Property Expo
×

နည္းပညာ ကုမၼဏီ တစ္ခုက တရား၀င္ ေျပာၾကားခဲ့တာကေတာ့ သူတို႔ဟာ ေသဆံုးသြားတဲ့ လူတစ္ေယာက္ရဲ႕ စိတ္၀ိဥာဥ္ကို ဖန္တီးထားတဲ့ ခႏၶာကိုယ္ထဲကို ထည့္သြင္းေျပာင္းေရႊ႕ႏိုင္မယ့္ စီမံကိန္းတစ္ခုကို အေကာင္အထည္ ေဖာ္ေနတယ္ဆိုတာပါပဲ။

စိတ္ကူးယဥ္သိပၸံ ရုပ္ရွင္ဇာတ္လမ္းေတြထဲကလိုပဲ နည္းပညာကုမၼဏီ တစ္ခုျဖစ္တဲ့ Humai ဟာ သူတို႔အေနနဲ႔ Artificial Intelligence ကို အသံုးျပဳၿပီး လူသားေတြရဲ႕ ျပန္လည္ ရွင္သန္ထေျမာက္လာျခင္း အတြက္ လုပ္ေဆာင္ေနတယ္လို႔ အခိုင္အမာဆိုထားပါတယ္။ သူတို႔ေတြ ေမွ်ာ္လင့္ထားၾကတာကေတာ့ ဘိုင္အိုနစ္ နည္းပညာ ၊ နာႏိုနည္းပညာ နဲ႔ Artificial Intelligence တို႔ဟာလာမယ့္ ဆယ္စုႏွစ္ ၃ ခု အတြင္း အဆင့္သင့္ ျဖစ္လာလိမ့္မယ္ ဆိုတာပါ။

ေသဆံုးသြားတဲ့ လူေတြရဲ႕ စိတ္ပိုင္းဆိုင္ရာ အသိဥာဏ္ေတြ ဆက္လက္က်န္ရွိေနဖို႔အတြက္ Humai ကုမၼဏီ ဟာ Artificial Intelligence နဲ႔ Nano နည္းပညာတို႔ကို အသံုးျပဳၿပီး စကားေျပာပံုစံမ်ား ၊ အမူအက်င့္ဆိုင္ရာ Pattern မ်ား ရဲ႕ ေဒတာ အခ်က္အလက္ေတြကို သိမ္းဆည္းကာ ခႏၶာကိုယ္တစ္ခု ရဲ႕ လုပ္ေဆာင္ခ်က္ေတြကို ဖန္တီးေပးမယ့္ သတင္းအခ်က္အလက္ေတြအျဖစ္ ထည့္သြင္းက်မွာျဖစ္ပါတယ္။

ထို ေဒတာေတြဟာ ဆင္ဆာနည္းပညာမ်ားစြာ အျဖစ္ ကုဒ္စနစ္ နဲ႔ ေျပာင္းလဲသြားမွာျဖစ္ၿပီး ဖန္တီးထားတဲ့ ခႏၶာကိုယ္တစ္ခုထဲကို လူတစ္ေယာက္ရဲ႕ ဦးေႏွာက္အသြင္နဲ႔ ထည့္သြင္းမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ သိပၸံနည္းပညာအရ ကိုယ္ပြားနည္းပညာတစ္ခုျဖစ္တဲ့ Cloning Technology ကို အသံုးျပဳၿပီး ထို ဦးေႏွာက္ေတြကို အသက္အရြယ္နဲ႔ အေတြ႕အႀကံဳသစ္ေတြအတြက္ ျပန္လည္ သိုေလွာင္ေပးႏိုင္တယ္လို႔လည္း သိရပါတယ္။

Humai ကုမၼဏီကို CEO နဲ႔ တည္ေထာင္သူ Josh Bocanegra က တည္ေထာင္ဦးေဆာင္ေနတာျဖစ္ၿပီး ေလာ့အိန္ဂ်လိစ္ မွာ အေျခစိုက္ထားတဲ့ ကုမၼဏီ တစ္ခုျဖစ္တယ္လို႔ သိရပါတယ္။ Bocanegra က ၾသစေၾတးလ် ေပၚျပဴလာ သိပၸံ သတင္းဌာနကို ေျပာျပခဲ့တာကေတာ့ သူတို႔ရဲ႕ နည္းပညာသာ ၿပီးျပည့္စံုေအာင္ အေကာင္အထည္ေဖာ္ၿပီးသြားရင္ေတာ့ ဖန္တီးထားတဲ့ ခႏၶာကိုယ္တစ္ခုအတြင္းကို ဦးေႏွာက္တစ္ခု အစားထိုး ထည့္သြင္းႏိုင္လိမ့္မယ္လို႔ အခိုင္အမာ ဆိုထားပါတယ္။

source:( Mario )

