Property Expo
×
#Unicode Version
Apple ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ iPhone 7 ဖုန်းတစ်လုံးကို အလကား သက်သက်ရနိုင်မယ့် အလွယ်ကူဆုံး နည်းလမ်းလေး တစ်ခု ပြောပြပေးမယ်ဆိုရင် သင့်အနေနဲ့ စိတ်ဝင်စားမယ်မဟုတ် လား။ တကယ်ပါ။ နည်းလမ်းလေးက အလွယ်ကူဆုံးနဲ့အသက်သာဆုံးပါပဲ။
ယူကရိန်း ကုမ္ပဏီတစ်ခု Allo.ua က ယူကရိန်းမှာဆိုရင် မိုဘိုင်းဖုန်း တွေကို
ဈေးကွက်ဖြန့်ဖြူးရောင်းချတဲ့ အကြီးမားဆုံး ကုမ္ပဏီတစ်ခု ဖြစ်ပြီးတော့ အခုလည်း iPhone 7 အတွက် ဖုန်းအရောင်းဈေးကွက် မြှင့်တင်ဖို့ ထူးခြားတဲ့နည်းလမ်းတစ်ခုနဲ့ ဈေးကွက် ဆွဲဆောင်တာတွေ ပြုလုပ်လာတာပါပဲ။
အဲ့ဒါကတော့ သင့်ရဲ့နာမည်ထဲမှာ ရှေ့စာလုံးနဲ့ နောက်ဆုံး စာလုံးမှာ iPhone 7 ဆိုတဲ့ အမည်ကိုတပ်ပြီးတော့ ပြောင်းလဲပေးလိုက်ဖို့ပါပဲ။ ဒါကို စိတ်ဝင်စားတဲ့သူတွေက ပြည်နယ်က
 နေထိုင်သူစာရင်းစစ် ကောက်ခံတဲ့ ဌာနကိုလာရောက်ပြီး အမည်ပြောင်းပြီးနောက် ပြောင်း လဲထားတဲ့ အမည်ကတ်နဲ့ အတူရိုက်ကူးထားတဲ့ ဓာတ်ပုံကို ကုမ္ပဏီ သို့ လာရောက်ပြသရမှာ ဖြစ်ပါတယ်။
ဒီလိုပြသနိုင်မယ်ဆိုရင်တော့ အိုင်ဖုန်းရဲ့ iPhone 7 32GB ဖုန်း တစ်လုံးရရှိမှာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ကုမ္ပဏီရဲ့ ဒီအစီ အစဉ်အတွက် စိတ်ဝင်စားလို့ ပါဝင်သူ ငါးဦးရှိပြီးတော့ ငါးဦးစလုံး နာမည်ပြောင်းလဲပြီးသားဖြစ်သွားပြီလို့လည်း သိရပါတယ်။
Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။  
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top