Kantharyar Centre
×





Credit:Thit Htoo Lwin

#Unicode Version
Google ရဲ့နှစ်စဉ်ထုတ်လုပ်တဲ့ ဖုန်းတွေထဲက အမျိုးအစားသစ်ကို နောက်လဆန်းပိုင်း (၄ရက်နေ့) မှာ မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဖုန်းသစ် Pixel အတွက် ကောလာဟလသတင်းတွေ ထွက်ပေါ်ထားတဲ့အထဲမှာ ယခုအခါမှာတော့ လုံးဝအတိအကျ မှန်ကန်နိုင်ခြေရှိတဲ့ ဗီဒီယိုတစ်ခု ထွက်ပေါ်လာပါတယ်။

ဖုန်းအနေနဲ့ အပါးလွှာဆုံးအနေနဲ့ ထွက်ပေါ်လာနိုင်ပြီး လုပ်ဆောင်ချက်တွေအနေနဲ့ CPU မှာ Snapdragon 821 Processor, 4GB RAM အနည်းဆုံး 32 GB ပါဝင်မယ့် Memory၊ Android 7.1 Nougat ဗားရှင်းတို့ ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

မျက်နှာပြင်အကျယ်အနေနဲ့ Pixel ဖုန်းဟာ ၅လက်မအရွယ် 1080p ရုပ်ထွက်မျက်နှာပြင်၊ 2770 mAh ဘက်ထရီ၊ Pixel XL ကတော့ ပိုမိုကြီးမားတဲ့ ၅.၅လက်မအရွယ် QHD ရုပ်ထွက်ရှိတဲ့ မျက်နှာပြင်နဲ့ 3450 mAh ဘက်ထရီတို့ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။


https://youtu.be/C6V1AYP8F-0


ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top