Kantharyar Centre
×

 ဆမ္ေဆာင္းကုမၸဏီ၏ ေနာက္ထြက္မည့္ Galaxy S8စမတ္ဖုန္းမ်ားတြင္ ေနာက္ကင္မရာ ႏွစ္လံုးတြဲပါဝင္ၿပီး Hardware ပိုင္းကို ႀကီးႀကီးမားမား ေျပာင္းလဲမႈျပဳ လုပ္ထားေၾကာင္း သတင္းမ်ားက ေဖာ္ျပသည္။

သို႔ေသာ္ ယင္းစမတ္ဖုန္းအသစ္မ်ားတြင္ ဖိႏွိပ္၍ရေသာ ပင္မ Home Button ခလုတ္ပါဝင္မည္ မဟုတ္ဟု သတင္းမ်ားက ဆုိသည္။

ေတာင္ကိုရီးယားသတင္းတစ္ခု၌ ဆမ္ေဆာင္းကုမၸဏီက ယင္းခလုတ္ကို မထည့္သြင္းေတာ့ရန္ ဆံုးျဖတ္လိုက္ျခင္းမွာ Galaxy S8 ၏ ေရွ႕မ်က္ႏွာစာအား တစ္ျပင္လံုးအျပည့္ ဖန္သားျပင္ျပဳလုပ္ရန္ စီစဥ္ေနျခင္းျဖစ္သည္ဟု ေဖာ္ ျပထားသည္။

ဆမ္ေဆာင္း၏ လက္ရွိဘက္ထရီျပႆနာႀကံဳေတြ႕ေနေသာ Note 7 ဖုန္းမ်ားကို ျပန္သိမ္းယူ ေနျခင္းႏွင့္အတူ S8 ဖုန္းမ်ား၌ Hardware ကို သိသိသာသာ ေျပာင္းလဲထားေၾကာင္း သတင္းရင္းျမစ္မ်ားက ေျပာသည္။

S8 ၏ ေနာက္ကင္မရာတစ္လံုးသည္ 16MP ရွိၿပီး အျခားတစ္လံုးမွာ 8MP ရွိေၾကာင္း သတင္းမ်ားက ေဖာ္ျပသည္။

 ယင္းဖုန္းအသစ္မ်ားတြင္ ဆမ္ေဆာင္းကုမၸဏီ၏ ကိုယ္ပိုင္ Exynos 8895 ႏွင့္ Qualcomm ၏ Snapdragon 830 ပ႐ိုဆက္ဆာကို အသံုးျပဳမည္ျဖစ္ေၾကာင္း သိရသည္။

 ယင္းစမတ္ဖုန္းအသစ္မ်ားကို ဆမ္ေဆာင္းက ႏွစ္စဥ္ထုတ္ကုန္သစ္မ်ား မိတ္ဆက္ေနခ်ိန္ျဖစ္ေသာ ေဖေဖာ္ဝါရီအတြင္း မိတ္ဆက္မည္ဟု ေမွ်ာ္လင့္ရသည္။

 ထုိ႔အျပင္ ဆမ္ေဆာင္းက Note 7 ဖုန္းမ်ားတြင္ ႀကံဳေတြ႕ရ ေသာ ဘက္ထရီမီးေလာင္ကြၽမ္းမႈ ျပႆနာမ်ိဳးကဲ့သို႔ ခ်ိဳ႕ယြင္းမႈမ်ား မျဖစ္ေပၚေစေရး S8 စမတ္ဖုန္းမ်ားကို အထူးအေလးထားထုတ္ လုပ္မည္ျဖစ္ေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 ဆမ်ဆောင်းကုမ္ပဏီ၏ နောက်ထွက်မည့် Galaxy S8 စမတ်ဖုန်းများတွင် နောက်ကင်မရာ နှစ်လုံးတွဲပါဝင်ပြီး Hardware ပိုင်းကို ကြီးကြီးမားမား ပြောင်းလဲမှုပြု လုပ်ထားကြောင်း သတင်းများက ဖော်ပြသည်။

သို့သော် ယင်းစမတ်ဖုန်းအသစ်များတွင် ဖိနှိပ်၍ရသော ပင်မ Home Button ခလုတ်ပါဝင်မည် မဟုတ်ဟု သတင်းများက ဆိုသည်။

တောင်ကိုရီးယားသတင်းတစ်ခု၌ ဆမ်ဆောင်းကုမ္ပဏီက ယင်းခလုတ်ကို မထည့်သွင်းတော့ရန် ဆုံးဖြတ်လိုက်ခြင်းမှာ Galaxy S8 ၏ ရှေ့မျက်နှာစာအား တစ်ပြင်လုံးအပြည့် ဖန်သားပြင်ပြုလုပ်ရန် စီစဉ်နေခြင်းဖြစ်သည်ဟု ဖော် ပြထားသည်။

ဆမ်ဆောင်း၏ လက်ရှိဘက်ထရီပြဿနာကြုံတွေ့နေသော Note 7 ဖုန်းများကို ပြန်သိမ်းယူ နေခြင်းနှင့်အတူ S8 ဖုန်းများ၌ Hardware ကို သိသိသာသာ ပြောင်းလဲထားကြောင်း သတင်းရင်းမြစ်များက ပြောသည်။

S8 ၏ နောက်ကင်မရာတစ်လုံးသည် 16MP ရှိပြီး အခြားတစ်လုံးမှာ 8MP ရှိကြောင်း သတင်းများက ဖော်ပြသည်။

 ယင်းဖုန်းအသစ်များတွင် ဆမ်ဆောင်းကုမ္ပဏီ၏ ကိုယ်ပိုင် Exynos 8895 နှင့် Qualcomm ၏ Snapdragon 830 ပရိုဆက်ဆာကို အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။

 ယင်းစမတ်ဖုန်းအသစ်များကို ဆမ်ဆောင်းက နှစ်စဉ်ထုတ်ကုန်သစ်များ မိတ်ဆက်နေချိန်ဖြစ်သော ဖေဖော်ဝါရီအတွင်း မိတ်ဆက်မည်ဟု မျှော်လင့်ရသည်။

 ထို့အပြင် ဆမ်ဆောင်းက Note 7 ဖုန်းများတွင် ကြုံတွေ့ရ သော ဘက်ထရီမီးလောင်ကျွမ်းမှု ပြဿနာမျိုးကဲ့သို့ ချို့ယွင်းမှုများ မဖြစ်ပေါ်စေရေး S8 စမတ်ဖုန်းများကို အထူးအလေးထားထုတ် လုပ်မည်ဖြစ်ကြောင်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top