Property Expo
×

 ေက်ာ္သူ၊ G Fatt တုိ႔ ႏွင့္အတူ 'Feedback' အမည္ရွိ ပညာေပးဇာတ္လမ္းတိုတစ္ခု ႐ိုက္ကူးေနၿပီး ရက္ပိုင္းအတြင္း လူမႈကြန္ရက္စာမ်က္ႏွာအပါအ ဝင္ ႐ုပ္သံလိုင္းမ်ားမွ ျပသေပး ရန္ အစီအစဥ္ရွိေၾကာင္း Media 7 ကုမၸဏီဥကၠ႒ ကိုေဝမင္းေမာင္ က ေျပာၾကားသည္။

‘‘အခုေနာက္ပိုင္းမွာ ဒုစ႐ိုက္ မႈေတြ အရမ္းမ်ားလာတာကို ေဖ့စ္ဘြတ္ခ္ေတြ၊ ဂ်ာနယ္ေတြကေန ၾကားေနရတယ္။ အဲဒါေၾကာင့္ ေကာင္းတာလုပ္ရင္ ေကာင္းတာ ခံစားရမယ္။ မေကာင္းတာလုပ္ ရင္ မေကာင္းတာခံစားရမယ္ဆုိ တာေလးကို ျပခ်င္တာ။ Feed-back ဆုိတာကေတာ့ ျမန္မာမႈျပဳ ရရင္ ကိုယ္ျပဳေသာကံ ပဲ့တင္သံ ကိုယ့္ထံ ျပန္လာမယ္ဆုိတဲ့ သေဘာပါ’’ဟု ၎က ေျပာၾကား သည္။

အဆုိပါ ဇာတ္လမ္းတိုသည္ သံုးမိနစ္ခန္႔သာ ၾကာျမင့္မည္ျဖစ္ၿပီး ေက်ာ္သူ၊ သူထူးစံ၊ ေကာင္းခန္႔၊သတၱိ ႏွင့္ G Fatt တုိ႔ ပါဝင္သ႐ုပ္ ေဆာင္ထားေၾကာင္း ၎က ေျပာ သည္။

‘‘အဓိကက ဦးေက်ာ္သူနဲ႔ G Fatt ရဲ႕ ဇာတ္လမ္းကို ျပခ်င္တာ။ ဒါေပမဲ့ သံုးမိနစ္စာျဖစ္တဲ့အတြက္ ငါးေယာက္စလံုးကေတာ့ သူ႔ခြင္နဲ႔ သူ ဝင္ေအာင္သြားမွာ’’ဟု ၎က ေျပာသည္။

Media 7 မွ ပညာေပးဇာတ္ လမ္းတိုအျဖစ္ ျမန္မာမႈျပဳ၍ ႐ိုက္ကူးသည့္ Let's Make TheChange ဇာတ္လမ္းတိုမွာလည္း လူမႈကြန္ရက္အပါအဝင္ ႐ုပ္သံ လုိင္းမ်ား၌ ျပသခဲ့ၿပီး ပရိသတ္မ်ား ၾကား Awareness ရရွိေစခဲ့သည္။ ယခုဇာတ္လမ္းမွာ ကိုယ္ပိုင္ဇာတ္လမ္းျဖစ္ေၾကာင္း ၎ကဆုိသည္။

‘‘ဒါကေတာ့ ကုိယ့္ရဲ႕ Own Creation ပါ။ ကိုယ့္ရဲ႕ ဇာတ္လမ္း ကို ဂ်ိဳးက ဇာတ္ၫႊန္းခြဲၿပီး ဒါ႐ိုက္ တာအေနနဲ႔ ႐ိုက္ထားတာပါ။ တစ္ပတ္အတြင္း အြန္လုိင္း႐ုပ္သံေတြနဲ႔ ႐ုပ္ရွင္႐ံုေတြမွာ တင္ေပးမယ္’’ဟု ၎က ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode  Version
 ကျော်သူ၊ G Fatt တို့ နှင့်အတူ 'Feedback' အမည်ရှိ ပညာပေးဇာတ်လမ်းတိုတစ်ခု ရိုက်ကူးနေပြီး ရက်ပိုင်းအတွင်း လူမှုကွန်ရက်စာမျက်နှာအပါအ ဝင် ရုပ်သံလိုင်းများမှ ပြသပေး ရန် အစီအစဉ်ရှိကြောင်း Media 7 ကုမ္ပဏီဥက္ကဋ္ဌ ကိုဝေမင်းမောင် က ပြောကြားသည်။

‘‘အခုနောက်ပိုင်းမှာ ဒုစရိုက် မှုတွေ အရမ်းများလာတာကို ဖေ့စ်ဘွတ်ခ်တွေ၊ ဂျာနယ်တွေကနေ ကြားနေရတယ်။ အဲဒါကြောင့် ကောင်းတာလုပ်ရင် ကောင်းတာ ခံစားရမယ်။ မကောင်းတာလုပ် ရင် မကောင်းတာခံစားရမယ်ဆို တာလေးကို ပြချင်တာ။ Feed-back ဆိုတာကတော့ မြန်မာမှုပြု ရရင် ကိုယ်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံ ပြန်လာမယ်ဆိုတဲ့ သဘောပါ’’ဟု ၎င်းက ပြောကြား သည်။

အဆိုပါ ဇာတ်လမ်းတိုသည် သုံးမိနစ်ခန့်သာ ကြာမြင့်မည်ဖြစ်ပြီး ကျော်သူ၊ သူထူးစံ၊ ကောင်းခန့်၊သတ္တိ နှင့် G Fatt တို့ ပါဝင်သရုပ် ဆောင်ထားကြောင်း ၎င်းက ပြော သည်။

‘‘အဓိကက ဦးကျော်သူနဲ့ G Fatt ရဲ့ ဇာတ်လမ်းကို ပြချင်တာ။ ဒါပေမဲ့ သုံးမိနစ်စာဖြစ်တဲ့အတွက် ငါးယောက်စလုံးကတော့ သူ့ခွင်နဲ့ သူ ဝင်အောင်သွားမှာ’’ဟု ၎င်းက ပြောသည်။

Media 7 မှ ပညာပေးဇာတ် လမ်းတိုအဖြစ် မြန်မာမှုပြု၍ ရိုက်ကူးသည့် Let's Make TheChange ဇာတ်လမ်းတိုမှာလည်း လူမှုကွန်ရက်အပါအဝင် ရုပ်သံ လိုင်းများ၌ ပြသခဲ့ပြီး ပရိသတ်များ ကြား Awareness ရရှိစေခဲ့သည်။ ယခုဇာတ်လမ်းမှာ ကိုယ်ပိုင်ဇာတ်လမ်းဖြစ်ကြောင်း ၎င်းကဆိုသည်။

‘‘ဒါကတော့ ကိုယ့်ရဲ့ Own Creation ပါ။ ကိုယ့်ရဲ့ ဇာတ်လမ်း ကို ဂျိုးက ဇာတ်ညွှန်းခွဲပြီး ဒါရိုက် တာအနေနဲ့ ရိုက်ထားတာပါ။ တစ်ပတ်အတွင်း အွန်လိုင်းရုပ်သံတွေနဲ့ ရုပ်ရှင်ရုံတွေမှာ တင်ပေးမယ်’’ဟု ၎င်းက ပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top