Property Expo
×
Credit: Trend Myanmar
#Unicode Version
မိမိ iPhone မှာ ဘက်ထရီနည်းနေပြီဆိုတဲ့ သတိပေးချက်လေးပြလာပြီး အနီးနားဝန်းကျင်မှာလည်း ဘာအားသွင်းကြိုးမှ မတွေ့ရတဲ့အချိန်ဟာ အဆိုးဆုံးပါပဲ။ အဲဒီလိုမျိုးအခြေအနေမှာ ကျွနု်ပ်တို့လုပ်တတ်ကြတာက အနီးဆုံးစတိုးဆိုင်းပြေးပြီး ရှိတဲ့ အားသွင်းသွားဝယ်လိုက်ကြပါတယ်။ ဒါပေမယ့် Apple ထုတ်မဟုတ်တဲ့ အားသွင်းကြိုးတွေကို သိပ်အရေးကြီးတဲ့ အခြေအနေမျိုးမှာတောင် လုံးဝမသုံးသင့်ကြောင်း မကြာသေးမီက လေ့လာတွေ့ရှိခဲ့ပါတယ်။
Apple charger မဟုတ်တဲ့ ကြိုးတွေအသုံးပြုတာက iPhone အတွင်းပိုင်းရှိ U2 IC chip ကို ပျက်စီးစေပါတယ်။ U2 IC chip က အားသွင်းခြင်းနဲ့ sleep/wake ခလုတ်စတဲ့ အဓိကလုပ်ဆောင်ချက်တချို့ကို အထောက်အကူဖြစ်စေပါတယ်။ ဒီ chip ကို ပျက်စီးမသွားချင်ဘူး မဟုတ်လား။ Apple ထုတ်မဟုတ်တဲ့ ချာဂျာကြိုးတွေ အသုံးပြုပါက သင့် iPhone ရဲ့ လုပ်ဆောင်ချက်တွေ လုံးဝရပ်တန့်စေနိုင်ပါတယ်။ ဖုန်းဘက်ထရီ အားပိုပြည့်စေမှာမဟုတ်သလို ပါဝါကျသွားပါက လုုံးဝပြန်ဖွင့်မရ ဖြစ်တတ်ပါတယ်။
မိမိအားသွင်းကြိုးပျောက်သွားလို့ပဲဖြစ်ဖြစ် နောက်အသစ်တစ်ခု ထပ်ဝယ်မှာပဲဖြစ်ဖြစ် တရားဝင်အသိမှတ်ပြုထားတဲ့ Apple iPhone charger ပဲ ဝယ်သုံးပါ။ မိမိ iPhone ကာကွယ်ရာလည်း ပိုရောက်ပါတယ်။ 
ဖိုးသူတော် (www.phothutaw.com)
Credit: Trend Myanmar
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top