Kantharyar Centre
×

တ႐ုတ္ႏုိင္ငံက မိန္းကေလးတစ္ဦးဟာ သူမရဲ႕ မ်ားျပားလြန္းတဲ့ ရည္းစားေတြကို အသံုးခ်ၿပီး ေနထိုင္စရာ တန္ဖိုးသင့္ အိမ္ပိုင္တစ္လံုး ရရွိေအာင္ အခ်ိန္တိုအတြင္း စြမ္းေဆာင္ႏုိင္ခဲ့ပါတယ္။ မၾကာေသးခင္က အသစ္ထြက္ရွိထားတဲ့ iPhone7 ေၾကာင့္ သူမဟာ ေန႔ခ်င္းညခ်င္း အိမ္ပိုင္ရွင္တစ္ဦး ျဖစ္လာခဲ့တာပါ။

ဒီဇာတ္လမ္းဟာ တ႐ုတ္ျပည္တြင္း ဘေလာ့ဝက္ဘ္ဆုိက္တစ္ျဖစ္တဲ့ Tian Ya Yi Du ဝက္ဆိုက္မွာ ေခ်ာင္ဘာလို႔ လွ်ိ႕ဝွက္အညမ္ေပးထားသူ တစ္ဦးက ဒီဇာတ္လမ္းကို ေျပာျပခဲ့တာျဖစ္ပါတယ္။ သူမရဲ႕သူငယ္ခ်င္း ေရွာင္လီ(အမည္လႊဲ)ဟာ လက္ရွိတြဲခုတ္ေနတဲ့ ရည္းစားအေယာက္ ၂၀ ထံကေန iPhone လက္ေဆာင္ေပးဖို႔ ေတာင္းဆိုခဲ့တယ္လို႔ သိရပါတယ္။ အသစ္ထြက္ထားတဲ့ iPhone7 ေတြဟာ ေစ်းအနည္းဆံုး အေမရိကန္ ၆၄၉ ေဒၚလာကေန ၉၆၉ ေဒၚလာေလာက္အထိ ေစ်းရွိတဲ့ တန္ဖိုးျမင့္ဖုန္းေတြျဖစ္ပါတယ္။


ရည္းစားအေယက္ ၂၀ က သူမကို ဘယ္လို iPhone အမ်ိဳးအစားေတြ ေပးခဲ့မွန္း မသိရေပမယ့္ အားလံုးက iPhone 7 ေတြခ်ည္း ေပးခဲ့တာလို႔ ဆိုပါတယ္။ အဲဒီေနာက္ လက္ေဆာင္ရလာတဲ့ iPhone ေတြကို သူမက တဆင့္ျပန္လည္ေရာင္းခ်ခဲ့တာျဖစ္ပါတယ္။

ျပည္တြင္းေစ်းကြက္မွာေတာ့  ျမန္မာေငြ အနည္းဆံုး ၁၀ သိန္းခန္႔ တန္တဲ့ iPhone ေတြျဖစ္လို႔ သူမဟာ ေနရာအိမ္ခန္းဝယ္ဖို႔ ေငြသားေပးေခ်ၿပီး ဝယ္ယူခဲ့တာျဖစ္ပါတယ္။ ဘေလာ့ဝက္ဆိုက္မွာ ဒီအေၾကာင္းလာေရာက္ေရးသားခဲ့သူက အိမ္ဝယ္ယူလိုက္တဲ့ မိန္းကေလးရဲ႕ သူငယ္ခ်င္းလည္းျဖစ္ပါတယ္။

ေရွာင္လီက သူမအိမ္ဝယ္ထားေၾကာင္း သူငယ္ခ်င္းေတြကိုေခၚျပတဲ့အခါ ဒီဇာတ္လမ္းကိုသိခဲ့ရတာလို႔ ေခ်ာင္ဘာက ျပန္လည္ေဝမွ်ခဲ့ပါတယ္။ တ႐ုတ္လူမႈကြန္ယက္မွာ အလြန္ေရပန္းစားေနတဲ့ ျဖစ္ရပ္ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

Unicode Version

တရုတ်နိုင်ငံက မိန်းကလေးတစ်ဦးဟာ သူမရဲ့ များပြားလွန်းတဲ့ ရည်းစားတွေကို အသုံးချပြီး နေထိုင်စရာ တန်ဖိုးသင့် အိမ်ပိုင်တစ်လုံး ရရှိအောင် အချိန်တိုအတွင်း စွမ်းဆောင်နိုင်ခဲ့ပါတယ်။ မကြာသေးခင်က အသစ်ထွက်ရှိထားတဲ့ iPhone7 ကြောင့် သူမဟာ နေ့ချင်းညချင်း အိမ်ပိုင်ရှင်တစ်ဦး ဖြစ်လာခဲ့တာပါ။

ဒီဇာတ်လမ်းဟာ တရုတ်ပြည်တွင်း ဘလော့ဝက်ဘ်ဆိုက်တစ်ဖြစ်တဲ့ Tian Ya Yi Du ဝက်ဆိုက်မှာ ချောင်ဘာလို့ လျှိ့ဝှက်အညမ်ပေးထားသူ တစ်ဦးက ဒီဇာတ်လမ်းကို ပြောပြခဲ့တာဖြစ်ပါတယ်။ သူမရဲ့သူငယ်ချင်း ရှောင်လီ(အမည်လွှဲ)ဟာ လက်ရှိတွဲခုတ်နေတဲ့ ရည်းစားအယောက် ၂၀ ထံကနေ iPhone လက်ဆောင်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ အသစ်ထွက်ထားတဲ့ iPhone7 တွေဟာ ဈေးအနည်းဆုံး အမေရိကန် ၆၄၉ ဒေါ်လာကနေ ၉၆၉ ဒေါ်လာလောက်အထိ ဈေးရှိတဲ့ တန်ဖိုးမြင့်ဖုန်းတွေဖြစ်ပါတယ်။


ရည်းစားအယေက် ၂၀ က သူမကို ဘယ်လို iPhone အမျိုးအစားတွေ ပေးခဲ့မှန်း မသိရပေမယ့် အားလုံးက iPhone 7 တွေချည်း ပေးခဲ့တာလို့ ဆိုပါတယ်။ အဲဒီနောက် လက်ဆောင်ရလာတဲ့ iPhone တွေကို သူမက တဆင့်ပြန်လည်ရောင်းချခဲ့တာဖြစ်ပါတယ်။

ပြည်တွင်းဈေးကွက်မှာတော့  မြန်မာငွေ အနည်းဆုံး ၁၀ သိန်းခန့် တန်တဲ့ iPhone တွေဖြစ်လို့ သူမဟာ နေရာအိမ်ခန်းဝယ်ဖို့ ငွေသားပေးချေပြီး ဝယ်ယူခဲ့တာဖြစ်ပါတယ်။ ဘလော့ဝက်ဆိုက်မှာ ဒီအကြောင်းလာရောက်ရေးသားခဲ့သူက အိမ်ဝယ်ယူလိုက်တဲ့ မိန်းကလေးရဲ့ သူငယ်ချင်းလည်းဖြစ်ပါတယ်။

ရှောင်လီက သူမအိမ်ဝယ်ထားကြောင်း သူငယ်ချင်းတွေကိုခေါ်ပြတဲ့အခါ ဒီဇာတ်လမ်းကိုသိခဲ့ရတာလို့ ချောင်ဘာက ပြန်လည်ဝေမျှခဲ့ပါတယ်။ တရုတ်လူမှုကွန်ယက်မှာ အလွန်ရေပန်းစားနေတဲ့ ဖြစ်ရပ်ပါ။


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top