Kantharyar Centre
×

 ေပါ့ပ္၊ ပန္႔ခ္၊ ေရာ့ခ္ တီးဝုိင္း Green Day ၏ ပင္တိုင္ အဆုိေတာ္ ဘီလီဂ်ဳိးအမ္းစထ ေရာင္းသည္ နယူးဂ်ာဆီျပည္နယ္ တြင္ ေဖ်ာ္ေျဖမႈအတြင္း အေမရိ ကန္သမၼတေလာင္း    ေဒၚနယ္ ထရန္႔ကို သီခ်င္းစာသား ေျပာင္း လဲ၍ ႐ႈတ္ခ်ေဝဖန္လိုက္သည္။

Holiday သီခ်င္းကို သီဆို ေဖ်ာ္ေျဖေနစဥ္ ဘီလီဂ်ဳိးက ခတၱ ရပ္ၿပီး ရီပက္ဘေလကန္သမၼတ ေလာင္း ေဒၚနယ္ထရန္႔ကို ႐ႈတ္ခ် ေဝဖန္ခဲ့ျခင္းျဖစ္သည္။

လာမည့္ေရြးေကာက္ပြဲဝင္သမၼတေလာင္း ေဒၚနယ္ထရန္႔ ႏွင့္ပတ္သက္၍ မည္သို႔သေဘာ ရသလဲဟု Green Day အဆိုေတာ္ဘီလီဂ်ဳိးက ပရိသတ္မ်ားအား ေမးျမန္းခဲ့သည္။

ယခု ဤေနရာတြင္ လူျဖဴႀကီးစိုးေရးဝါဒမရွိ၊ မိမိတို႔အတူ ေလွ်ာက္လွမ္းလာၾကၿပီး ႏိုင္ငံေရးသမားမ်ားကို ႐ႈတ္ခ်ၾကရန္ ေရာက္လာျခင္းျဖစ္သည္ဟု ၎ က ေျပာၾကားခဲ့သည္။

ယင္းေနာက္ Holiday သီ ခ်င္းကို ဆက္လက္သီဆုိခဲ့ၿပီး အီဖယ္ ေမွ်ာ္စင္ကို အမႈန္႔ေခ်ပစ္မယ္ဆိုေသာ စာသားအစား ထရန္႔ေမွ်ာ္စင္ကို အမႈန္႔ေခ်ပစ္မယ္ဆို ေသာ စာသားျဖင့္ အစားထုိးသီဆုိ ခဲ့သည္။

Green Day အဖြဲ႕သည္ ေအာက္တိုဘာ ၇ ရက္တြင္ ၁၂ ခုေျမာက္ အယ္လ္ဘမ္ျဖစ္ေသာ Revolution Radio ထုတ္ေဝမႈမတိုင္မီ နယူးဂ်ာဆီတြင္ ေဖ်ာ္ေျဖခဲ့ၿပီး ဇန္နဝါရီတြင္ ဥေရာပသို႔ သြားေရာက္ေဖ်ာ္ေျဖမည္ျဖစ္ သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

 ပေါ့ပ်၊ ပန့်ခ်၊ ရော့ခ် တီးဝိုင်း Green Day ၏ ပင်တိုင် အဆိုတော် ဘီလီဂျိုးအမ်းစထ ရောင်းသည် နယူးဂျာဆီပြည်နယ် တွင် ဖျော်ဖြေမှုအတွင်း အမေရိ ကန်သမ္မတလောင်း    ဒေါ်နယ် ထရန့်ကို သီချင်းစာသား ပြောင်း လဲ၍ ရှုတ်ချဝေဖန်လိုက်သည်။

Holiday သီချင်းကို သီဆို ဖျော်ဖြေနေစဉ် ဘီလီဂျိုးက ခတ္တ ရပ်ပြီး ရီပက်ဘလေကန်သမ္မတ လောင်း ဒေါ်နယ်ထရန့်ကို ရှုတ်ချ ဝေဖန်ခဲ့ခြင်းဖြစ်သည်။

လာမည့်ရွေးကောက်ပွဲဝင်သမ္မတလောင်း ဒေါ်နယ်ထရန့် နှင့်ပတ်သက်၍ မည်သို့သဘော ရသလဲဟု Green Day အဆိုတော်ဘီလီဂျိုးက ပရိသတ်များအား မေးမြန်းခဲ့သည်။

ယခု ဤနေရာတွင် လူဖြူကြီးစိုးရေးဝါဒမရှိ၊ မိမိတို့အတူ လျှောက်လှမ်းလာကြပြီး နိုင်ငံရေးသမားများကို ရှုတ်ချကြရန် ရောက်လာခြင်းဖြစ်သည်ဟု ၎င်း က ပြောကြားခဲ့သည်။

ယင်းနောက် Holiday သီ ချင်းကို ဆက်လက်သီဆိုခဲ့ပြီး အီဖယ် မျှော်စင်ကို အမှုန့်ချေပစ်မယ်ဆိုသော စာသားအစား ထရန့်မျှော်စင်ကို အမှုန့်ချေပစ်မယ်ဆို သော စာသားဖြင့် အစားထိုးသီဆို ခဲ့သည်။

Green Day အဖွဲ့သည် အောက်တိုဘာ ၇ ရက်တွင် ၁၂ ခုမြောက် အယ်လ်ဘမ်ဖြစ်သော Revolution Radio ထုတ်ဝေမှုမတိုင်မီ နယူးဂျာဆီတွင် ဖျော်ဖြေခဲ့ပြီး ဇန်နဝါရီတွင် ဥရောပသို့ သွားရောက်ဖျော်ဖြေမည်ဖြစ် သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top