Property Expo
×

ယေန႕ေခတ္မွာ က်န္းမာေရးအတြက္ပဲ ျဖစ္ျဖစ္၊ ခႏၶာကိုယ္အခ်ိဳးက် လွပေစဖုိ႕ပဲျဖစ္ျဖစ္ စက္ပစၥည္းကိရိယာ စံုစံုလင္လင္ရွိတဲ့ GYM မွာ ကိုယ္လက္ေလ့က်င့္ခန္းေတြ သြားလုပ္တဲ့သူေတြ တစ္ေန႕ထက္ တစ္ေန႕ ပိုမိုမ်ားလာပါျပီ။ ဒါေပမယ့္ သင္သြားသြားေနတဲ့ GYM မွာ သင့္ကို အၾကီးအက်ယ္ စိတ္ပ်က္ေစတဲ့ လူ (၆) ဦးကေတာ့ အျမဲကုိ ရွိတတ္ပါတယ္။ အဲ့ဒီလူအမ်ိဳးအစားေတြက

၁။ GYM ေဆာ့ျပီး ဗလေတြ ဘယ္ေလာက္ထြက္လာေၾကာင္း ၾကြားတတ္တဲ့သူ။
လူတကာေရွ႕မွာ သူ႕ဗလ ဘယ္ေလာက္ၾကီးေၾကာင္း ၾကြက္သားေတြ ညွစ္ျပတတ္တဲ့ ဗလခပ္ၾကီးၾကီး အမ်ိဳးသားေတြဟာ GYM တုိင္းမွာ ရွိတတ္ပါတယ္။ သူနဲ႕ မ်က္လံုးခ်င္းဆံုတာနဲ႕ GYM ေဆာ့တာ ဘယ္ေလာက္ၾကာျပီလဲဆုိတာက စျပီး သင့္ကိုေမးခြန္းေတြ တရစပ္ေမးရင္း သူ႕ဗလအေၾကာင္းကိုပါ ၾကြားလံုးထုတ္ပါလိမ့္မယ္။

၂။ အားေန ဖုန္းထုတ္ျပီး sms ပို႕ေနတတ္သူ။
တစ္ေယာက္ျပီးမွ တစ္ေယာက္ တက္ျပီးေလ့က်င့္ရမယ့္ စက္ကိရိယာမ်ိဳးေတြေပၚမွာ ကိုယ္လည္း တကယ္ေလ့က်င့္ခန္း မလုပ္ပဲ ဖုန္းထုတ္ျပီး မၾကာခဏ sms ပို႕ေနတတ္တဲ့သူ သင္သြားေနက် GYM မွာ သတိထားမိပါသလား။ ဖုန္းနဲ႕ sms ပို႕ျပီးရင္ စက္ေပၚ ျပန္ထုိင္ျပီးကစား၊ ခဏၾကာ ျပန္ပို႕၊ ပတ္ခ်ာလည္ရိုက္ျပီး လုပ္ေနတတ္သူကို ေျပာတာပါ။

၃။ GYM ကို မိတ္ကပ္ေတြလိမ္းျပီး လာကစားတတ္သူ။
ပြဲတစ္ခုခုက တန္းလာျပီး GYM ၀င္ေဆာ့တယ္ဆုိရင္ေတာ့ ဒီလူကို နားလည္ေပးလုိ႕ရေပမယ့္ GYM ကိုလာတုိင္း မိတ္ကပ္ေတြ အထူၾကီးလိမ္း၊ mascara ေတြဆိုးျပီး ေရာက္လာတတ္သူဆုိရင္ေတာ့ အားလံုး အံ့အားသင့္ၾကမယ္ထင္ပါတယ္။ GYM မွာက နင္လိမ္းထားတဲ့ မိတ္ကပ္သားအရမ္းေကာင္းတယ္ လို႕ ေျပာမယ့္လူမွမရွိပဲေနာ္။

