Kantharyar Centre
×

ေအာက္တုိဘာလကုန္ခါနီးေလ ေနေရာင္ျခည္က အားေဖ်ာ့လာၿပီး ညေနေစာင္းလွ်င္ အေမွာင္ထုကခ်က္ခ်င္း၀င္ေရာက္လာသည္။ အ ေမွာင္ထုႏွင့္အတူ အေအးဓာတ္ကပါ တစိမ့္စိမ့္၀င္ေရာက္လာသည္။ ယခုကဲ့သို႔ ကမၻာေျမမွာ ေနေရာင္ျခည္ေဖ်ာ့၊ အလင္းမ်ားေပ်ာ့လာၿပီး ေအးျမေသာ ေဆာင္းႏွင့္ အေမွာင္ထုခ်င္းနင္းလာခ်ိန္မွာ ကမၻာႀကီးႏွင့္ ပရေလာကၾကားမွာ လမ္းပြင့္သြားသည့္အခ်ိန္ဟု ဆို စကားရွိသည္။ ထို႔ေၾကာင့္သည္ အခ်ိန္မွာ ကမၻာေျမကို ၀ိညာဥ္မ်ား ျပန္လာၾကေလ့ရွိသည္။ ထုိ႔ ေၾကာင့္ ထုိ၀ိညာဥ္မ်ားကို ေပ်ာ္ရႊင္ ေအာင္လုပ္ေပးသည့္ ဟဲလိုး၀င္းပဲြေတာ္ကို က်င္းပျခင္းျဖစ္သည္။

ပင့္ကူအိမ္မ်ားယွက္သန္းေန ေသာ အိမ္အိုႀကီး၊ ေခါင္းတလားပုံႏွင့္ အ႐ိုးေခါင္းပုံမ်ား ဆင္ယင္ျခယ္သေလ့ရွိသည့္ ဟဲလိုး၀င္းပဲြေတာ္သည္ ကမၻာႀကီးမွာ သိပၸံပညာမည္မွ်ထြန္းကားေနပါေစ လူအ မ်ားသည္ သရဲတေစၧပရေလာကကို ယုံၾကည္ေန ၾကဆဲျဖစ္သည္ကို ျပေနသည္။

ယခုကဲ့သို႔ ေအးျမျမေဆာင္းည မ်ားမွာ လူအေတာ္မ်ားမ်ားသည္ သရဲတေစၧ႐ုပ္ရွင္မ်ားကို   ၾကည့္ၾကေလ့ရွိ သည္။ ထုိ႐ုပ္ရွင္မ်ားသည္ ေၾကာက္စရာ၊ ထိတ္စရာျဖစ္ေသာ္လည္း ယခုထက္ထိ မ႐ိုးႏုိင္ေသး။ ေခတ္အဆက္ဆက္ ပရိသတ္မ်ားအားေပးေနဆဲ ျဖစ္သည္။ သရဲ႐ုပ္ရွင္မ်ားၾကည့္႐ုံ မက အခ်င္းခ်င္း သရဲတေစၧအ ေၾကာင္းေျပာကာ ရင္ဖိုၾကသည္ ကလည္း ဟဲလုိး၀င္း၏ အရသာ ပင္။ ဘယ္သရဲ ပုံျပင္က ပုိေၾကာက္စရာေကာင္းသလဲ။ ေၾကာက္တာကိုမွ ဖတ္ၾက၊ ရွာေဖြၾကည့္ေလ့ရွိ ၾကသည္။

ေခတ္အဆက္ဆက္ သရဲတေစၧပုံျပင္မ်ားထဲတြင္ ေအာက္ပါသရဲပုံျပင္မ်ားက ကမၻာမွာေၾကာက္ စရာအေကာင္းဆုံး သရဲဇာတ္လမ္းမ်ားဟု ဆို႐ုိးရွိ၏။

