Property Expo
×

From Bangkok To Mandalay ( ဘန္ေကာက္မွ မႏၱေလးသို႕ ) ရုပ္ရွင္ကားၾကီး ဖြင့္ပြဲအခမ္းအနားကို ( ၃.၉.၁၆ ) ရက္ေန႕ ၊ ေန႕လည္ တစ္နာရီက Novotel Hotel မွာက်င္းပခဲ့ပါတယ္။ ဒီဇာတ္ကားၾကီးဟာ ထုိင္းျမန္မာႏွစ္ႏုိင္ငံ ခ်စ္ၾကည္ေရး အခ်စ္ဇာတ္ကားျဖစ္ၿပီး ေနတုိး၊ စိုင္းစိုင္းခမ္းလႈိင္၊ ၀တ္မႈန္ေရႊရည္နဲ႕ထုိင္းမင္းသမီး Namm Whan Pilaiporn တို႕က ပါ၀င္သရုပ္ေဆာင္ထားပါတယ္။ ဒါရုိက္တာကေတာ့ ထုိင္းလူမ်ိဳး Chartchai Ketnust  ျဖစ္ပါတယ္။ အဆုိပါဇာတ္ကားကုိ ေအာက္တိုဘာလ ၂၈ရက္ေန႕ကေန စတင္ျပီး ရံုတင္ျပသသြားမယ္လို႕ သိရပါတယ္။ ထိုင္းႏုိင္ငံဘန္ေကာက္ျမိဳ႕မွာေတာ့ ႏုိ္၀င္ဘာလ ၁၀ ရက္ေ္န႕မွာ စတင္ ရံုတင္ျပသသြားမွာျဖစ္ပါတယ္။

အဆုိပါကားမွာ  ေခတ္ႏွစ္ေခတ္ကို ႏိႈင္းယဥ္ရုိက္ျပထားတဲ့ ဇာတ္ကားျဖစ္ၿပီး ၁၉၆၀ ခုႏွစ္ေႏွာင္းပိုင္းက စာပို႕သမားနႏၵရဲ႕ကာရိုက္တာကုိ ပီျပင္ေအာင္သရုပ္ေဆာင္ခဲ့တဲ့ေနတိုးက "ဒီကားမွာ နႏၵဆိုတဲ့ကာရိုက္တာေနရာကေနပါ၀င္သရုပ္ေဆာင္ထားပါတယ္။ သူ႕ရဲ႕စိတ္ေနစိတ္ထားက ဘယ္လိုရွိလဲဆိုေတာ့ သူ႕ဘ၀မွာလွ်ိဳ႕၀ွက္ခ်က္ေတာ္ေတာ္မ်ားမ်ားနဲ႕ျဖတ္သန္းခဲ့ရတဲ့ လူတစ္ေယာက္ပါ။ အဓိကကေတာ့ ခရီးသြားျခင္းကို ၀ါသနာပါတဲ့အတြက္ စာတိုက္မွာ စာပို႕သမားေလးတစ္ေယာက္ရဲ႕ဘ၀ကို ေရြးခ်ယ္ခဲ့ပါတယ္။ အဲ့ဒီလိုေရြးခ်ယ္ရင္းနဲ႕မွ ရင္ခုန္သံနဲ႕အတူ သူဇာဆိုတဲ့ အမ်ိဳးသမီးေလးကိုေတြ႕ၿပီးေတာ့မွ ျမန္မာတစ္ႏုိင္ငံလံုးကို လွည့္ပတ္ၿပီးခရီးသြားရတဲ့ ဇာတ္ေကာင္တစ္ခုကေနပါ၀င္ထားပါတယ္။ ေနာက္တစ္ခုက ျမန္မာ့ရိုးရာ ျမန္မာ့ယဥ္ေက်းမႈကို အေလးအနက္တန္ဖိုးထားတတ္တဲ့ ျမန္မာအမ်ိဳးသားတစ္ေယာက္ေနရာကေနပါ၀င္ထားတာျဖစ္တယ္"လုိ႕ ေျပာျပသြားပါတယ္။

လြန္ခဲ့တဲ့ အႏွစ္ ငါးဆယ္ ၁၉၆၀ ေလာက္က မိဘမဲ့မိန္းကေလး သူဇာေနရာကေနပါ၀င္သရုပ္ေဆာင္ခဲ့တဲ့ ၀တ္မႈန္ေရႊရည္ကလဲ  "ဒီကားထဲမွာ ကစ္က အရမ္းကိုခ်စ္တတ္တဲ့ေကာင္မေလး ၊ ကုိယ္ကိုတိုင္ ရပ္တည္ႏုိင္တဲ့ မိန္းကေလးတစ္ေယာက္အေနနဲ႕သရုပ္ေဆာင္ပါတယ္"တဲ့။

၂၀၁၅ ၂၀၁၆ ခုႏွစ္ ဒီဖက္ခတ္မွာ မုိးႏုိင္ဆိုတဲ့ ဂီတနည္းျပတစ္ေယာက္ရဲ႕ ကာရိုက္တာကို ပီျပင္စြာသရုပ္ေဆာင္ခဲ့တဲ့ စိုင္းစိုင္းခမ္းလႈိင္ရဲ႕ ကာရိုက္တာကေတာ့ "ဒီကားထဲမွာဘာကုိမွဂရုမစိုက္တတ္ဘူး။ ေနေတာ့လဲ အိမ္ခန္းငွားၿပီးတစ္ေယာက္တည္းေနတယ္။ ဘာကိုမွဂရုမစိုက္ပဲ ေပါ့ေပါ့ပါးပါးေနတဲ့ ဂီတအႏုပညာရွင္တစ္ေယာက္ပါ"လို႕ သူက ေျပာျပသြားပါတယ္။

