Property Expo
×

 Galaxy Note 7 ဖုန္းပိုင္ရွင္မ်ား အေနျဖင့္ အႏၱရာယ္ရွိႏိုင္ေသာ အေျခအေနေၾကာင့္ ထိုဖုန္းမ်ားကို လံုးဝ အသံုးမျပဳၾကရန္ Samsungက တိုက္တြန္းလုိက္သည္။

ေတာင္ကိုရီးယား နည္းပညာ ကုမၸဏီႀကီး၏ ေနာက္ဆံုးထုတ္ အဆင့္ျမင့္ စမတ္ဖုန္းမ်ားတြင္ အပူလြန္ကဲၿပီး မီးေလာင္မႈမ်ား ျဖစ္ပြားႏိုင္ေၾကာင္း ေဖာ္ထုတ္ ေတြ႕ရွိၿပီးေနာက္ ကုမၸဏီက Galaxy Note 7မ်ား ထုတ္လုပ္မႈကို ဆိုင္းငံ့ထားခဲ့သည္။ Samsungက ထိုျဖစ္ရပ္သည္ ဖုန္းႏွင့္ မဆိုင္ဘဲ ဖုန္းဘက္ထရီ၏ ခၽြတ္ယြင္းခ်က္ေၾကာင့္ဟု ကနဦး ေျဖရွင္းခဲ့ေသာ္လည္း အသစ္ျပန္လည္ လဲလွယ္ေပးခဲ့သည့္ ဖုန္းမ်ားတြင္ပါ အလားတူ ျပႆနာမ်ိဳး ရွိေနေၾကာင္း သတင္းမ်ား ထြက္ေပၚလာသည္။

ထိုသို႔ေသာ အေျခအေနမ်ားေၾကာင့္ Samsungက Galaxy Note 7 ဖုန္းပိုင္ရွင္မ်ား အေနျဖင့္ မိမိတုိ႔၏ ဖုန္းမ်ားကို လံုးဝဥႆံု အသံုးမျပဳဘဲ စက္ပိတ္ထားၾကရန္ တိုက္တြန္းခဲ့သည္။ ထို႔အျပင္ ကုမၸဏီအေနျဖင့္ ဖုန္းမ်ားကိုလည္း ေရာင္းခ်မႈ ရပ္နားထားမည္ဟု အတည္ျပဳခဲ့သည္။

Samsungသည္ Galaxy Note 7 ဖုန္းအလံုးေရ ၂.၅ သန္းကို ျပန္လည္ ေခၚယူ ျပင္ဆင္ေပးခဲ့သည့္တိုင္ ျပႆနာ၏ အရင္းအျမစ္ကို မေျဖရွင္းႏိုင္ခဲ့ေခ်။ ဘက္ထရီ ျပင္ဆင္ လဲလွယ္ေပးထားသည့္ ဖုန္းမ်ားတြင္ပါ မီးထေလာင္သည့္ အေျခအေနမ်ား ရွိေနေၾကာင္း သတင္းမ်ားေၾကာင့္ ကုမၸဏီအတြက္ အႀကီးအက်ယ္ အက်ပ္႐ိုက္စရာ ႀကံဳလာသည္။

အေမရိကန္ႏုိင္ငံ၊ ကင္တက္ကီတြင္ အမ်ိဳးသား တစ္ဦးသည္ ကုမၸဏီက အသစ္လဲေပးထားသည့္ Galaxy Note 7မွ မီးခိုးမ်ား အူထြက္လာသျဖင့္ လန္႔ႏိုးခဲ့ၿပီး အသိဦးေသာေၾကာင့္ မီးေလာင္မႈ မျဖစ္ခဲ့ျခင္းဟု ေျပာၾကားခဲ့သည္။ ယင္းမတိုင္မီကလည္း အသစ္ျပန္လဲထားသည့္ ဖုန္းတစ္လံုး ေလယာဉ္ေပၚတြင္ မီးခိုးမ်ား ထြက္လာသျဖင့္ ေလယာဉ္မထြက္မီ ခရီးသည္မ်ားကို ေ႐ႊ႕ေျပာင္းေပးရသည့္ျဖစ္စဉ္ ေပၚေပါက္ခဲ့သည္။

“သံုးစြဲသူေတြရဲ႕ လံုၿခံဳေဘးကင္းေရးဟာ ကုမၸဏီရဲ႕ ဦးစားေပး ကိစၥပါ။ Samsung အေနနဲ႔ ဖုန္းလုိင္းဝန္ေဆာင္မႈ ကုမၸဏီႀကီးေတြ၊ တျခားလက္တြဲေဖာ္ လက္လီအေရာင္းဆိုင္ေတြ အားလံုးကို ဆက္သြယ္ၿပီး Galaxy Note 7ေတြ ေရာင္းခ်မႈကို ရပ္တန္႔ထားမွာ ျဖစ္ပါတယ္။ လက္ရွိ ဖုန္းပိုင္ရွင္ေတြ အေနနဲ႔လည္း Galaxy Note 7ေတြကို စက္ပိတ္ၿပီး အသံုးမျပဳေသးဘဲ ကုမၸဏီရဲ႕ ေနာက္ထပ္ ေျဖရွင္းမႈေတြ ထြက္ေပၚလာအၿပီးထိ ေစာင့္ဆိုင္းေစလုိပါတယ္”ဟု Samsungက ေၾကညာခဲ့ေၾကာင္း သိရွိရသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:Guardian