ဘီစီ ၁၂၀၀ က အီဂ်စ္သရဲ

၁၉၂၅ ခု အီဂ်စ္ပညာရွင္ ဂတ္စတန္မာစပိုက ေရွးေဟာင္း အီဂ်စ္သရဲဇာတ္လမ္းတစ္ခုကို ဘာသာျပန္ခဲ့သည္။ သည္ဇာတ္လမ္းမွာ အီဂ်စ္နတ္ကြန္းေစာင့္ဘုန္း ႀကီးတစ္ပါးကို အမ်ဳိးသားတစ္ဦး ၏ မံမီအေလာင္းကလာေတြ႕ၿပီး သူေနထုိင္ရပုံ အေျခအေနကိုေျပာ ျပသည့္အေၾကာင္း ျဖစ္သည္။

‘‘ငါကေနေရာင္ကို မျမင္ရ ဘူး။ ငါေလကိုလည္းရွဴလို႔ မရဘူး။ ငါ့ေရွ႕မွာ အေမွာင္ထုႀကီးပဲေန႔ တုိင္းရွိေနတယ္။ ငါ့ကိုလည္း ဘယ္သူမွ လာမရွာၾကဘူး’’

အဆုိပါ မံမီသရဲသည္ သူ႔ အေလာင္းျမႇဳပ္ႏွံထားသည့္ ဂူကို လာထိခိုက္သျဖင့္ သူ႔ဂူကြယ္ရ သည့္အေၾကာင္းကို ဘုန္းႀကီးအား မေက်မနပ္ လာေျပာျခင္းျဖစ္သည္ဟု အဆုိပါ ဇာတ္လမ္းမွာေရးသား ထားသည္။

တ႐ုတ္သရဲတူပို

တူပိုသည္ အၿငိဳးႀကီးၿပီး လက္စားေခ်လိုစိတ္ ျပင္းလွေသာ ေရွးေခတ္ကတ႐ုတ္သရဲ ျဖစ္ သည္။ တူပုိသည္ ဘီစီ ၈၂၇-၇၈၃ စီအထိ အုပ္ခ်ဳပ္ခဲ့ေသာ တ႐ုတ္ဘုရင္ ဆြန္လက္ထက္မွာ ၀န္ႀကီးအျဖစ္ အမႈထမ္းခဲ့သည္။ သူသည္ ဘုရင္ႏွင့္ သေဘာထားမတုိက္ဆုိင္သျဖင့္ ဘုရင္ဆြန္ကဘီစီ ၇၈၆ မွာ သူ႔ကိုကြပ္မ်က္ခဲ့၏။ မေသခင္မွာ တူပုိက သူေသလွ်င္ ဘုရင္ကိုလာၿပီ ေျခာက္မည္ဟု ေျပာၾကားခဲ့သည္။

သရဲတူပုိက ဘုရင္ကိုေျခာက္ တာထက္ပင္ ပိုတုံံ႔ျပန္ခဲ့သည္။ သူ ေသၿပီးသုံးႏွစ္အၾကာမွာ ဘုရင္ သည္ နတ္ကြန္းေရွ႕မွာ တူပိုအမွတ္အသားပါသည့္ ျမားျဖင့္ အပစ္ခံရကာ ေသဆုံးခဲ့၏။

ေအသင္ၿမိဳ႕က သံႀကိဳးစြပ္သရဲ

ဂရိႏုိင္ငံ ေအသင္ၿမိဳ႕မွာ အခန္းခန္း အေဆာင္ေဆာင္ႏွင့္ ႀကီးမားေသာ အိမ္ႀကီးရွိသည္။ သုိ႔ေသာ္ထုိအိမ္ကနာမည္ဆုိးႏွင့္ ေက်ာ္ၾကားၿပီး မည္သူမွ်မေနရဲ။ အဘယ္ေၾကာင့္ဆုိေသာ္   ညဘက္မွာ သံႀကိဳးတုိက္သံမ်ား၊     သံေျခခ်င္း ခတ္သံမ်ား ၾကားရေလ့ရွိသည္။ တစ္ခါတစ္ရံမွာ မုတ္ဆိတ္၊ ပါးသိုင္းေမြးမ်ားႏွင့္ အလြန္သနား စရာေကာင္းလွေသာ ပုံစံျဖင့္ ေျခေထာက္ႏွင့္ လက္မ်ားမွာ သံကြင္းမ်ားခတ္ခံထားရေသာ အဘိုးႀကီးတစ္ဦးကို ေတြ႕ရသည္ဟုဆုိသည္။

