Property Expo
×





Credit : Duwun


#Unicode Version

ဘရာဇီးမှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးဟာ ကာတွန်း၊ ရုပ်ရှင်ဇာတ်လမ်းတွေထဲက လူသန်ကြီး Hulk ကိုအားကျသူဖြစ်ပါတယ်။ သူဟာ လူသန်ကြီး Hulk လို ဗလကြီးတဲ့ သူတစ်ယောက်ဖြစ်လာအောင် အလေးမရုံသာမက ကြွက်သားဆီတွေ ထိုးသွင်းပြီး လူကောင်ကြီးလာအောင် ပြုလုပ်လျှက်ရှိပါတယ်။

အခုဆိုရင် သူ့ရဲ့လက်မောင်လုံးပတ်က ၂၃ လက်မအထိ ရှိနေပြီဖြစ်ပါတယ်။ အရင်ကတော့ လက်မောင်းဟာ ၁၂ လက်မလလောက်ပဲ ရှိခဲ့ပေမယ့် အလေးမ၊ ကြွက်သားတိုးတဲ့အဆီတွေ ထိုးသွင်းပြီးနောက်ပိုင်း အခုလို ကြီးထွားလာတာဖြစ်ပါတယ်။ အသက် ၄၈ နှစ်ရှိပြီဖြစ်တဲ့ မစ္စတာဗာဒီယာဟာ ရီယိုမြို့မှာ ဆောက်လုပ်ရေးလုပ်သားတစ်ဦးအဖြစ် အလုပ်လုပ်ကိုင်လျှက်ရှိပါတယ်။

" ခင်ဗျားရဲ့ ခန္ဓာကိုယ် ကြီးထွားကြံ့ခိုင်လာတာ မြင်လို့ရှိရင် ဒီထက်ပိုပြီး လိုချင်မှာ ဓမ္မတာပါပဲ" လို့ ဗာဒီယာက ပြောပါတယ်။

ဆီတွေထိုးလို့ ကြွက်သားတွေတက်လာခဲ့ပေမယ့် ခွန်အားရှိမှုကိုတော့ ဒါတွေထိုးသွင်းမှုက အထောက်အကူမဖြစ်စေဘူးလို့ ဆိုပါတယ်။ ဆရာဝန်တွေက ဒါမျိုးဆက်မလုပ်ဖို့ ပြောထားပေမယ့် ဗာဒီယာကတော့ ဆက်လုပ်ဖို့ဆန္ဒရှိနေဆဲပါ။ သူ့ရဲ့ ပန်းတိုင်ဟာ လူစွမ်းကောင်း ဇာတ်လမ်းတွေထဲက Hulk နဲ့တူချင်တာဖြစ်တဲ့အတွက် ဆက်လုပ်ဦးမှာပဲလို့ ဗာဒီယာက ပြောပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top