#Unicode Version
 Galaxy Note 7 ဖုန်းပိုင်ရှင်များ အနေဖြင့် အန္တရာယ်ရှိနိုင်သော အခြေအနေကြောင့် ထိုဖုန်းများကို လုံးဝ အသုံးမပြုကြရန် Samsungက တိုက်တွန်းလိုက်သည်။

တောင်ကိုရီးယား နည်းပညာ ကုမ္ပဏီကြီး၏ နောက်ဆုံးထုတ် အဆင့်မြင့် စမတ်ဖုန်းများတွင် အပူလွန်ကဲပြီး မီးလောင်မှုများ ဖြစ်ပွားနိုင်ကြောင်း ဖော်ထုတ် တွေ့ရှိပြီးနောက် ကုမ္ပဏီက Galaxy Note 7များ ထုတ်လုပ်မှုကို ဆိုင်းငံ့ထားခဲ့သည်။ Samsungက ထိုဖြစ်ရပ်သည် ဖုန်းနှင့် မဆိုင်ဘဲ ဖုန်းဘက်ထရီ၏ ချွတ်ယွင်းချက်ကြောင့်ဟု ကနဦး ဖြေရှင်းခဲ့သော်လည်း အသစ်ပြန်လည် လဲလှယ်ပေးခဲ့သည့် ဖုန်းများတွင်ပါ အလားတူ ပြဿနာမျိုး ရှိနေကြောင်း သတင်းများ ထွက်ပေါ်လာသည်။

ထိုသို့သော အခြေအနေများကြောင့် Samsungက Galaxy Note 7 ဖုန်းပိုင်ရှင်များ အနေဖြင့် မိမိတို့၏ ဖုန်းများကို လုံးဝဥဿုံ အသုံးမပြုဘဲ စက်ပိတ်ထားကြရန် တိုက်တွန်းခဲ့သည်။ ထို့အပြင် ကုမ္ပဏီအနေဖြင့် ဖုန်းများကိုလည်း ရောင်းချမှု ရပ်နားထားမည်ဟု အတည်ပြုခဲ့သည်။

Samsungသည် Galaxy Note 7 ဖုန်းအလုံးရေ ၂.၅ သန်းကို ပြန်လည် ခေါ်ယူ ပြင်ဆင်ပေးခဲ့သည့်တိုင် ပြဿနာ၏ အရင်းအမြစ်ကို မဖြေရှင်းနိုင်ခဲ့ချေ။ ဘက်ထရီ ပြင်ဆင် လဲလှယ်ပေးထားသည့် ဖုန်းများတွင်ပါ မီးထလောင်သည့် အခြေအနေများ ရှိနေကြောင်း သတင်းများကြောင့် ကုမ္ပဏီအတွက် အကြီးအကျယ် အကျပ်ရိုက်စရာ ကြုံလာသည်။

အမေရိကန်နိုင်ငံ၊ ကင်တက်ကီတွင် အမျိုးသား တစ်ဦးသည် ကုမ္ပဏီက အသစ်လဲပေးထားသည့် Galaxy Note 7မှ မီးခိုးများ အူထွက်လာသဖြင့် လန့်နိုးခဲ့ပြီး အသိဦးသောကြောင့် မီးလောင်မှု မဖြစ်ခဲ့ခြင်းဟု ပြောကြားခဲ့သည်။ ယင်းမတိုင်မီကလည်း အသစ်ပြန်လဲထားသည့် ဖုန်းတစ်လုံး လေယာဉ်ပေါ်တွင် မီးခိုးများ ထွက်လာသဖြင့် လေယာဉ်မထွက်မီ ခရီးသည်များကို ရွှေ့ပြောင်းပေးရသည့်ဖြစ်စဉ် ပေါ်ပေါက်ခဲ့သည်။

“သုံးစွဲသူတွေရဲ့ လုံခြုံဘေးကင်းရေးဟာ ကုမ္ပဏီရဲ့ ဦးစားပေး ကိစ္စပါ။ Samsung အနေနဲ့ ဖုန်းလိုင်းဝန်ဆောင်မှု ကုမ္ပဏီကြီးတွေ၊ တခြားလက်တွဲဖော် လက်လီအရောင်းဆိုင်တွေ အားလုံးကို ဆက်သွယ်ပြီး Galaxy Note 7တွေ ရောင်းချမှုကို ရပ်တန့်ထားမှာ ဖြစ်ပါတယ်။ လက်ရှိ ဖုန်းပိုင်ရှင်တွေ အနေနဲ့လည်း Galaxy Note 7တွေကို စက်ပိတ်ပြီး အသုံးမပြုသေးဘဲ ကုမ္ပဏီရဲ့ နောက်ထပ် ဖြေရှင်းမှုတွေ ထွက်ပေါ်လာအပြီးထိ စောင့်ဆိုင်းစေလိုပါတယ်”ဟု Samsungက ကြေညာခဲ့ကြောင်း သိရှိရသည်။



ဖိုးသူတော် (www.phothutaw.com)
Credit:Guardian
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top