သည္အခါမွာ   ေအသင္ႏုိဒိုရာစ္ဆုိ သည့္ အေတြးအေခၚပညာရွင္တစ္ဦး က ထုိအိမ္ကိုငွားၿပီး ျဖစ္ရပ္ကို စုံစမ္းသည္။  ညအခါမွာ  သံ ႀကိဳးခတ္ခံထားရသည့္ အဘိုးအို ေပၚလာကာ တစ္ေနရာမွာေပ်ာက္ ကြယ္သြားသည္။ အဘိုးအုိ ေပ်ာက္သြားသည့္ ေနရာကိုသူတူးၾကည့္ သည့္အခါ သံေျခခ်င္းခတ္ထား ေသာ အ႐ိုးစုတစ္ခုကို ေတြ႕ရ၏။ ထိုအ႐ိုးစုကို သၿဂဳႋဟ္ၿပီးသည့္အခါ ထုိသရဲအေၾကာင္း ေနာက္ထပ္ မၾကားရေတာ့ေခ်။

ၿဗိတိန္က လန္ဒန္တာ၀ါ

ၿဗိတိန္ႏုိင္ငံ လန္ဒန္ၿမိဳ႕ရွိ လန္ဒန္တာ၀ါသည္လည္း ေခတ္ အဆက္ဆက္ သရဲပုံျပင္မ်ား ေၾကာင့္ နာမည္ႀကီးသည္။ အႏွစ္ ကိုးရာသက္တမ္းရွိေသာ လန္ဒန္ တာ၀ါက မိဖုရားမ်ားေနခဲ့ရာအ ေဆာင္သည္ သရဲအေျခာက္ဆုံး ေနရာျဖစ္သည္ဟု ဆုိစကားရွိ၏။

ထုိသရဲမ်ားထဲမွ ဂ်ိမ္းစ္ဘု ရင္၏ ညီမ၀မ္းကဲြေတာ္သူ အရာ ဘယ္လာက နာမည္ႀကီး၏။ အ ရာဘယ္လာက ဘုရင္သေဘာမ တူသူႏွင့္ လက္ထပ္ခဲ့သည့္အ တြက္ လန္ဒန္တာ၀ါမွာ ကြပ္မ်က္ ျခင္းခံရသည္။ သို႔ေသာ္ အရာဘယ္ လာကသူ႔ကုိယ္သူ ယခင္လိုပဲ ဘုရင့္အမႈကိုထမ္းေဆာင္ေနဆဲ ျဖစ္ သည္။ ထို႔ေၾကာင့္ အရာဘယ္လာ တေစၧကို လန္ဒန္တာ၀ါမွာ မၾကာ ခဏျမင္ေနရဆဲ ျဖစ္သည္ဟုဆုိ သည္။

ေနာက္ထပ္လန္ဒန္တာ၀ါ မွာ လူသိအမ်ားဆုံး တေစၧကဟင္နရီ(၁၄) ဘုရင္၏မိဖုရားအန္ဘုိ လင္း ျဖစ္သည္။ သူ႔ကိုလန္ဒန္တာ ၀ါ၏ အစိမ္းေရာင္ေမွ်ာ္စင္မွာ ဖမ္းထားၿပီး ၁၅၃၆ ေမလ ၁၉ ရက္ေန႔မွာ ေခါင္းျဖတ္သတ္ခဲ့၏။ အန္ဘိုလင္း ကို ေခါင္းမပါဘဲ လန္ဒန္တာ၀ါ စႀကႍမ်ားမွာ ေလွ်ာက္သြားေန သည္ကို လူအေတာ္မ်ားမ်ားျမင္ဖူး ၾကသည္။

