Property Expo
×




Credit:Thit Htoo Lwin

#Unicode Version
သင့်အနေနဲ့ Google Search မှာ လုပ်ဆောင်ချက်များစွာ လုပ်ဆောင်နိုင်ပါတယ်။ ယခုတစ်ဖန်လည်း Google အနေနဲ့ ဂရပ်ဖစ်ဒီဇိုင်နာတွေအတွက် လုပ်ဆောင်ချက်တစ်ခု ထပ်မံ ထည့်သွင်းပေးလိုက်ပါတယ်။

အဲ့ဒါကတော့ သင့်အနေနဲ့ အရောင်တွေရဲ့ ကုတ်တွေကို ကြည့်ရှုနိုင်တာပဲ ဖြစ်ပါတယ်။ တကယ်လို့ Google မှာ “RGB to Hex” လို့ ရိုက်ထည့်လိုက်မယ်ဆိုရင် သင့်ကို Color Converter တစ်ခု ထုတ်ဖော်ပြသပေးမှာဖြစ်ပြီး သင့်အနေနဲ့ အရောင်တွေရဲ့ RGB ဒါမှမဟုတ် Hex တန်ဖိုးနှစ်ခုလုံးကို ကြည့်ရှုနိုင်မှာပါ။

ထပ်ပေါင်းအနေနဲ့လည်း သင်ဟာ Show Color Value ကိုနှိပ်ပြီး HSV, HSL နဲ့ CMYK အရေအတွက်တွေကို ကြည့်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒါဟာ အတော်အသုံးဝင်တဲ့ လုပ်ဆောင်ချက်တစ်ခုလို့လဲ ပြောနိုင်ပါတယ်။ ဒါပေမယ့် သင့်အနေနဲ့ Photoshop ကိုဖွင့်ပြီးတော့လည်း အထဲမှာရှိတဲ့ ကာလာတန်ဖိုးကို ကြည့်ရှုဖို့အတွက်လည်း လုပ်ဆောင်လို့ရတာတော့ သိရှိပြီး ဖြစ်မှာပါ။


ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top