၄။ တစ္ခ်ိန္လံုး အတူတူ တတြဲတြဲ ေဆာ့တတ္တဲ့ အတြဲ။
အေၾကာေလ်ွာ့တဲ့အခ်ိန္က စလို႕ ဘယ္စက္ေပၚတက္တက္၊ ဘယ္လို ေလ့က်င့္ခန္းေတြလုပ္လုပ္ တစ္ခ်ိန္လံုးအတူတူ လုပ္ျပေနတတ္တဲ့ အတြဲဆုိရင္လည္း စိတ္ပ်က္စရာေကာင္းတာ အမွန္ပါပဲ။

၅။ အားေန selfie ရိုက္ေနတတ္သူ။
ဘာေလ့က်င့္ခန္းမွ မလုပ္ရေသးဘူး selfie တစ္ပံုကေတာ့ ရုိက္ျပီးေနျပီ။ အေလးမလည္း selfie ရိုက္လိုက္တာပဲ။ ဘာစက္ေပၚတက္တက္ selfie ရိုက္ျပီးသားပဲ။ GYM က ရွိသမ်ွမွန္ေတြေရွ႕မွာလည္း သူမရိုက္ဖူးတာ မရွိတဲ့သူေတြကလည္း တကယ္ေတာ့ စိတ္ပ်က္စရာေကာင္းပါတယ္။ ေလ့က်င့္ခန္း လာလုပ္တာလား၊ ဓာတ္ပံုလာရိုက္တာလားလုိ႕ ေမးခ်င္စရာပါ။

၆။ GYM ေဆာ့ရမွာ ပ်င္းတဲ့သူ။
အိမ္က အတင္းတုိက္တြန္းလို႕၊ ဒါမွမဟုတ္ တျခားလူတစ္ေယာက္ေယာက္က တြန္းအားေပးလုိ႕ မေဆာ့ခ်င္ေဆာ့ခ်င္ GYM ေရာက္လာတဲ့သူေတြဟာ စက္တစ္ခုေပၚတက္ ပ်င္းတိပ်င္းရြဲနဲ႕ သမ္းေ၀ျပီး ေဆာ့၊ ေနာက္တစ္ခုကို ေျပာင္းမေဆာ့ခင္ အခ်ိန္အၾကာၾကီးနားတတ္ၾကပါတယ္။ ဒီလိုလူေတြကလည္း အျခား GYM မွာရွိတဲ့သူေတြကို စိတ္ပ်က္ေစပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: trend Myanmar

#Unicode Version

ယနေ့ခေတ်မှာ ကျန်းမာရေးအတွက်ပဲ ဖြစ်ဖြစ်၊ ခန္ဓာကိုယ်အချိုးကျ လှပစေဖို့ပဲဖြစ်ဖြစ် စက်ပစ္စည်းကိရိယာ စုံစုံလင်လင်ရှိတဲ့ GYM မှာ ကိုယ်လက်လေ့ကျင့်ခန်းတွေ သွားလုပ်တဲ့သူတွေ တစ်နေ့ထက် တစ်နေ့ ပိုမိုများလာပါပြီ။ ဒါပေမယ့် သင်သွားသွားနေတဲ့ GYM မှာ သင့်ကို အကြီးအကျယ် စိတ်ပျက်စေတဲ့ လူ (၆) ဦးကတော့ အမြဲကို ရှိတတ်ပါတယ်။ အဲ့ဒီလူအမျိုးအစားတွေက

၁။ GYM ဆော့ပြီး ဗလတွေ ဘယ်လောက်ထွက်လာကြောင်း ကြွားတတ်တဲ့သူ။
လူတကာရှေ့မှာ သူ့ဗလ ဘယ်လောက်ကြီးကြောင်း ကြွက်သားတွေ ညှစ်ပြတတ်တဲ့ ဗလခပ်ကြီးကြီး အမျိုးသားတွေဟာ GYM တိုင်းမှာ ရှိတတ်ပါတယ်။ သူနဲ့ မျက်လုံးချင်းဆုံတာနဲ့ GYM ဆော့တာ ဘယ်လောက်ကြာပြီလဲဆိုတာက စပြီး သင့်ကိုမေးခွန်းတွေ တရစပ်မေးရင်း သူ့ဗလအကြောင်းကိုပါ ကြွားလုံးထုတ်ပါလိမ့်မယ်။