ဂ်ပန္ႏုိင္ငံ ဖူဂ်ီေတာင္ေျခရင္းက အိုကီဂါဟာရာသစ္ေတာ

အိုကီဂါဟာရာသစ္ေတာ သည္ ဂ်ပန္ႏုိင္ငံက ဖူဂ်ီေတာင္ေျခ ရင္းမွာ တည္ရွိသည္။ ထိုေနရာမွာ လြန္ခဲ့ေသာ အႏွစ္ႏွစ္ဆယ္အတြင္းကိုယ့္ကိုယ္ကုိယ္ သတ္ေသခဲ့သည့္ ႐ုပ္အေလာင္းမ်ားကို ေတြ႕ခဲ့ရသည္။ ထုိေနရာသည္ ဂ်ပန္မွာ ကိုယ့္ကိုယ္ကိုယ္သတ္ေသရန္အ တြက္ နာမည္ႀကီးေသာေနရာ ျဖစ္သည္။

ယေန႔ထက္တုိင္ အဆိုပါ သစ္ေတာတြင္လူေတြကို ကိုယ့္ ကုိယ္ကိုယ္ အဆုံးမစီရင္ရန္ႏွင့္ အကူအညီကိုရယူရန္ ေရးထား ေသာ ဆုိင္းဘုတ္မ်ားရွိသည္။ လူ အေတာ္မ်ားမ်ားသည္ ေနရာမွာ သတ္ေသခဲ့ၾကသည့္အတြက္ အ ဆုိပါ ေတာမွာေသဆုံးသူမ်ား၏ ၀ိညာဥ္မ်ားႏွင့္ ဆုံဖူးၾကသူအေတာ္ မ်ားမ်ား ရွိသည္။ တခ်ဳိ႕က ဗီဒီယုိ ျဖင့္ ႐ုိက္ကူးၿပီး ယူက်ဳ႕ဒ္မွာ တင္ ထားတာကို ေတြ႕ျမင္ႏုိင္သည္။

နယူးေယာက္က နာမည္ႀကီးသရဲ အိမ္

အေမရိကန္ႏုိင္ငံ နယူး ေယာက္ျပည္နယ္ အမက္တီေဗးလ္က သရဲေျခာက္သည့္အိမ္က လည္း အေမရိကမွာ နာမည္ႀကီး သရဲဇာတ္လမ္း ျဖစ္သည္။ ၁၉၇၄  မွာ ေရာ္နယ္ဒီဖီ႐ိုဆိုသူက သူ၏ မိခင္၊ ဖခင္ႏွင့္သူတို႔၏ ကေလး ေလးဦးကို ပစ္ခတ္ခဲ့၏။ ေရာ္နယ္က အသံတိတ္ေသနတ္လည္း မသုံးခဲ့ ပါ။ သို႔ေသာ္ အိမ္ထဲမွာလူေတြကုိ သတ္သည့္ အသံကိုမည္သူကမွ် မၾကားခဲ့သျဖင့္ ရဲေတြမ်က္စိလည္ ခဲ့ရသည္။

၁၉၇၅ မွာ သည္အိမ္ကို ေစ်း ခ်ဳိခ်ဳိႏွင့္ ရသျဖင့္လုစ္မိသားစု ေျပာင္းလာခဲ့သည္။ သူတုိ႔တစ္လျပည့္ေအာင္ပင္ မေနႏုိင္ပါ။ အိမ္နား၀န္းက်င္ကေန အသံေတြၾကားေနရသည္။ သူတုိ႔သမီးေလးကလည္း အိပ္မက္ထဲမွာ ဂ်ဳိဒီဟုေခၚ သည့္ မ်က္လုံးနီႏွင့္ ၀က္တစ္ေကာင္ကို ေန႔တုိင္းေတြ႕ေနရ သည္။ အိမ္ကို ယင္ေကာင္မ်ား အမ်ားႀကီးလာသလို  နံရံမ်ားကလည္း ယိမ္းထုိးတတ္၏။ အိမ္ေထာင္ပရိ ေဘာဂမ်ားကလည္း သူတုိ႔ဘာ သာေနရာေျပာင္းတတ္ၾကသည္။

