Kantharyar Centre
×





Credit:Thit Htoo Lwin

#Unicode Version
HP ဟာ ကြီးမားတဲ့ အလုပ်ထုထည်ကို လျှော့ချလိုလျက်ရှိနေပါတယ်။ PC ထုတ်လုပ်သူအနေနဲ့ လာမယ့် ၂၀၁၉နှစ်ကုန်ပိုင်းလောက်ဖြစ်တဲ့ သုံးနှစ်အတွင်းမှာ အလုပ်အကိုင် နေရာပေါင်း ၃၀၀၀ကနေ ၄၀၀၀အတွင်း လျှော့ချဖို့အတွက် အစီအစဉ်ရှိနေတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

HP က ချက်ချင်းအနေနဲ့ ဖြုတ်ပစ်မလားဆိုတာကိုတော့ ပြောကြားခြင်းမရှိပါဘူး။ ဒါပေမယ့် လက်ရှိထွက်ပေါ်လာတဲ့ ၂၀၁၇ခုနှစ်အတွက် အမြတ်ဝင်ငွေစာရင်းဟာ ခန့်မှန်းထားတာထက် နိမ့်ကျနေတာဖြစ်ကြောင်း သိရှိရပါတယ်။ ဒါကြောင့် အမြတ်ကိုပြန်လည်ကာမိစေဖို့အတွက် လုပ်ဆောင်ချက်တစ်ရပ်အနေနဲ့ ပြုလုပ်တာဖြစ်နိုင်ကြောင်း သတင်းတွေက ဖော်ပြပါတယ်။

HP ရဲ့ ကွန်ပျူတာတင်ပို့မှုတွေဟာ နောက်ပိုင်းမှာ အောက်ကိုထိုးဆင်းနေတာလည်းဖြစ်ပါတယ်။ ဒါကြောင့် ပိုမိုချွေတာနိုင်ဖို့အတွက်ညလ်းလုပ်ဆောင်နေတာဖြစ်လို့ HP ရဲ့ အစီအစဉ်ဟာ ပြန်လည်တည်ဆောက်ရေး

အသုံးစားရိတ်အတွက် ဒေါ်လာသန်း ၃၅၀ကနေ သန်း၅၀၀အထိ ကာမိစေနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကုမ္ပဏီကတစ်နှစ်ကို ဒေါ်လာသန်း၂၀၀ကနေသန်း၃၀၀လောက်အထိ ချွေတာနိုင်ဖို့အတွက် မျှော်လင့်နေပြီး HP ရဲ့ အစီအစဉ်အောင်မြင်မအောင်မြင်ဆိုတာကတော့ စောင့်ကြည့်ကြရမှာပါ။


ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top