Property Expo
×

ဆုေၾကးေငြ က်ပ္သိန္း တစ္ေထာင္အထိ ရရွိႏိုင္သည့္ Galaxy Star အမည္ရွိ အဆိုၿပိဳင္ပြဲ ကို ဆမ္ေဆာင္းျမန္မာႏွင့္ Namin ကုမၸဏီတုိ႔ပူးေပါင္း ျပဳလုပ္မည္ ျဖစ္ေၾကာင္း ေအာက္တိုဘာ ၂၇ ရက္တြင္ ေၾကညာသည္။

အဆုိပါ သီခ်င္းဆိုၿပိဳင္ပြဲ တြင္ အသက္ (၁၅)ႏွစ္မွ (၃၅)ႏွစ္ အတြင္း မည္သူမဆို တစ္ဦးခ်င္း ျဖစ္ေစ၊ အဖြဲ႕လိုက္ျဖစ္ေစ ဝင္ ေရာက္ယွဥ္ၿပိဳင္ႏုိင္ၿပီး Local Challenge, Premier Challenge, Galaxy Camp, KoreaTraining Camp ႏွင့္ Dream League ဟူ၍ အဆင့္ငါးခု သတ္ မွတ္ထားေၾကာင္း ဆမ္ေဆာင္း ျမန္မာက ဆုိသည္။

ပထမဆံုးအဆင့္ Local Challenge ကို တုိင္းေဒသႀကီးႏွင့္ ျပည္နယ္ ၁၅ ခုတြင္ လုပ္ေဆာင္ မည္ျဖစ္ၿပီး အဖြဲ႕ေပါင္း ၁၅၀ ကို ေအာင္ျမင္သူမ်ားအျဖစ္ ေရြးခ်ယ္ကာ ဒုတိယအဆင့္ျဖစ္သည့္ Premier Challenge ၿပိဳင္ပြဲ၌ ဝင္ေရာက္ယွဥ္ၿပိဳင္ႏုိင္မည္ျဖစ္ သည္။

ဒုတိယအဆင့္ၿပိဳင္ပြဲကို ရန္ကုန္ႏွင့္ မႏၲေလးၿမိဳ႕တုိ႔တြင္ ျပဳလုပ္မည္ျဖစ္ၿပီး အဖြဲ႕ ၁၅၀ အ နက္ အဖြဲ႕ ၇၀ အား ေရြးခ်ယ္မည္ ျဖစ္သည္။ တတိယအဆင့္တြင္ ၿပိဳင္ပြဲဝင္မ်ားကို ခုနစ္ရက္ၾကာ စခန္းသြင္းေလ့က်င့္ေပး၍ အဖြဲ႕ ၁၂ ဖြဲ႕ကို ဆက္လက္ေရြးခ်ယ္မည္ ျဖစ္သည္။

ယင္းအဖြဲ႕ ၁၂ ဖြဲ႕ကို ကိုရီး ယားႏုိင္ငံသို႔ သံုးပတ္ၾကာေခၚ ေဆာင္၍ ေလ့က်င့္သင္ၾကားေပး မည္ျဖစ္ၿပီး စတုတၳအစီအစဥ္အ တြက္ အဖြဲ႕ ၁၀ ဖြဲ႕ကို ေရြးခ်ယ္ မည္ျဖစ္သည္။

ေနာက္ဆံုးအဆင့္ Dream League အစီအစဥ္ကို မတူညီ ေသာ အဆင့္ေလးခုျဖင့္ ရန္ကုန္ ၿမိဳ႕တြင္ ျပဳလုပ္မည္ျဖစ္ၿပီး ေရြး ခ်ယ္ခံရသူမ်ားအား တစ္လတိတိ ေလ့က်င့္သင္ၾကားေပးမည္ျဖစ္ သည္။

ေနာက္ဆံုးအဆင့္ အႏုိင္ရရွိ သူ (သို႔မဟုတ္) အႏုိင္ရအဖြဲ႕ သည္ ဆုေၾကးေငြ က်ပ္သိန္းတစ္ ေထာင္ႏွင့္ တစ္ႏွစ္အတြင္း ကိုုယ္ ပိုင္စီးရီးအေခြကို ကိုရီးယားႏုိင္ငံ တြင္ ႐ိုက္ကူးခြင့္ရရွိမည္ျဖစ္ကာ ကမၻာေက်ာ္အႏုပညာၾကယ္ပြင့္ ျဖစ္လာႏုိင္ေၾကာင္း ဆမ္ေဆာင္း ျမန္မာက သတင္းထုတ္ျပန္သည္။