ထုိအခါ သဘာ၀လြန္ထူး ဆန္းမႈမ်ားကို ရွာေဖြစုံစမ္းသူေတြ က အဆုိပါ အိမ္ကိုသြားေရာက္ ေထာက္လွမ္းၾကရာ သူတုိ႔လည္းထုိအျဖစ္မ်ားကို ႀကံဳေတြ႕ၾကသည္။ သူတုိ႔ကို အမ်ဳိးအမည္မသိသည့္အား တစ္ရပ္အိမ္ေျမ ေအာက္ခန္း ၾကမ္းျပင္ေပၚကို တြန္းလွဲတာ ခံခဲ့ရသည္။ ထုိအိမ္ကား ယေန႔အထိ ရွိေနဆဲပင္ ျဖစ္သည္။ လက္ရွိအိမ္ရွင္ကေတာ့ ယခင္ကဲ့သို႔ သရဲမေျခာက္ေတာ့ပါဟု ေျပာၾကားသည္။ သို႔ေသာ္ အဆုိပါ အိမ္အေၾကာင္းကို အေျခခံ႐ုိက္ကူးထားၾကသည့္ သရဲကား အေတာ္မ်ားမ်ား ရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

အောက်တိုဘာလကုန်ခါနီးလေ နေရောင်ခြည်က အားဖျော့လာပြီး ညနေစောင်းလျှင် အမှောင်ထုကချက်ချင်းဝင်ရောက်လာသည်။ အ မှောင်ထုနှင့်အတူ အအေးဓာတ်ကပါ တစိမ့်စိမ့်ဝင်ရောက်လာသည်။ ယခုကဲ့သို့ ကမ္ဘာမြေမှာ နေရောင်ခြည်ဖျော့၊ အလင်းများပျော့လာပြီး အေးမြသော ဆောင်းနှင့် အမှောင်ထုချင်းနင်းလာချိန်မှာ ကမ္ဘာကြီးနှင့် ပရလောကကြားမှာ လမ်းပွင့်သွားသည့်အချိန်ဟု ဆို စကားရှိသည်။ ထို့ကြောင့်သည် အချိန်မှာ ကမ္ဘာမြေကို ဝိညာဉ်များ ပြန်လာကြလေ့ရှိသည်။ ထို့ ကြောင့် ထိုဝိညာဉ်များကို ပျော်ရွှင် အောင်လုပ်ပေးသည့် ဟဲလိုးဝင်းပွဲတော်ကို ကျင်းပခြင်းဖြစ်သည်။

ပင့်ကူအိမ်များယှက်သန်းနေ သော အိမ်အိုကြီး၊ ခေါင်းတလားပုံနှင့် အရိုးခေါင်းပုံများ ဆင်ယင်ခြယ်သလေ့ရှိသည့် ဟဲလိုးဝင်းပွဲတော်သည် ကမ္ဘာကြီးမှာ သိပ္ပံပညာမည်မျှထွန်းကားနေပါစေ လူအ များသည် သရဲတစ္ဆေပရလောကကို ယုံကြည်နေ ကြဆဲဖြစ်သည်ကို ပြနေသည်။

ယခုကဲ့သို့ အေးမြမြဆောင်းည များမှာ လူအတော်များများသည် သရဲတစ္ဆေရုပ်ရှင်များကို   ကြည့်ကြလေ့ရှိ သည်။ ထိုရုပ်ရှင်များသည် ကြောက်စရာ၊ ထိတ်စရာဖြစ်သော်လည်း ယခုထက်ထိ မရိုးနိုင်သေး။ ခေတ်အဆက်ဆက် ပရိသတ်များအားပေးနေဆဲ ဖြစ်သည်။ သရဲရုပ်ရှင်များကြည့်ရုံ မက အချင်းချင်း သရဲတစ္ဆေအ ကြောင်းပြောကာ ရင်ဖိုကြသည် ကလည်း ဟဲလိုးဝင်း၏ အရသာ ပင်။ ဘယ်သရဲ ပုံပြင်က ပိုကြောက်စရာကောင်းသလဲ။ ကြောက်တာကိုမှ ဖတ်ကြ၊ ရှာဖွေကြည့်လေ့ရှိ ကြသည်။

