Property Expo
×

အေမရိကန္ျပည္ေထာင္စုႏွင့္ အျခားႏုိင္ငံမ်ားမွာ ေလယာဥ္ခရီးစဥ္အတြင္း Galaxy Note 7 အသုံးျပဳ သယ္ေဆာင္မႈ ပိတ္ပင္ထားတဲ့ေနာက္ ယခု ေတာင္ကုိရီးယားမွ ပ်ံသန္းထြက္ခြာမယ့္ Note 7 အသုံးျပဳသူ ခရီးသည္ေတြကုိ အျခားဖုန္းမ်ားႏွင့္ အစားထုိးလဲလွယ္မႈ လုပ္ေပးသြားမယ္လုိ႔ နာမည္ႀကီး ဆမ္ေဆာင္း အီလက္ထေရာနစ္ကုမၸဏီက တနလၤာေန႔မွာ ေျပာပါတယ္။

အေမရိကန္၊ ကေနဒါ၊ အစၥေရးႏွင့္ ဂ်ပန္အျပင္ အျခားႏုိင္ငံမ်ားမွ ေလေၾကာင္းလုိင္းမ်ားက Galaxy Note 7 ဖုန္းမ်ား မီးစြဲေလာင္ကြ်မ္းမႈမ်ား သတင္းမ်ား ထြက္ေပၚလာၿပီးေနာက္ အဆုိပါဖုန္းေတြကုိ ပိတ္ထားတာျဖစ္ေစ၊ airplane mode အေနအထားမွာ ထားတာျဖစ္ေစ ခရီးစဥ္အတြင္း လုံးဝ သယ္ေဆာင္ခြင့္ ပိတ္ပင္လုိက္တာေၾကာင့္ ဆမ္ေဆာင္းက အခုလုိ ေလဆိပ္ေတြမွာ အစားထုိးဖုန္းမ်ား လဲလွယ္ခြင့္ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

"Note 7 အသုံးျပဳသူမ်ားက သူတုိ႔ရဲ႕ဖုန္းေတြကုိ အျခား ဖုန္းေမာ္ဒယ္တစ္ခုခုနဲ႔ အစားထုိးႏုိင္ဖုိ႔ အင္ခြ်န္း (ႏိုင္ငံတကာ) ေလဆိပ္မွာ က်ေနာ္တုိ႔ ေကာင္တာတစ္ခု ဖြင့္လွစ္ထားပါတယ္။"လုိ႔ ဆမ္ေဆာင္းရဲ႕ ေျပာေရးဆုိခြင့္ရွိသူ တစ္ဦးက ေျပာပါတယ္။

အျခားႏုိင္ငံမ်ားရွိ ေလဆိပ္မ်ားတြင္ တုိးခ်ဲ႕ဖြင့္လွစ္မယ္ မဖြင့္ဘူးဆုိတာကုိေတာ့ ထုတ္ေဖာ္ေျပာဆုိသြားျခင္း မရွိေပ။

ၾသဂုတ္လက အေမရိကန္နည္းတူ ေတာင္ကုိရီးယားမွာလည္း အမ်ားဆုံး ေရာင္းခ်ခဲ့တဲ့ Galaxy Note 7 ဟန္းဆက္ကုိ ကုိရီးယားသယ္ယူပုိ႔ေဆာင္ေရးဝန္ႀကီးဌာနက အဆုိပါဖုန္းေတြကုိ ႏုိင္ငံတကာေလေၾကာင္း သုိ႔မဟုတ္ ျပည္တြင္းေလေၾကာင္း ခရီးစဥ္ေတြမွာ မည္သည့္ ပိတ္ပင္တားျမစ္မႈမ်ဳိး ထုတ္ျပန္ထားျခင္း မရွိခဲ့ပါဘူး။

အေစာပုိင္း သီတင္းပတ္အတြင္း အေရာင္းရပ္ဆုိင္းၿပီး ထုတ္လုပ္မႈပါ ပိတ္သိမ္းလုိက္တဲ့ ဆမ္ေဆာင္း Galaxy Note 7 ဖုန္းေတြရဲ႕ အလုိအေလ်ာက္ ေလာင္းကြ်မ္းမႈ အေၾကာင္းအရင္းကုိ ရွာေဖြဖုိ႔ ေတာင္ကုိရီးယားအစုိးရက စုံစမ္းစစ္ေဆးမႈကုိ ေအာက္တုိဘာ ၁၇ ရက္ေန႔က စတင္ခဲ့တယ္လုိ႔ ဆုိပါတယ္။

အင္ဂ်င္နီယာမ်ားက ျပႆနာ ေနာက္ကြယ္က အေၾကာင္းအရင္း ေဖာ္ထုတ္ဖုိ႔ "အင္ဂ်င္နီယာပုိင္း၊ ထုတ္လုပ္ေရးႏွင့္ အရည္အေသြး ထိန္းခ်ဳပ္မႈ လုပ္ငန္းစဥ္မ်ားရဲ႕ အဆင့္တုိင္းကုိ ျပန္လည္သုံးသပ္"ေနတယ္လုိ႔ အဆုိပါ ေျပာေရးဆုိခြင့္ရွိသူက ဆုိပါတယ္။

Galaxy Note 7 ဖုန္းေတြမွာ ျပႆနာေတြ ဆက္တုိက္ျဖစ္ေပၚလာခ်ိန္မွာေတာ့ စက္တင္ဘာလထဲမွာ ဆမ္ေဆာင္းက Note7 ဖုန္း ၂.၅ မီလီယံ ဝန္းက်င္ခန္႔ကုိ ျပန္လည္သိမ္းဆည္းသြားသလုိ ေစ်းကြက္အတြင္းရွိ Note7 ေတြကုိ ပိတ္သိမ္းသြားပါတယ္။