ယင္းၿပိဳင္ပြဲအတြက္ ဂေရ ဟမ္၊ ဖိုးကာ၊ ဆုန္သင္းပါရ္၊ ျဖဴ ျဖဴေက်ာ္သိန္းႏွင့္ J-Me တုိ႔က အကဲျဖတ္ဒိုင္မ်ားအျဖစ္ ပါ၀င္ မည္ျဖစ္သည္။ယင္းၿပိဳင္ပြဲကို ၂၀၁၆ ဒီဇင္ဘာတြင္ စတင္ျပဳလုပ္မည္ျဖစ္ၿပီး ၂၀၁၇ စက္တင္ဘာ၌ ၿပီးဆံုး မည္ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

ဆုကြေးငွေ ကျပ်သိန်း တစ်ထောင်အထိ ရရှိနိုင်သည့် Galaxy Star အမည်ရှိ အဆိုပြိုင်ပွဲ ကို ဆမ်ဆောင်းမြန်မာနှင့် Namin ကုမ္ပဏီတို့ပူးပေါင်း ပြုလုပ်မည် ဖြစ်ကြောင်း အောက်တိုဘာ ၂၇ ရက်တွင် ကြေညာသည်။

အဆိုပါ သီချင်းဆိုပြိုင်ပွဲ တွင် အသက် (၁၅)နှစ်မှ (၃၅)နှစ် အတွင်း မည်သူမဆို တစ်ဦးချင်း ဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ ဝင် ရောက်ယှဉ်ပြိုင်နိုင်ပြီး Local Challenge, Premier Challenge, Galaxy Camp, KoreaTraining Camp နှင့် Dream League ဟူ၍ အဆင့်ငါးခု သတ် မှတ်ထားကြောင်း ဆမ်ဆောင်း မြန်မာက ဆိုသည်။

ပထမဆုံးအဆင့် Local Challenge ကို တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၅ ခုတွင် လုပ်ဆောင် မည်ဖြစ်ပြီး အဖွဲ့ပေါင်း ၁၅၀ ကို အောင်မြင်သူများအဖြစ် ရွေးချယ်ကာ ဒုတိယအဆင့်ဖြစ်သည့် Premier Challenge ပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ် သည်။

ဒုတိယအဆင့်ပြိုင်ပွဲကို ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ပြုလုပ်မည်ဖြစ်ပြီး အဖွဲ့ ၁၅၀ အ နက် အဖွဲ့ ၇၀ အား ရွေးချယ်မည် ဖြစ်သည်။ တတိယအဆင့်တွင် ပြိုင်ပွဲဝင်များကို ခုနစ်ရက်ကြာ စခန်းသွင်းလေ့ကျင့်ပေး၍ အဖွဲ့ ၁၂ ဖွဲ့ကို ဆက်လက်ရွေးချယ်မည် ဖြစ်သည်။

ယင်းအဖွဲ့ ၁၂ ဖွဲ့ကို ကိုရီး ယားနိုင်ငံသို့ သုံးပတ်ကြာခေါ် ဆောင်၍ လေ့ကျင့်သင်ကြားပေး မည်ဖြစ်ပြီး စတုတ္ထအစီအစဉ်အ တွက် အဖွဲ့ ၁၀ ဖွဲ့ကို ရွေးချယ် မည်ဖြစ်သည်။

နောက်ဆုံးအဆင့် Dream League အစီအစဉ်ကို မတူညီ သော အဆင့်လေးခုဖြင့် ရန်ကုန် မြို့တွင် ပြုလုပ်မည်ဖြစ်ပြီး ရွေး ချယ်ခံရသူများအား တစ်လတိတိ လေ့ကျင့်သင်ကြားပေးမည်ဖြစ် သည်။

နောက်ဆုံးအဆင့် အနိုင်ရရှိ သူ (သို့မဟုတ်) အနိုင်ရအဖွဲ့ သည် ဆုကြေးငွေ ကျပ်သိန်းတစ် ထောင်နှင့် တစ်နှစ်အတွင်း ကိုုယ် ပိုင်စီးရီးအခွေကို ကိုရီးယားနိုင်ငံ တွင် ရိုက်ကူးခွင့်ရရှိမည်ဖြစ်ကာ ကမ္ဘာကျော်အနုပညာကြယ်ပွင့် ဖြစ်လာနိုင်ကြောင်း ဆမ်ဆောင်း မြန်မာက သတင်းထုတ်ပြန်သည်။

ယင်းပြိုင်ပွဲအတွက် ဂရေ ဟမ်၊ ဖိုးကာ၊ ဆုန်သင်းပါရ်၊ ဖြူ ဖြူကျော်သိန်းနှင့် J-Me တို့က အကဲဖြတ်ဒိုင်များအဖြစ် ပါဝင် မည်ဖြစ်သည်။

ယင်းပြိုင်ပွဲကို ၂၀၁၆ ဒီဇင်ဘာတွင် စတင်ပြုလုပ်မည်ဖြစ်ပြီး ၂၀၁၇ စက်တင်ဘာ၌ ပြီးဆုံး မည်ဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top