ခေတ်အဆက်ဆက် သရဲတစ္ဆေပုံပြင်များထဲတွင် အောက်ပါသရဲပုံပြင်များက ကမ္ဘာမှာကြောက် စရာအကောင်းဆုံး သရဲဇာတ်လမ်းများဟု ဆိုရိုးရှိ၏။

ဘီစီ ၁၂၀၀ က အီဂျစ်သရဲ

၁၉၂၅ ခု အီဂျစ်ပညာရှင် ဂတ်စတန်မာစပိုက ရှေးဟောင်း အီဂျစ်သရဲဇာတ်လမ်းတစ်ခုကို ဘာသာပြန်ခဲ့သည်။ သည်ဇာတ်လမ်းမှာ အီဂျစ်နတ်ကွန်းစောင့်ဘုန်း ကြီးတစ်ပါးကို အမျိုးသားတစ်ဦး ၏ မံမီအလောင်းကလာတွေ့ပြီး သူနေထိုင်ရပုံ အခြေအနေကိုပြော ပြသည့်အကြောင်း ဖြစ်သည်။

‘‘ငါကနေရောင်ကို မမြင်ရ ဘူး။ ငါလေကိုလည်းရှူလို့ မရဘူး။ ငါ့ရှေ့မှာ အမှောင်ထုကြီးပဲနေ့ တိုင်းရှိနေတယ်။ ငါ့ကိုလည်း ဘယ်သူမှ လာမရှာကြဘူး’’

အဆိုပါ မံမီသရဲသည် သူ့ အလောင်းမြှုပ်နှံထားသည့် ဂူကို လာထိခိုက်သဖြင့် သူ့ဂူကွယ်ရ သည့်အကြောင်းကို ဘုန်းကြီးအား မကျေမနပ် လာပြောခြင်းဖြစ်သည်ဟု အဆိုပါ ဇာတ်လမ်းမှာရေးသား ထားသည်။

တရုတ်သရဲတူပို

တူပိုသည် အငြိုးကြီးပြီး လက်စားချေလိုစိတ် ပြင်းလှသော ရှေးခေတ်ကတရုတ်သရဲ ဖြစ် သည်။ တူပိုသည် ဘီစီ ၈၂၇-၇၈၃ စီအထိ အုပ်ချုပ်ခဲ့သော တရုတ်ဘုရင် ဆွန်လက်ထက်မှာ ဝန်ကြီးအဖြစ် အမှုထမ်းခဲ့သည်။ သူသည် ဘုရင်နှင့် သဘောထားမတိုက်ဆိုင်သဖြင့် ဘုရင်ဆွန်ကဘီစီ ၇၈၆ မှာ သူ့ကိုကွပ်မျက်ခဲ့၏။ မသေခင်မှာ တူပိုက သူသေလျှင် ဘုရင်ကိုလာပြီ ခြောက်မည်ဟု ပြောကြားခဲ့သည်။

သရဲတူပိုက ဘုရင်ကိုခြောက် တာထက်ပင် ပိုတုံံ့ပြန်ခဲ့သည်။ သူ သေပြီးသုံးနှစ်အကြာမှာ ဘုရင် သည် နတ်ကွန်းရှေ့မှာ တူပိုအမှတ်အသားပါသည့် မြားဖြင့် အပစ်ခံရကာ သေဆုံးခဲ့၏။

အေသင်မြို့က သံကြိုးစွပ်သရဲ

ဂရိနိုင်ငံ အေသင်မြို့မှာ အခန်းခန်း အဆောင်ဆောင်နှင့် ကြီးမားသော အိမ်ကြီးရှိသည်။ သို့သော်ထိုအိမ်ကနာမည်ဆိုးနှင့် ကျော်ကြားပြီး မည်သူမျှမနေရဲ။ အဘယ်ကြောင့်ဆိုသော်   ညဘက်မှာ သံကြိုးတိုက်သံများ၊     သံခြေချင်း ခတ်သံများ ကြားရလေ့ရှိသည်။ တစ်ခါတစ်ရံမှာ မုတ်ဆိတ်၊ ပါးသိုင်းမွေးများနှင့် အလွန်သနား စရာကောင်းလှသော ပုံစံဖြင့် ခြေထောက်နှင့် လက်များမှာ သံကွင်းများခတ်ခံထားရသော အဘိုးကြီးတစ်ဦးကို တွေ့ရသည်ဟုဆိုသည်။