Galaxy Note 7 ျပန္လည္ရုတ္သိမ္းလုိက္တာေၾကာင့္ ယခုႏွစ္ ဇူလုိင္လမွ ၂၀၁၇ မတ္လအၾကားမွာ ေဒၚလာ (၅.၄) ဘီလီယံ ဆုံးရႈံးဖြယ္ရွိတယ္လုိ႔ ဆမ္ေဆာင္းက ခန္႔မွန္းထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Mizzima

#Unicode Version

အမေရိကန်ပြည်ထောင်စုနှင့် အခြားနိုင်ငံများမှာ လေယာဉ်ခရီးစဉ်အတွင်း Galaxy Note 7 အသုံးပြု သယ်ဆောင်မှု ပိတ်ပင်ထားတဲ့နောက် ယခု တောင်ကိုရီးယားမှ ပျံသန်းထွက်ခွာမယ့် Note 7 အသုံးပြုသူ ခရီးသည်တွေကို အခြားဖုန်းများနှင့် အစားထိုးလဲလှယ်မှု လုပ်ပေးသွားမယ်လို့ နာမည်ကြီး ဆမ်ဆောင်း အီလက်ထရောနစ်ကုမ္ပဏီက တနင်္လာနေ့မှာ ပြောပါတယ်။

အမေရိကန်၊ ကနေဒါ၊ အစ္စရေးနှင့် ဂျပန်အပြင် အခြားနိုင်ငံများမှ လေကြောင်းလိုင်းများက Galaxy Note 7 ဖုန်းများ မီးစွဲလောင်ကျွမ်းမှုများ သတင်းများ ထွက်ပေါ်လာပြီးနောက် အဆိုပါဖုန်းတွေကို ပိတ်ထားတာဖြစ်စေ၊ airplane mode အနေအထားမှာ ထားတာဖြစ်စေ ခရီးစဉ်အတွင်း လုံးဝ သယ်ဆောင်ခွင့် ပိတ်ပင်လိုက်တာကြောင့် ဆမ်ဆောင်းက အခုလို လေဆိပ်တွေမှာ အစားထိုးဖုန်းများ လဲလှယ်ခွင့် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

"Note 7 အသုံးပြုသူများက သူတို့ရဲ့ဖုန်းတွေကို အခြား ဖုန်းမော်ဒယ်တစ်ခုခုနဲ့ အစားထိုးနိုင်ဖို့ အင်ချွန်း (နိုင်ငံတကာ) လေဆိပ်မှာ ကျနော်တို့ ကောင်တာတစ်ခု ဖွင့်လှစ်ထားပါတယ်။"လို့ ဆမ်ဆောင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောပါတယ်။

အခြားနိုင်ငံများရှိ လေဆိပ်များတွင် တိုးချဲ့ဖွင့်လှစ်မယ် မဖွင့်ဘူးဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုသွားခြင်း မရှိပေ။

သြဂုတ်လက အမေရိကန်နည်းတူ တောင်ကိုရီးယားမှာလည်း အများဆုံး ရောင်းချခဲ့တဲ့ Galaxy Note 7 ဟန်းဆက်ကို ကိုရီးယားသယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက အဆိုပါဖုန်းတွေကို နိုင်ငံတကာလေကြောင်း သို့မဟုတ် ပြည်တွင်းလေကြောင်း ခရီးစဉ်တွေမှာ မည်သည့် ပိတ်ပင်တားမြစ်မှုမျိုး ထုတ်ပြန်ထားခြင်း မရှိခဲ့ပါဘူး။

အစောပိုင်း သီတင်းပတ်အတွင်း အရောင်းရပ်ဆိုင်းပြီး ထုတ်လုပ်မှုပါ ပိတ်သိမ်းလိုက်တဲ့ ဆမ်ဆောင်း Galaxy Note 7 ဖုန်းတွေရဲ့ အလိုအလျောက် လောင်းကျွမ်းမှု အကြောင်းအရင်းကို ရှာဖွေဖို့ တောင်ကိုရီးယားအစိုးရက စုံစမ်းစစ်ဆေးမှုကို အောက်တိုဘာ ၁၇ ရက်နေ့က စတင်ခဲ့တယ်လို့ ဆိုပါတယ်။

အင်ဂျင်နီယာများက ပြဿနာ နောက်ကွယ်က အကြောင်းအရင်း ဖော်ထုတ်ဖို့ "အင်ဂျင်နီယာပိုင်း၊ ထုတ်လုပ်ရေးနှင့် အရည်အသွေး ထိန်းချုပ်မှု လုပ်ငန်းစဉ်များရဲ့ အဆင့်တိုင်းကို ပြန်လည်သုံးသပ်"နေတယ်လို့ အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

Galaxy Note 7 ဖုန်းတွေမှာ ပြဿနာတွေ ဆက်တိုက်ဖြစ်ပေါ်လာချိန်မှာတော့ စက်တင်ဘာလထဲမှာ ဆမ်ဆောင်းက Note7 ဖုန်း ၂.၅ မီလီယံ ဝန်းကျင်ခန့်ကို ပြန်လည်သိမ်းဆည်းသွားသလို ဈေးကွက်အတွင်းရှိ Note7 တွေကို ပိတ်သိမ်းသွားပါတယ်။

Galaxy Note 7 ပြန်လည်ရုတ်သိမ်းလိုက်တာကြောင့် ယခုနှစ် ဇူလိုင်လမှ ၂၀၁၇ မတ်လအကြားမှာ ဒေါ်လာ (၅.၄) ဘီလီယံ ဆုံးရှုံးဖွယ်ရှိတယ်လို့ ဆမ်ဆောင်းက ခန့်မှန်းထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Mizzima
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top