Kantharyar Centre
×

ကမၻာ့အဆိပ္အျပင္းဆံုး သတၱဝါစာရင္းထဲမွာ ထိပ္တန္းအျဖစ္ ပါဝင္တဲ့ သတၱဝါ တစ္မ်ိဳးကေတာ့ ေရႊဖား (ေရႊအဆိပ္ဖား) (Golden poison frog) ျဖစ္ပါတယ္။

ေရႊဖား တစ္ေကာင္မွ ထြက္တဲ့ ၁ မီလီဂရမ္ အဆိပ္ဟာ ၾကြက္ေပါင္း ၁ ေသာင္း သတ္လို႔ ရပါတယ္။ လူဆုိရင္ အေယာက္ ၂၀၊ ဆင္ဆုိရင္ အာဖရိက ဆင္ ႏွစ္ေကာင္ ေသေလာက္ေအာင္ေတာင္ အဆိပ္ျပင္း ပါတယ္။ ဒါေၾကာင့္ ၁ ဂရမ္ ရွိတဲ့ ေရႊအဆိပ္ဖား တစ္ေကာင္ဟာဆုိရင္ လူ အေယာက္ ၁ ေသာင္းခြဲကုိ ေသေစႏိုင္တယ္ိလု႔ိ သိပၸံပညာရွင္တို႔ တြက္ခ်က္ ေလ့ လာ ေတြ႔ရွိထားပါတယ္။

ေျဖေဆးလည္း ေတာ္ရံု ရွာလို႔မရပဲ အဆိပ္မိရင္ အားလံုး ေသၾက ရပါတယ္။ ယင္း ေရႊဖားကသာ ကမၻာေပၚမွာ တစ္မ်ိဳးတည္းေသာ ကိုယ့္အဆိပ္ကို ခံႏိုင္ရည္ ရွိသူမ်ား ျဖစ္ပါတယ္။ သူ႔အဆိပ္က ဘယ္ သက္ရွိ သတၱဝါကိုမဆုိ သတ္ႏိုင္ပါတယ္။ ယင္းဖားကုိ စားမိတဲ့ ဘယ္သတၱဝါမဆုိလည္း ေသရပါ တယ္။ Liophis epinephelus အမည္ရ ေျမြ မ်ိဳးကလြဲလို႔ ျဖစ္ပါတယ္။ ဒါေတာင္ အျပည့္အဝမဟုတ္ပဲ Liophis ေျမြလည္း အခန္႔မသင့္ရင္ ေသပါ တယ္။

ပုိျပီးေတာ့ ေၾကာက္စရာ ေကာင္းတာက ယင္းေရႊအဆိပ္ဖား ေတြဟာ ဆုိရွယ္ ဆန္ဆန္ အစုလိုက္ ေနထိုင္ၾကသူမ်ား ျဖစ္ပါတယ္။ အနည္းဆုံး ၄ ေကာင္ေလာက္ စုေနပါတယ္။ ျပီးေတာ့ သက္ရွိ ဖားေတြထဲမွာ ယင္း olden poison frog က ဥာဏ္ရည္အျမင့္ဆံုး ျဖစ္ပါတယ္။ ဖားဘုရင္ လို႔ေတာင္ တင္စားၾကပါတယ္။ ဘယ္သက္ရွိ သတၱဝါမွလည္း အႏၱရာယ္ မေပးရဲတဲ့အတြက္ သူတို႔ပတ္ဝန္းက်င္မွာေတာ့ ဘုရင္ပဲ ျဖစ္ပါတယ္။

အရြယ္အစား ၅၅ မီလီမီတာေလာက္ထိ ၾကီးႏိုင္ျပီး ေရႊေရာင္နဲ႔ လိေမၼာ္ေရာင္ အဆင္းရွိတတ္ပါတယ္။ သူတုိ႔ ေနထိုင္က်က္စားတဲ့ ေနရာကေတာ့ အပူခ်ိန္ 26 °C ထက္ မနည္းတဲ့ မုိးသစ္ေတာ ေဒသ ျဖစ္ျပီး ျမန္မာျပည္ မွာလည္း ေတြ႔ရတတ္ပါတယ္။

အဆိပ္ျပင္းတဲ့ ေျမြေဟာက္တစ္ေကာင္ေတာင္ အဆိပ္တစ္ခါ ထုတ္ရင္ သက္ရွိ တစ္ဦး၊တစ္ေကာင္ကိုသာ ေသေစျပီး ေရႊအဆိပ္ဖား ကေတာ့ ေထာင္ေသာင္းမကကို ေသေစပါတယ္။ အဆိပ္ထုတ္စရာမလိုပဲ သူ႔ရဲ ႔ ခႏၶာကိုယ္ကုိက အဆိပ္ေတြနဲ႔ သင္းၾကိဳင္ေနတာ ျဖစ္ပါ တယ္။ ေရႊ အဆိပ္ဖား ေလွ်ာက္သြားတဲ့ ေနရာကို တစ္ရွဳးနဲ႔ သုတ္ျပီး ေခြး၊ၾကက္တို႔ကို ရွုေစရင္ ခ်က္ခ်င္းေသေစတာကုိလည္း လက္ေတြ႔စမ္းသပ္ေတြ႔ ရွိခဲ့ျပီး ျဖစ္ပါ တယ္။