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thit Htoo Lwin

#Unicode Version
နည်းပညာ ကုမ္မဏီ တစ်ခုက တရားဝင် ပြောကြားခဲ့တာကတော့ သူတို့ဟာ သေဆုံးသွားတဲ့ လူတစ်ယောက်ရဲ့ စိတ်ဝိဉာဉ်ကို ဖန်တီးထားတဲ့ ခန္ဓာကိုယ်ထဲကို ထည့်သွင်းပြောင်းရွှေ့နိုင်မယ့် စီမံကိန်းတစ်ခုကို အကောင်အထည် ဖော်နေတယ်ဆိုတာပါပဲ။

စိတ်ကူးယဉ်သိပ္ပံ ရုပ်ရှင်ဇာတ်လမ်းတွေထဲကလိုပဲ နည်းပညာကုမ္မဏီ တစ်ခုဖြစ်တဲ့ Humai ဟာ သူတို့အနေနဲ့ Artificial Intelligence ကို အသုံးပြုပြီး လူသားတွေရဲ့ ပြန်လည် ရှင်သန်ထမြောက်လာခြင်း အတွက် လုပ်ဆောင်နေတယ်လို့ အခိုင်အမာဆိုထားပါတယ်။ သူတို့တွေ မျှော်လင့်ထားကြတာကတော့ ဘိုင်အိုနစ် နည်းပညာ ၊ နာနိုနည်းပညာ နဲ့ Artificial Intelligence တို့ဟာလာမယ့် ဆယ်စုနှစ် ၃ ခု အတွင်း အဆင့်သင့် ဖြစ်လာလိမ့်မယ် ဆိုတာပါ။

သေဆုံးသွားတဲ့ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အသိဉာဏ်တွေ ဆက်လက်ကျန်ရှိနေဖို့အတွက် Humai ကုမ္မဏီ ဟာ Artificial Intelligence နဲ့ Nano နည်းပညာတို့ကို အသုံးပြုပြီး စကားပြောပုံစံများ ၊ အမူအကျင့်ဆိုင်ရာ Pattern များ ရဲ့ ဒေတာ အချက်အလက်တွေကို သိမ်းဆည်းကာ ခန္ဓာကိုယ်တစ်ခု ရဲ့ လုပ်ဆောင်ချက်တွေကို ဖန်တီးပေးမယ့် သတင်းအချက်အလက်တွေအဖြစ် ထည့်သွင်းကျမှာဖြစ်ပါတယ်။

ထို ဒေတာတွေဟာ ဆင်ဆာနည်းပညာများစွာ အဖြစ် ကုဒ်စနစ် နဲ့ ပြောင်းလဲသွားမှာဖြစ်ပြီး ဖန်တီးထားတဲ့ ခန္ဓာကိုယ်တစ်ခုထဲကို လူတစ်ယောက်ရဲ့ ဦးနှောက်အသွင်နဲ့ ထည့်သွင်းမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သိပ္ပံနည်းပညာအရ ကိုယ်ပွားနည်းပညာတစ်ခုဖြစ်တဲ့ Cloning Technology ကို အသုံးပြုပြီး ထို ဦးနှောက်တွေကို အသက်အရွယ်နဲ့ အတွေ့အကြုံသစ်တွေအတွက် ပြန်လည် သိုလှောင်ပေးနိုင်တယ်လို့လည်း သိရပါတယ်။

Humai ကုမ္မဏီကို CEO နဲ့ တည်ထောင်သူ Josh Bocanegra က တည်ထောင်ဦးဆောင်နေတာဖြစ်ပြီး လော့အိန်ဂျလိစ် မှာ အခြေစိုက်ထားတဲ့ ကုမ္မဏီ တစ်ခုဖြစ်တယ်လို့ သိရပါတယ်။ Bocanegra က သြစတြေးလျ ပေါ်ပြူလာ သိပ္ပံ သတင်းဌာနကို ပြောပြခဲ့တာကတော့ သူတို့ရဲ့ နည်းပညာသာ ပြီးပြည့်စုံအောင် အကောင်အထည်ဖော်ပြီးသွားရင်တော့ ဖန်တီးထားတဲ့ ခန္ဓာကိုယ်တစ်ခုအတွင်းကို ဦးနှောက်တစ်ခု အစားထိုး ထည့်သွင်းနိုင်လိမ့်မယ်လို့ အခိုင်အမာ ဆိုထားပါတယ်။


source:( Mario )



ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top