ့ ထွက်ခွာသွားတယ်။

.Shenzhenပြည်နယ်က စက်ရုံမှူးတွေ နဲ့တွေ့ပြီး. သူလိုချင်တဲ့ Glass_screen ကို iPhoneတွေမှာ. သတ်မှတ်ရက် အတွင်းပြီးအောင် လုပ်ပေးနိုင်ရင်အလုပ်အပ်မယ်လို့ ကမ်းလှမ်းတယ်။
နောက်ဆုံး. တရုပ်ကုမ္ပဏီ Foxconnနဲ့. သဘောတူညီမှု ရတယ်။

သဘောတူ စာချုပ်တောင် မချုပ်ရသေးဘူး. Foxcoon က.iPhone အတွက် screen လဲ တပ်ဖို့ စက်ရုံအသစ်တခုကို အားချင်းဆောက်လိုက်တယ်။

စတိုကြီး ထဲမှာလဲ. စမ်းသတ်ဖို့ မှန်ချပ်တွေဝယ်ပြီး. အမျိုးအစားအလိုက် ခွဲခြားသိုလှောင် ထားလိုက်တယ်။

စက်ရုံမှူးက. သူ့အင်ဂျင်နီယာတွေကို. စက်ရုံဝင်းထဲက. ဘားတိုက်တွေမှာ လာနေခိုင်းလိုက်တယ်။. အရေးကြီးရင်. အချိန် မရွေး.ခေါ်လို့ ရအောင်ပေါ့။မှန်တွေကို. ပိုက်ဆံမယူပဲ .ကြိုက်သလောက် စမ်းကြည့်နိုင်တယ် လို့ပြောပါတယ်။

စတစ်ဗ်လက်ထောက်ဟာ. အဲဒီစက်ရုံမှာ. တလကြာအောင်နေပြီး. တရုပ် အင်ဂျင်နီယာတွေနဲ့. မှန်မျိုးစုံ ကိုဖြတ် ကြည့်တယ်။

iPhone_Screenဖြစ်လာအောင် လုပ်ကြတယ်။.ခြစ်ရာပေါ်မပေါ် စမ်းကြည့်တယ်။ .နောက်ဆုံး .screen လုပ်နိုင်မဲ့ စိတ်ကြိုက်မှန်တွေ့ပြီ ဆိုတော့.Foxconn ကို အလုပ်အပ်တဲ့ စာချုပ်ချုပ် လိုက်တယ်။

အမေရိ ကန်. ကာလီဖိုးနီးယားမှာ ရှိတဲ့ Apple ကုမ္ပဏီကို. screenလဲတပ်ဖို့. iPhone ပထမတသုတ်ကို. Foxconn စက်ရုံ ကို ပို့လိုက်ဖို့ အကြေင်းကြား လိုက်တယ်။

တပတ်ကြာတော့. မှာထားတဲ့ iPhoneတွေထဲ့ ထားတဲ့ ကုန်သေ တ္တာတွေ. စက်ရုံကိုရောက်လာတယ်။

.ရောက်တဲ့ အချိန်ကမိုးအတော်ချုပ်နေပြီ။
iPhone.သေတ္တာတွေကို. စက်ရုံထဲ ချအပြီးမှာ. စက်ရုံမှူးဟာ .ဝီစီကို တတွီတွီနဲ့ မှုတ်လိုက်တယ်။. စက်ရုံဝင်းထဲက .ဘားတိုက်တွေမှာ. အနားယူနေကြ တဲ့ထောင်နဲ့ချီတဲ့ အင်ဂျင်နီယာတွေအလုပ်သမားတွေဘားတိုက်ပေါ်က .ပြေးဆင်းလာကြပြီးစက်ရုံရှေ့မြေကွက်လပ်မှာ တန်းစီလိုက်ကြတယ်။

စက်ရုံမှူးက. အခုအချိန်ကစပြီး. မှန် ချပ်တွေကိုဖြတ်ပြီး.iPhone_Screenတွေ လုပ်ဖို့ တညလုံး အလုပ်ဆင်းကြရမယ် လို့ပြောလိုက်တယ်။