၂။ အားနေ ဖုန်းထုတ်ပြီး sms ပို့နေတတ်သူ။
တစ်ယောက်ပြီးမှ တစ်ယောက် တက်ပြီးလေ့ကျင့်ရမယ့် စက်ကိရိယာမျိုးတွေပေါ်မှာ ကိုယ်လည်း တကယ်လေ့ကျင့်ခန်း မလုပ်ပဲ ဖုန်းထုတ်ပြီး မကြာခဏ sms ပို့နေတတ်တဲ့သူ သင်သွားနေကျ GYM မှာ သတိထားမိပါသလား။ ဖုန်းနဲ့ sms ပို့ပြီးရင် စက်ပေါ် ပြန်ထိုင်ပြီးကစား၊ ခဏကြာ ပြန်ပို့၊ ပတ်ချာလည်ရိုက်ပြီး လုပ်နေတတ်သူကို ပြောတာပါ။

၃။ GYM ကို မိတ်ကပ်တွေလိမ်းပြီး လာကစားတတ်သူ။
ပွဲတစ်ခုခုက တန်းလာပြီး GYM ဝင်ဆော့တယ်ဆိုရင်တော့ ဒီလူကို နားလည်ပေးလို့ရပေမယ့် GYM ကိုလာတိုင်း မိတ်ကပ်တွေ အထူကြီးလိမ်း၊ mascara တွေဆိုးပြီး ရောက်လာတတ်သူဆိုရင်တော့ အားလုံး အံ့အားသင့်ကြမယ်ထင်ပါတယ်။ GYM မှာက နင်လိမ်းထားတဲ့ မိတ်ကပ်သားအရမ်းကောင်းတယ် လို့ ပြောမယ့်လူမှမရှိပဲနော်။

၄။ တစ်ချိန်လုံး အတူတူ တတွဲတွဲ ဆော့တတ်တဲ့ အတွဲ။
အကြောလျှော့တဲ့အချိန်က စလို့ ဘယ်စက်ပေါ်တက်တက်၊ ဘယ်လို လေ့ကျင့်ခန်းတွေလုပ်လုပ် တစ်ချိန်လုံးအတူတူ လုပ်ပြနေတတ်တဲ့ အတွဲဆိုရင်လည်း စိတ်ပျက်စရာကောင်းတာ အမှန်ပါပဲ။

၅။ အားနေ selfie ရိုက်နေတတ်သူ။
ဘာလေ့ကျင့်ခန်းမှ မလုပ်ရသေးဘူး selfie တစ်ပုံကတော့ ရိုက်ပြီးနေပြီ။ အလေးမလည်း selfie ရိုက်လိုက်တာပဲ။ ဘာစက်ပေါ်တက်တက် selfie ရိုက်ပြီးသားပဲ။ GYM က ရှိသမျှမှန်တွေရှေ့မှာလည်း သူမရိုက်ဖူးတာ မရှိတဲ့သူတွေကလည်း တကယ်တော့ စိတ်ပျက်စရာကောင်းပါတယ်။ လေ့ကျင့်ခန်း လာလုပ်တာလား၊ ဓာတ်ပုံလာရိုက်တာလားလို့ မေးချင်စရာပါ။

၆။ GYM ဆော့ရမှာ ပျင်းတဲ့သူ။
အိမ်က အတင်းတိုက်တွန်းလို့၊ ဒါမှမဟုတ် တခြားလူတစ်ယောက်ယောက်က တွန်းအားပေးလို့ မဆော့ချင်ဆော့ချင် GYM ရောက်လာတဲ့သူတွေဟာ စက်တစ်ခုပေါ်တက် ပျင်းတိပျင်းရွဲနဲ့ သမ်းဝေပြီး ဆော့၊ နောက်တစ်ခုကို ပြောင်းမဆော့ခင် အချိန်အကြာကြီးနားတတ်ကြပါတယ်။ ဒီလိုလူတွေကလည်း အခြား GYM မှာရှိတဲ့သူတွေကို စိတ်ပျက်စေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top