Kantharyar Centre
×






Credit: 7 day daily

#Unicode Version

 ပေါ့ပ်၊ ရော့ခ်ဂီတ အဖွဲ့ Green Day ၏ များမကြာမီ က ထွက်ရှိထားသော Revolution Radio အယ်လ်ဘမ်သစ်သည် အမေရိကန်နှင့် ဗြိတိန်တေးဂီတ စာရင်းတွင် နံပါတ် (၁)နေရာ၌ ရှိနေသည်။

ယင်းအယ်လ်ဘမ်သည် ဘေလ်ဘုတ် ၂၀၀ စာရင်းတွင် Green Day အဖွဲ့၏ တတိယ မြောက်နံပါတ် (၁) နေရာရရှိ သော တေးအယ်လ်ဘမ်ဖြစ်သည်။

Green Day အဖွဲ့သည် ၂၀၀၇ တွင် 21st Century Break down တေးအယ်လ်ဘမ် ဖြင့်လည်းကောင်း၊ ၂၀၀၄ တွင် American Idiot တေးအယ်လ် ဘမ်ဖြင့်လည်းကောင်း ဘေလ် ဘုတ် ၂၀၀ စာရင်း၌ နံပါတ် (၁) နေရာကို ရရှိခဲ့သည်။

ယင်းစာရင်းတွင် အမေရိ ကန်အမျိုးသမီး အဆိုတော် နော် ရာဂျုံးစ်၏ Day Breaks တေး အယ်လ်ဘမ်မှာ နံပါတ် ၂ နေရာ တွင် ရှိနေသည်။

‘‘ဗြိတိန်ဟာ အမြဲတမ်းပဲ ကျွန်တော်တို့ ဇာတ်လမ်းရဲ့ ကြီး မားတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါ တယ်။ ကျွန်တော်တို့ အနုပညာ သည်ဘဝရဲ့ ဒီအခြေအနေမှာ နံပါတ်တစ် သတ်မှတ်ခံရတဲ့ တေး အယ်လ်ဘမ်တစ်ခု ရှိလာတာဟာ အထူးစိတ်ကျေနပ်စရာ ကောင်း ပါတယ်’’ဟု Green Dayအဖွဲ့က ပြောကြားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top