Property Expo
×

ေဆးရုံမွာ ခြဲစိတ္ကုသမႈ လုပ္ငန္းစဥ္တစ္ခုခံယူတာ အရြယ္ေရာက္ျပီးသူတစ္ဦးအတြက္ ထိတ္္လန္႔စရာအတိျဖစ္ပါတယ္။ ဒီခြဲစိတ္မႈလုပ္ငန္းစဥ္ဟာ ကေလးတစ္ေယာက္အဖို႔ ဘယ္ေလာက္ ပိုျပီး ေၾကာက္စရာေကာင္းမလဲ ေတြးၾကည့္ပါ။ ကေလးေတြကို ခြဲစိတ္ကုသမႈျပဳလုပ္ခါနီး စိတ္တည္ျငိမ္ေအာင္ထားဖုိ႔ အေရးၾကီးပါတယ္။ iPad က ေဆးဝါးမလုိ ေျဖရွင္းနည္းေကာင္းတစ္ခု ျဖစ္ႏုိင္လာမယ့္ အလားအလာရိွပါတယ္။ ကမာၻ႔ေမ့ေဆး ဆရာဝန္မ်ားညီလာခံမွာ တင္ျပတဲ့ သုေတသနအရ အသက္ ၄ ႏွစ္ကေန ၁၀ ႏွစ္အရြယ္ ကေလးေတြအတြက္ iPad ဟာ ခြဲစိတ္ကုသမႈ ခံယူေတာ့မယ့္ ကေလးေတြရဲ႕ စိုးရိမ္မႈအေျခအေနေလွ်ာ့ခ်ရာမွာ ရုိးရာတုိင္းရင္းစိတ္ျငိမ္ေဆးေတြကဲ့သုိ႔ ထိေရာက္မႈရိွေၾကာင္း ေလ့လာေတြ႔ရိွခဲ့ပါတယ္။

ျပင္သစ္သုေတသီေတြဟာ ကေလး ၅၄ ေယာက္ကုိ စမ္းသပ္ျပီး midazolam ေဆးဝါးနဲ႔ iPad ေပၚက မိနစ္ ၂၀ ဂိမ္းေတြ ႏုိင္းယွဥ္ခဲ့ပါတယ္။ ေဆးဝါးနဲ႔ တက္ပ္ဘလက္ႏွစ္ခုလုံးက စိုးရိမ္စိတ္ေလွ်ာ့က်ေစျပီး iPad က ပိုမိုထိေရာက္ႏုိင္ေျခရိွေၾကာင္း ေလ့လာေတြ႔ရိွခဲ့ပါတယ္။ ကေလးငယ္ေတြ ေဆးကုသေပးတဲ့ သူနာျပဳေတြဟာ ေမ့ေဆးသုံးဖုိ႔ ကေလးေတြ စိတ္ျငိမ္ေအာင္လုပ္ရာမွာ iPad ေတြက ပိုထိေရာက္ေၾကာင္း သတ္မွတ္ၾကခဲ့ပါတယ္။

ဒီေလ့လာေတြ႔ရိွခ်က္ေတြဟာ မိဘနဲ႔ ခြဲစိတ္ကုသမႈခံယူမယ့္ ကေလးေတြအတြက္ လုိအပ္တဲ့ေဆးဝါးပမာဏေလွ်ာ့ခ်ခ်င္တဲ့ ဆရာဝန္ေတြအတြက္ အသုံးတည့္ပါလိမ့္မယ္။ ဆဲလ္ဖုန္းနဲ႔ တက္ဘ္လက္နည္းပညာဟာ ကေလးေတြအတြက္ ေကာင္းက်ဳိးတခ်ဳိ႕ျပဳႏုိင္မယ့္ အေျခအေနမွာ ရိွပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

#Unicode Version
ဆေးရုံမှာ ခွဲစိတ်ကုသမှု လုပ်ငန်းစဉ်တစ်ခုခံယူတာ အရွယ်ရောက်ပြီးသူတစ်ဦးအတွက် ထိတ်လန့်စရာအတိဖြစ်ပါတယ်။ ဒီခွဲစိတ်မှုလုပ်ငန်းစဉ်ဟာ ကလေးတစ်ယောက်အဖို့ ဘယ်လောက် ပိုပြီး ကြောက်စရာကောင်းမလဲ တွေးကြည့်ပါ။ ကလေးတွေကို ခွဲစိတ်ကုသမှုပြုလုပ်ခါနီး စိတ်တည်ငြိမ်အောင်ထားဖို့ အရေးကြီးပါတယ်။ iPad က ဆေးဝါးမလို ဖြေရှင်းနည်းကောင်းတစ်ခု ဖြစ်နိုင်လာမယ့် အလားအလာရှိပါတယ်။ ကမ္ဘာ့မေ့ဆေး ဆရာဝန်များညီလာခံမှာ တင်ပြတဲ့ သုတေသနအရ အသက် ၄ နှစ်ကနေ ၁၀ နှစ်အရွယ် ကလေးတွေအတွက် iPad ဟာ ခွဲစိတ်ကုသမှု ခံယူတော့မယ့် ကလေးတွေရဲ့ စိုးရိမ်မှုအခြေအနေလျှော့ချရာမှာ ရိုးရာတိုင်းရင်းစိတ်ငြိမ်ဆေးတွေကဲ့သို့ ထိရောက်မှုရှိကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။

ပြင်သစ်သုတေသီတွေဟာ ကလေး ၅၄ ယောက်ကို စမ်းသပ်ပြီး midazolam ဆေးဝါးနဲ့ iPad ပေါ်က မိနစ် ၂၀ ဂိမ်းတွေ နိုင်းယှဉ်ခဲ့ပါတယ်။ ဆေးဝါးနဲ့ တက်ပ်ဘလက်နှစ်ခုလုံးက စိုးရိမ်စိတ်လျှော့ကျစေပြီး iPad က ပိုမိုထိရောက်နိုင်ခြေရှိကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။ ကလေးငယ်တွေ ဆေးကုသပေးတဲ့ သူနာပြုတွေဟာ မေ့ဆေးသုံးဖို့ ကလေးတွေ စိတ်ငြိမ်အောင်လုပ်ရာမှာ iPad တွေက ပိုထိရောက်ကြောင်း သတ်မှတ်ကြခဲ့ပါတယ်။

ဒီလေ့လာတွေ့ရှိချက်တွေဟာ မိဘနဲ့ ခွဲစိတ်ကုသမှုခံယူမယ့် ကလေးတွေအတွက် လိုအပ်တဲ့ဆေးဝါးပမာဏလျှော့ချချင်တဲ့ ဆရာဝန်တွေအတွက် အသုံးတည့်ပါလိမ့်မယ်။ ဆဲလ်ဖုန်းနဲ့ တက်ဘ်လက်နည်းပညာဟာ ကလေးတွေအတွက် ကောင်းကျိုးတချို့ပြုနိုင်မယ့် အခြေအနေမှာ ရှိပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top