Property Expo
×

Harry Styles က မဂၢဇင္းမ်က္ႏွာဖံုးမွာ ပထမဆံုး တစ္ကိုယ္ေတာ္ေနႏွင့္ ပါဝင္ထားတဲ့ မဂၢဇင္းေတြထြက္လာပါၿပီ။ မဂၢဇင္းေတြလို႔ေျပာရတာကေတာ့ Another Man မဂၢဇင္းအတြက္ မ်က္ႏွာဖံုး ၃ ခုႏွင့္ ထြက္လာလို႔ပါပဲ။

ပထမဆံုးမ်က္ႏွာဖံုးကေတာ့ ဆံပင္မညွပ္ခင္ကတည္းက ရိုက္ထားတာျဖစ္တဲ့အတြက္ ေမလကတည္းကရိုက္ထားၿပီး သိမ္းထားတာပါ။ Harry ရဲ႕ မဂၢဇင္းမ်က္ႏွာဖံုး ဘယ္ေတာ့ထြက္မလဲဆိုတာ မသိရဘဲ ၆ လေလာက္ေစာင့္ေနခဲ့ရေပမယ့္ လွ်ဳိ႕ဝွက္ထားခဲ့တာျဖစ္ပါတယ္။

ဒုတိယမ်က္ႏွာဖံုးကေတာ့ ဆံပင္ညွပ္ၿပီးေနာက္ပိုင္းမွ ရိုက္ထားတာျဖစ္ေပမယ့္ ပရိသတ္ေတြ ပထမဆံုးေတြ႔ရတဲ့ပံုစံမ်ဳိး ခုေခတ္စတိုင္လုပ္ထားေတာ့မဟုတ္ပါဘူး။

 အင္တာဗ်ဴးကိုေတာ့ Paul McCartney ႏွင့္ Chelsea Handler တို႔ကလုပ္ထားတာျဖစ္တဲ့အတြက္ အရင္ေခတ္ကစတိုင္ကို ဂါရဝျပဳတဲ့အေနႏွင့္ လုပ္ထားတာလည္းျဖစ္ႏိုင္ပါတယ္။ Paul McCartney ထက္စာရင္ Mick Jagger ႏွင့္ပိုတူေပမယ့္ Harry အတြက္ေတာ့ Mick အတိုင္းေတြရတာ ပထမဆံုးမဟုတ္ေတာ့ပါဘူး။

ေနာက္ဆံုးတစ္ခုကေတာ့ ဆံပင္အတိုနဲ႔ Harry ကို သိုးေမြးဆြယ္တာႏွင့္ လည္ကတ္ဆြဲႀကိဳး ဝတ္ဆင္ထားတာ ေတြ႔ရပါတယ္။ Harry ေရးထားတဲ့အတိုင္းဆိုရင္ေတာ့ ဒီမဂၢဇင္းေတြက စက္တင္ဘာလ ၂၉ ရက္မွာ ထြက္မွာျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thit Htoo Lwin

#Unicode Version
Harry Styles က မဂ္ဂဇင်းမျက်နှာဖုံးမှာ ပထမဆုံး တစ်ကိုယ်တော်နေနှင့် ပါဝင်ထားတဲ့ မဂ္ဂဇင်းတွေထွက်လာပါပြီ။ မဂ္ဂဇင်းတွေလို့ပြောရတာကတော့ Another Man မဂ္ဂဇင်းအတွက် မျက်နှာဖုံး ၃ ခုနှင့် ထွက်လာလို့ပါပဲ။

ပထမဆုံးမျက်နှာဖုံးကတော့ ဆံပင်မညှပ်ခင်ကတည်းက ရိုက်ထားတာဖြစ်တဲ့အတွက် မေလကတည်းကရိုက်ထားပြီး သိမ်းထားတာပါ။ Harry ရဲ့ မဂ္ဂဇင်းမျက်နှာဖုံး ဘယ်တော့ထွက်မလဲဆိုတာ မသိရဘဲ ၆ လလောက်စောင့်နေခဲ့ရပေမယ့် လျှို့ဝှက်ထားခဲ့တာဖြစ်ပါတယ်။

ဒုတိယမျက်နှာဖုံးကတော့ ဆံပင်ညှပ်ပြီးနောက်ပိုင်းမှ ရိုက်ထားတာဖြစ်ပေမယ့် ပရိသတ်တွေ ပထမဆုံးတွေ့ရတဲ့ပုံစံမျိုး ခုခေတ်စတိုင်လုပ်ထားတော့မဟုတ်ပါဘူး။

 အင်တာဗျူးကိုတော့ Paul McCartney နှင့် Chelsea Handler တို့ကလုပ်ထားတာဖြစ်တဲ့အတွက် အရင်ခေတ်ကစတိုင်ကို ဂါရဝပြုတဲ့အနေနှင့် လုပ်ထားတာလည်းဖြစ်နိုင်ပါတယ်။ Paul McCartney ထက်စာရင် Mick Jagger နှင့်ပိုတူပေမယ့် Harry အတွက်တော့ Mick အတိုင်းတွေရတာ ပထမဆုံးမဟုတ်တော့ပါဘူး။

နောက်ဆုံးတစ်ခုကတော့ ဆံပင်အတိုနဲ့ Harry ကို သိုးမွေးဆွယ်တာနှင့် လည်ကတ်ဆွဲကြိုး ဝတ်ဆင်ထားတာ တွေ့ရပါတယ်။ Harry ရေးထားတဲ့အတိုင်းဆိုရင်တော့ ဒီမဂ္ဂဇင်းတွေက စက်တင်ဘာလ ၂၉ ရက်မှာ ထွက်မှာဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin

 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top