စ ကားပြောပြီးတာနဲ့. အားလုံးကို. စားပွဲတွေပေါ်က. လက်ဖက်ရည် တခွက်နဲ့ပေါင်မုန့်တချပ်စီကို တန်းစီယူစား ခိုင်း လိုက်တယ်။အားလုံး. ကမန်းကတန်း ယူစားကြပြီး.စက်ရုံထဲ ဝင်သွားကြတယ်။

စက်ရုံတခုလုံး.ထောင်နဲ့ချီတဲ့ အလုပ်သမားတွေဟာ. ချက်ချင်းပဲ. အလုပ်စတင် လုပ်ကြတယ်။.နေ့ဆိုင်း. ညဆိုင်းတွေနဲ့ လုပ်လိုက်ကြတာ.
၃ရက်အတွင်းမှာ. iPhone အလုံး တစ်သောင်းရဲ့ plastic_screenတွေကိုglass_screenတွေနဲ့ လဲတပ်ပြီးသွားတယ်။

နောက် ၃လ အကြာမှာ .Appleကုမ္ပဏီဟာ. iPhone အလုံးပေါင်း တစ်သန်းရောင်းချ ခဲ့ပါတယ်။ .နောက်ပိုင်းမှာ. iPhoneကိုအမေရိကန်.ကာလီဖိုးနီးယားမှာ. ဒီဇိုင်းပဲဆွဲပြီး. ကုန်ကြမ်းကနေ. iPhoneဖြစ်တဲ့အထိ. တရုပ်ပြည်မှာ ပဲ.လုပ်ပါတော့တယ်။

၄နစ်ကြာတော့. Appleဟာ .iPhone အလုံးပေါင်း သန်း(၂၀၀)ရောင်း ချနိုင်ခဲ့ပါတယ်။
မီဒီယာကိုပြောပြနေတဲ့ Apple ကုမ္ပဏီ အရာရှိက. ဆက်ပြောပြပါသေးတယ်။

ကုန်ကြမ်းကနေ .iPhoneတွေဖြစ် လာတဲ့အထိ. ထုတ်လုပ်ဖို့. အင်ဂျင်နီယာပေါင်း(၈,၇၀၀)နဲ့ အလုပ်သမားပေါင်း ၂သိန်း လိုအပ်ပါတယ်။. အင်ဂျ င်နီယာ (၈,၇၀၀)ရအောင် စုဖို့ အမေရိကန်မှာ .-၉လကြာမြင့် မှာဖြစ်ပြီး. တရုပ်ပြည်မှာ (၁၅)ရက်ပဲကြာ ပါလိမ့် မယ်။

အမေရိကန်မှာ. iPhone လုပ်ရင်. လုပ်ခဈေးကြီးတာရယ်. လူမရလို့ အချိပိုကြာအောင် လုပ်ရ မှာတွေကြောင့်. iPhone ကို. အခုတရုပ်ပြည်မှာ ထုတ်ပြီးရောင်းတာထက်. အများကြီးဈေးကြီးနေမှာ မို့.ဘယ်သူမှ ဝယ်ကြမှာ. မဟုတ်ပါဘူး တဲ့။

ဒီလောက်ဆိုရင် .iPhoneကို.China.မှာ ဘာကြောင့် ထုတ်လုပ်နေတယ် ဆိုတာ. သိနိုင်ပါပြီ။

လုပ်ခဈေးနူန်း သက်သာတယ်။.မြန်မြန်ဆန်ဆန် လုပ်တတ်တယ်။.မဖြစ်နိုင်ဘူး ဆိုတာကို.ဖြစ်အောင် လုပ်နိုင် တာတွေကြောင့်. တရုပ်ပြည်ဟာ. ယနေ့ကမ္ဘာမှာ. စီးပွားရေး ထိပ်တန်းနိုင်ငံ တခုဖြစ်နေပါပြီ။

မှတ်ချက်

၁။.အမေရိကန်နိုင်ငံထုတ် "The_New_York_Times" သတင်းစာမှာ ပါတဲ့ သတင်းတပုဒ်ကို မှီငြမ်းရေး ထားတာ ပါ။
၂။.Steve_Jobs ဟာ (၂၀၁၁)ခုနှစ်.အောက်တိုဘာလ (၅)ရက်နေ့မှာ. ကင်ဆာရောဂါနဲ့ ကွယ်လွန် သွားခဲ့ပါ တယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Lwin Pyin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top