သည်အခါမှာ   အေသင်နိုဒိုရာစ်ဆို သည့် အတွေးအခေါ်ပညာရှင်တစ်ဦး က ထိုအိမ်ကိုငှားပြီး ဖြစ်ရပ်ကို စုံစမ်းသည်။  ညအခါမှာ  သံ ကြိုးခတ်ခံထားရသည့် အဘိုးအို ပေါ်လာကာ တစ်နေရာမှာပျောက် ကွယ်သွားသည်။ အဘိုးအို ပျောက်သွားသည့် နေရာကိုသူတူးကြည့် သည့်အခါ သံခြေချင်းခတ်ထား သော အရိုးစုတစ်ခုကို တွေ့ရ၏။ ထိုအရိုးစုကို သဂြုႋဟ်ပြီးသည့်အခါ ထိုသရဲအကြောင်း နောက်ထပ် မကြားရတော့ချေ။

ဗြိတိန်က လန်ဒန်တာဝါ

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ လန်ဒန်တာဝါသည်လည်း ခေတ် အဆက်ဆက် သရဲပုံပြင်များ ကြောင့် နာမည်ကြီးသည်။ အနှစ် ကိုးရာသက်တမ်းရှိသော လန်ဒန် တာဝါက မိဖုရားများနေခဲ့ရာအ ဆောင်သည် သရဲအခြောက်ဆုံး နေရာဖြစ်သည်ဟု ဆိုစကားရှိ၏။

ထိုသရဲများထဲမှ ဂျိမ်းစ်ဘု ရင်၏ ညီမဝမ်းကွဲတော်သူ အရာ ဘယ်လာက နာမည်ကြီး၏။ အ ရာဘယ်လာက ဘုရင်သဘောမ တူသူနှင့် လက်ထပ်ခဲ့သည့်အ တွက် လန်ဒန်တာဝါမှာ ကွပ်မျက် ခြင်းခံရသည်။ သို့သော် အရာဘယ် လာကသူ့ကိုယ်သူ ယခင်လိုပဲ ဘုရင့်အမှုကိုထမ်းဆောင်နေဆဲ ဖြစ် သည်။ ထို့ကြောင့် အရာဘယ်လာ တစ္ဆေကို လန်ဒန်တာဝါမှာ မကြာ ခဏမြင်နေရဆဲ ဖြစ်သည်ဟုဆို သည်။

နောက်ထပ်လန်ဒန်တာဝါ မှာ လူသိအများဆုံး တစ္ဆေကဟင်နရီ(၁၄) ဘုရင်၏မိဖုရားအန်ဘို လင်း ဖြစ်သည်။ သူ့ကိုလန်ဒန်တာ ဝါ၏ အစိမ်းရောင်မျှော်စင်မှာ ဖမ်းထားပြီး ၁၅၃၆ မေလ ၁၉ ရက်နေ့မှာ ခေါင်းဖြတ်သတ်ခဲ့၏။ အန်ဘိုလင်း ကို ခေါင်းမပါဘဲ လန်ဒန်တာဝါ စင်္ကြံများမှာ လျှောက်သွားနေ သည်ကို လူအတော်များများမြင်ဖူး ကြသည်။

ဂျပန်နိုင်ငံ ဖူဂျီတောင်ခြေရင်းက အိုကီဂါဟာရာသစ်တော

အိုကီဂါဟာရာသစ်တော သည် ဂျပန်နိုင်ငံက ဖူဂျီတောင်ခြေ ရင်းမှာ တည်ရှိသည်။ ထိုနေရာမှာ လွန်ခဲ့သော အနှစ်နှစ်ဆယ်အတွင်းကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့သည့် ရုပ်အလောင်းများကို တွေ့ခဲ့ရသည်။ ထိုနေရာသည် ဂျပန်မှာ ကိုယ့်ကိုယ်ကိုယ်သတ်သေရန်အ တွက် နာမည်ကြီးသောနေရာ ဖြစ်သည်။