ဒါေၾကာင့္ ေရႊအဆိပ္ဖား (Golden poison frog) ကို ကမၻာ့အဆိပ္အျပင္းဆံုး သက္ရွိ သတၱဝါအျဖစ္ အမ်ားစု လက္ခံထားၾကပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Yoyarlay

#Unicode Version
ကမ္ဘာ့အဆိပ်အပြင်းဆုံး သတ္တဝါစာရင်းထဲမှာ ထိပ်တန်းအဖြစ် ပါဝင်တဲ့ သတ္တဝါ တစ်မျိုးကတော့ ရွှေဖား (ရွှေအဆိပ်ဖား) (Golden poison frog) ဖြစ်ပါတယ်။

ရွှေဖား တစ်ကောင်မှ ထွက်တဲ့ ၁ မီလီဂရမ် အဆိပ်ဟာ ကြွက်ပေါင်း ၁ သောင်း သတ်လို့ ရပါတယ်။ လူဆိုရင် အယောက် ၂၀၊ ဆင်ဆိုရင် အာဖရိက ဆင် နှစ်ကောင် သေလောက်အောင်တောင် အဆိပ်ပြင်း ပါတယ်။ ဒါကြောင့် ၁ ဂရမ် ရှိတဲ့ ရွှေအဆိပ်ဖား တစ်ကောင်ဟာဆိုရင် လူ အယောက် ၁ သောင်းခွဲကို သေစေနိုင်တယိလု့ိ သိပ္ပံပညာရှင်တို့ တွက်ချက် လေ့ လာ တွေ့ရှိထားပါတယ်။

ဖြေဆေးလည်း တော်ရုံ ရှာလို့မရပဲ အဆိပ်မိရင် အားလုံး သေကြ ရပါတယ်။ ယင်း ရွှေဖားကသာ ကမ္ဘာပေါ်မှာ တစ်မျိုးတည်းသော ကိုယ့်အဆိပ်ကို ခံနိုင်ရည် ရှိသူများ ဖြစ်ပါတယ်။ သူ့အဆိပ်က ဘယ် သက်ရှိ သတ္တဝါကိုမဆို သတ်နိုင်ပါတယ်။ ယင်းဖားကို စားမိတဲ့ ဘယ်သတ္တဝါမဆိုလည်း သေရပါ တယ်။ Liophis epinephelus အမည်ရ မြွေ မျိုးကလွဲလို့ ဖြစ်ပါတယ်။ ဒါတောင် အပြည့်အဝမဟုတ်ပဲ Liophis မြွေလည်း အခန့်မသင့်ရင် သေပါ တယ်။

ပိုပြီးတော့ ကြောက်စရာ ကောင်းတာက ယင်းရွှေအဆိပ်ဖား တွေဟာ ဆိုရှယ် ဆန်ဆန် အစုလိုက် နေထိုင်ကြသူများ ဖြစ်ပါတယ်။ အနည်းဆုံး ၄ ကောင်လောက် စုနေပါတယ်။ ပြီးတော့ သက်ရှိ ဖားတွေထဲမှာ ယင်း olden poison frog က ဉာဏ်ရည်အမြင့်ဆုံး ဖြစ်ပါတယ်။ ဖားဘုရင် လို့တောင် တင်စားကြပါတယ်။ ဘယ်သက်ရှိ သတ္တဝါမှလည်း အန္တရာယ် မပေးရဲတဲ့အတွက် သူတို့ပတ်ဝန်းကျင်မှာတော့ ဘုရင်ပဲ ဖြစ်ပါတယ်။

အရွယ်အစား ၅၅ မီလီမီတာလောက်ထိ ကြီးနိုင်ပြီး ရွှေရောင်နဲ့ လိမ္မော်ရောင် အဆင်းရှိတတ်ပါတယ်။ သူတို့ နေထိုင်ကျက်စားတဲ့ နေရာကတော့ အပူချိန် 26 °C ထက် မနည်းတဲ့ မိုးသစ်တော ဒေသ ဖြစ်ပြီး မြန်မာပြည် မှာလည်း တွေ့ရတတ်ပါတယ်။

အဆိပ်ပြင်းတဲ့ မြွေဟောက်တစ်ကောင်တောင် အဆိပ်တစ်ခါ ထုတ်ရင် သက်ရှိ တစ်ဦး၊တစ်ကောင်ကိုသာ သေစေပြီး ရွှေအဆိပ်ဖား ကတော့ ထောင်သောင်းမကကို သေစေပါတယ်။ အဆိပ်ထုတ်စရာမလိုပဲ သူ့ရဲ့ ခန္ဓာကိုယ်ကိုက အဆိပ်တွေနဲ့ သင်းကြိုင်နေတာ ဖြစ်ပါ တယ်။ ရွှေ အဆိပ်ဖား လျှောက်သွားတဲ့ နေရာကို တစ်ရှုးနဲ့ သုတ်ပြီး ခွေး၊ကြက်တို့ကို ရှုစေရင် ချက်ချင်းသေစေတာကိုလည်း လက်တွေ့စမ်းသပ်တွေ့ ရှိခဲ့ပြီး ဖြစ်ပါ တယ်။

ဒါကြောင့် ရွှေအဆိပ်ဖား (Golden poison frog) ကို ကမ္ဘာ့အဆိပ်အပြင်းဆုံး သက်ရှိ သတ္တဝါအဖြစ် အများစု လက်ခံထားကြပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Yoyarlay
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top