Kantharyar Centre
×

 ဘက္ထရီ ခၽြတ္ယြင္းခ်က္ ျဖစ္ပြားခဲ့သျဖင့္ အသစ္ျပန္လည္ လဲလွယ္ေပးထားသည့္ Samsung Galaxy Note 7 ဖုန္းတစ္လံုး ေလယာဉ္ေပၚတြင္ မီးေလာင္မႈ ျဖစ္ပြားခဲ့ေၾကာင္း သိရွိရသည္။

အေမရိကန္ရွိ Southwest ေလေၾကာင္းလုိင္းက ေအာက္တိုဘာ ၅ ရက္တြင္ ကန္တက္ကီမွ ဘာလ္တီေမာသို႔ ပ်ံသန္းမည့္ ေလယာဉ္တစ္စီး ေျပးလမ္းေပၚမွ မထြက္ခြာမီ ယခုအေျခအေနႏွင့္ ႀကံဳခဲ့ျခင္းျဖစ္ေၾကာင္း အတည္ျပဳခဲ့သည္။ ဖုန္းမွ မီးခိုးမ်ား အူထြက္လာေသာေၾကာင့္ ေလယာဉ္ေပၚမွ ခရီးသည္မ်ားကို ေဘးလြတ္ရာ ေ႐ႊ႕ေျပာင္းေပးခဲ့ရသည္။

Samsung ကုမၸဏီ၏ ေနာက္ဆံုးထုတ္ အဆင့္ျမင့္ စမတ္ဖုန္းမ်ားသည္ ဘက္ထရီ ခၽြတ္ယြင္းခ်က္ေၾကာင့္ ေပါက္ကြဲမီးေလာင္ႏုိင္ေၾကာင္း သတိေပးခ်က္မ်ား အတည္ျပဳ ထုတ္ျပန္ထားရၿပီး ေတာင္ကိုရီးယား နည္းပညာ ကုမၸဏီႀကီးက စိတ္ခ်ရသည္ဆိုေသာ ဖုန္းအသစ္မ်ားႏွင့္ လဲလွယ္ေပးေနသည္။ သို႔ေသာ္ ယခုျဖစ္ရပ္မွာ အသစ္လဲထားသည့္ ဖုန္းတစ္လံုးကပါ မီးေလာင္ခဲ့ျခင္းဟု သိရသည္။ Samsungက ထိုကိစၥကို စံုစမ္းသြားမည္ဟု အတည္ျပဳထားသည္။

Galaxy Note 7မ်ားကို စက္တင္ဘာလတြင္ အလံုးအရင္းျဖင့္ ျပန္လည္ေခၚယူ လဲလွယ္ေပးခဲ့ရၿပီး Samsungက ျပႆနာ အရင္းအျမစ္ကို ေျဖရွင္းႏုိင္ခဲ့ၿပီဟု ေၾကညာခဲ့သည္။ “အခုကိစၥနဲ႔ ပတ္သက္လုိ႔ေတာ့ Southwest ေလေၾကာင္းလုိင္း တာဝန္ရွိသူေတြနဲ႔ ဆက္သြယ္ၿပီး စံုစမ္းေဖာ္ထုတ္သြားပါမယ္။ မီးေလာင္မႈ ျဖစ္ပြားခဲ့တဲ့ဖုန္းကို ေတာင္းယူၿပီး အေၾကာင္းရင္းကို စစ္ေဆးရွာေဖြသြားပါမယ္”ဟု ကုမၸဏီက သတင္းထုတ္ျပန္သည္။ စစ္ေဆးမႈမ်ား အၿပီးတြင္ ေနာက္ထပ္ သတင္းအခ်က္အလက္ အသစ္မ်ားကို ဆက္လက္ ေၾကညာသြားမည္ဟုလည္း Samsungက ဆိုသည္။