ယနေ့ထက်တိုင် အဆိုပါ သစ်တောတွင်လူတွေကို ကိုယ့် ကိုယ်ကိုယ် အဆုံးမစီရင်ရန်နှင့် အကူအညီကိုရယူရန် ရေးထား သော ဆိုင်းဘုတ်များရှိသည်။ လူ အတော်များများသည် နေရာမှာ သတ်သေခဲ့ကြသည့်အတွက် အ ဆိုပါ တောမှာသေဆုံးသူများ၏ ဝိညာဉ်များနှင့် ဆုံဖူးကြသူအတော် များများ ရှိသည်။ တချို့က ဗီဒီယို ဖြင့် ရိုက်ကူးပြီး ယူကျု့ဒ်မှာ တင် ထားတာကို တွေ့မြင်နိုင်သည်။

နယူးယောက်က နာမည်ကြီးသရဲ အိမ်

အမေရိကန်နိုင်ငံ နယူး ယောက်ပြည်နယ် အမက်တီဗေးလ်က သရဲခြောက်သည့်အိမ်က လည်း အမေရိကမှာ နာမည်ကြီး သရဲဇာတ်လမ်း ဖြစ်သည်။ ၁၉၇၄  မှာ ရော်နယ်ဒီဖီရိုဆိုသူက သူ၏ မိခင်၊ ဖခင်နှင့်သူတို့၏ ကလေး လေးဦးကို ပစ်ခတ်ခဲ့၏။ ရော်နယ်က အသံတိတ်သေနတ်လည်း မသုံးခဲ့ ပါ။ သို့သော် အိမ်ထဲမှာလူတွေကို သတ်သည့် အသံကိုမည်သူကမျှ မကြားခဲ့သဖြင့် ရဲတွေမျက်စိလည် ခဲ့ရသည်။

၁၉၇၅ မှာ သည်အိမ်ကို ဈေး ချိုချိုနှင့် ရသဖြင့်လုစ်မိသားစု ပြောင်းလာခဲ့သည်။ သူတို့တစ်လပြည့်အောင်ပင် မနေနိုင်ပါ။ အိမ်နားဝန်းကျင်ကနေ အသံတွေကြားနေရသည်။ သူတို့သမီးလေးကလည်း အိပ်မက်ထဲမှာ ဂျိုဒီဟုခေါ် သည့် မျက်လုံးနီနှင့် ဝက်တစ်ကောင်ကို နေ့တိုင်းတွေ့နေရ သည်။ အိမ်ကို ယင်ကောင်များ အများကြီးလာသလို  နံရံများကလည်း ယိမ်းထိုးတတ်၏။ အိမ်ထောင်ပရိ ဘောဂများကလည်း သူတို့ဘာ သာနေရာပြောင်းတတ်ကြသည်။

ထိုအခါ သဘာဝလွန်ထူး ဆန်းမှုများကို ရှာဖွေစုံစမ်းသူတွေ က အဆိုပါ အိမ်ကိုသွားရောက် ထောက်လှမ်းကြရာ သူတို့လည်းထိုအဖြစ်များကို ကြုံတွေ့ကြသည်။ သူတို့ကို အမျိုးအမည်မသိသည့်အား တစ်ရပ်အိမ်မြေ အောက်ခန်း ကြမ်းပြင်ပေါ်ကို တွန်းလှဲတာ ခံခဲ့ရသည်။ ထိုအိမ်ကား ယနေ့အထိ ရှိနေဆဲပင် ဖြစ်သည်။ လက်ရှိအိမ်ရှင်ကတော့ ယခင်ကဲ့သို့ သရဲမခြောက်တော့ပါဟု ပြောကြားသည်။ သို့သော် အဆိုပါ အိမ်အကြောင်းကို အခြေခံရိုက်ကူးထားကြသည့် သရဲကား အတော်များများ ရှိသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top