ဖုန္းပိုင္ရွင္ျဖစ္သူ ေယာ္ဒန္ ဂိုလ္ဆန္က မိမိ၏ဖုန္းကို စက္တင္ဘာ ၂၁ ရက္က ျပန္လည္ လဲလွယ္ထားျခင္းျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။ အေမရိကန္ ျပည္ေထာင္စု ေလေၾကာင္းပ်ံသန္းမႈ စီမံကြပ္ကဲေရး ဌာနက ခရီးသည္မ်ား အေနျဖင့္ Galaxy Note 7 ဖုန္းမ်ားကို ယူေဆာင္လာပါက ေလယာဉ္ေပၚတြင္ ဖုန္းပိတ္ထားရန္၊ အားသြင္းျခင္း မျပဳၾကရန္ ညႊန္ၾကားထားသည္။ အခ်ိဳ႕ေသာ ေလေၾကာင္းလုိင္းမ်ားကမူ ယင္းစမတ္ဖုန္းမ်ားကို ေလယာဉ္ေပၚ ယူေဆာင္ရန္ပင္ ခြင့္မျပဳဘဲ တားျမစ္ထားေၾကာင္း သိရွိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 ဘက်ထရီ ချွတ်ယွင်းချက် ဖြစ်ပွားခဲ့သဖြင့် အသစ်ပြန်လည် လဲလှယ်ပေးထားသည့် Samsung Galaxy Note 7 ဖုန်းတစ်လုံး လေယာဉ်ပေါ်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အမေရိကန်ရှိ Southwest လေကြောင်းလိုင်းက အောက်တိုဘာ ၅ ရက်တွင် ကန်တက်ကီမှ ဘာလ်တီမောသို့ ပျံသန်းမည့် လေယာဉ်တစ်စီး ပြေးလမ်းပေါ်မှ မထွက်ခွာမီ ယခုအခြေအနေနှင့် ကြုံခဲ့ခြင်းဖြစ်ကြောင်း အတည်ပြုခဲ့သည်။ ဖုန်းမှ မီးခိုးများ အူထွက်လာသောကြောင့် လေယာဉ်ပေါ်မှ ခရီးသည်များကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရသည်။

Samsung ကုမ္ပဏီ၏ နောက်ဆုံးထုတ် အဆင့်မြင့် စမတ်ဖုန်းများသည် ဘက်ထရီ ချွတ်ယွင်းချက်ကြောင့် ပေါက်ကွဲမီးလောင်နိုင်ကြောင်း သတိပေးချက်များ အတည်ပြု ထုတ်ပြန်ထားရပြီး တောင်ကိုရီးယား နည်းပညာ ကုမ္ပဏီကြီးက စိတ်ချရသည်ဆိုသော ဖုန်းအသစ်များနှင့် လဲလှယ်ပေးနေသည်။ သို့သော် ယခုဖြစ်ရပ်မှာ အသစ်လဲထားသည့် ဖုန်းတစ်လုံးကပါ မီးလောင်ခဲ့ခြင်းဟု သိရသည်။ Samsungက ထိုကိစ္စကို စုံစမ်းသွားမည်ဟု အတည်ပြုထားသည်။

Galaxy Note 7များကို စက်တင်ဘာလတွင် အလုံးအရင်းဖြင့် ပြန်လည်ခေါ်ယူ လဲလှယ်ပေးခဲ့ရပြီး Samsungက ပြဿနာ အရင်းအမြစ်ကို ဖြေရှင်းနိုင်ခဲ့ပြီဟု ကြေညာခဲ့သည်။ “အခုကိစ္စနဲ့ ပတ်သက်လို့တော့ Southwest လေကြောင်းလိုင်း တာဝန်ရှိသူတွေနဲ့ ဆက်သွယ်ပြီး စုံစမ်းဖော်ထုတ်သွားပါမယ်။ မီးလောင်မှု ဖြစ်ပွားခဲ့တဲ့ဖုန်းကို တောင်းယူပြီး အကြောင်းရင်းကို စစ်ဆေးရှာဖွေသွားပါမယ်”ဟု ကုမ္ပဏီက သတင်းထုတ်ပြန်သည်။ စစ်ဆေးမှုများ အပြီးတွင် နောက်ထပ် သတင်းအချက်အလက် အသစ်များကို ဆက်လက် ကြေညာသွားမည်ဟုလည်း Samsungက ဆိုသည်။

ဖုန်းပိုင်ရှင်ဖြစ်သူ ယော်ဒန် ဂိုလ်ဆန်က မိမိ၏ဖုန်းကို စက်တင်ဘာ ၂၁ ရက်က ပြန်လည် လဲလှယ်ထားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ အမေရိကန် ပြည်ထောင်စု လေကြောင်းပျံသန်းမှု စီမံကွပ်ကဲရေး ဌာနက ခရီးသည်များ အနေဖြင့် Galaxy Note 7 ဖုန်းများကို ယူဆောင်လာပါက လေယာဉ်ပေါ်တွင် ဖုန်းပိတ်ထားရန်၊ အားသွင်းခြင်း မပြုကြရန် ညွှန်ကြားထားသည်။ အချို့သော လေကြောင်းလိုင်းများကမူ ယင်းစမတ်ဖုန်းများကို လေယာဉ်ပေါ် ယူဆောင်ရန်ပင် ခွင့်မပြုဘဲ တားမြစ်ထားကြောင်း သိရှိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top