ဒီဖက္ေခတ္မွာ ပင္ဆိုတဲ့ ကာရုိက္တာကို ပါ၀င္သရုပ္ေဆာင္ထားတဲ့ ထုိင္းမင္းသမီး Namm Whan Pilaiporn ကေတာ့ ဒီကားထဲမွာ အဖြားေရးထားတဲ့ စာကုိယူၿပီး ျမန္မာႏုိင္ငံကိုလာၿပီး အေျဖရွာရတဲ့ ေကာင္မေလးတစ္ေယာက္အျဖစ္ ပါ၀င္သရုပ္ေဆာင္ထားပါတယ္။ ဒီဇာတ္ကားထဲမွာ ျမန္မာႏုိင္ငံကုိေရာက္တဲ့ အခ်ိန္ မိုးႏုိင္နဲ႕ေတြ႕ၿပီးေတာ့ ခရီးေတြအတူတူသြားခဲ့ကာ စာထဲက အမွန္တရားအခ်ိဳ႕႕ကိုရွာေဖြေတြ႕ရွိသြားတဲ့ ထုိင္းလူမ်ိဳးတစ္ေယာက္အေနနဲ႕သရုပ္ေဆာင္ထားတာမုိ႕ မၾကာခင္မွာ ရံုတင္ေတာ့မယ္ ဇာတ္ကားေလးကို အတူသြားၾကည့္ၾကရေအာင္ပါ။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit : trend myanmar

#Unicode Version

From Bangkok To Mandalay ( ဘန်ကောက်မှ မန္တလေးသို့ ) ရုပ်ရှင်ကားကြီး ဖွင့်ပွဲအခမ်းအနားကို ( ၃.၉.၁၆ ) ရက်နေ့ ၊ နေ့လည် တစ်နာရီက Novotel Hotel မှာကျင်းပခဲ့ပါတယ်။ ဒီဇာတ်ကားကြီးဟာ ထိုင်းမြန်မာနှစ်နိုင်ငံ ချစ်ကြည်ရေး အချစ်ဇာတ်ကားဖြစ်ပြီး နေတိုး၊ စိုင်းစိုင်းခမ်းလှိုင်၊ ဝတ်မှုန်ရွှေရည်နဲ့ထိုင်းမင်းသမီး Namm Whan Pilaiporn တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာကတော့ ထိုင်းလူမျိုး Chartchai Ketnust  ဖြစ်ပါတယ်။ အဆိုပါဇာတ်ကားကို အောက်တိုဘာလ ၂၈ရက်နေ့ကနေ စတင်ပြီး ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာတော့ နိုဝင်ဘာလ ၁၀ ရက်ေ်န့မှာ စတင် ရုံတင်ပြသသွားမှာဖြစ်ပါတယ်။

အဆိုပါကားမှာ  ခေတ်နှစ်ခေတ်ကို နှိုင်းယဉ်ရိုက်ပြထားတဲ့ ဇာတ်ကားဖြစ်ပြီး ၁၉၆၀ ခုနှစ်နှောင်းပိုင်းက စာပို့သမားနန္ဒရဲ့ကာရိုက်တာကို ပီပြင်အောင်သရုပ်ဆောင်ခဲ့တဲ့နေတိုးက "ဒီကားမှာ နန္ဒဆိုတဲ့ကာရိုက်တာနေရာကနေပါဝင်သရုပ်ဆောင်ထားပါတယ်။ သူ့ရဲ့စိတ်နေစိတ်ထားက ဘယ်လိုရှိလဲဆိုတော့ သူ့ဘဝမှာလျှို့ဝှက်ချက်တော်တော်များများနဲ့ဖြတ်သန်းခဲ့ရတဲ့ လူတစ်ယောက်ပါ။ အဓိကကတော့ ခရီးသွားခြင်းကို ဝါသနာပါတဲ့အတွက် စာတိုက်မှာ စာပို့သမားလေးတစ်ယောက်ရဲ့ဘဝကို ရွေးချယ်ခဲ့ပါတယ်။ အဲ့ဒီလိုရွေးချယ်ရင်းနဲ့မှ ရင်ခုန်သံနဲ့အတူ သူဇာဆိုတဲ့ အမျိုးသမီးလေးကိုတွေ့ပြီးတော့မှ မြန်မာတစ်နိုင်ငံလုံးကို လှည့်ပတ်ပြီးခရီးသွားရတဲ့ ဇာတ်ကောင်တစ်ခုကနေပါဝင်ထားပါတယ်။ နောက်တစ်ခုက မြန်မာ့ရိုးရာ မြန်မာ့ယဉ်ကျေးမှုကို အလေးအနက်တန်ဖိုးထားတတ်တဲ့ မြန်မာအမျိုးသားတစ်ယောက်နေရာကနေပါဝင်ထားတာဖြစ်တယ်"လို့ ပြောပြသွားပါတယ်။

လွန်ခဲ့တဲ့ အနှစ် ငါးဆယ် ၁၉၆၀ လောက်က မိဘမဲ့မိန်းကလေး သူဇာနေရာကနေပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဝတ်မှုန်ရွှေရည်ကလဲ  "ဒီကားထဲမှာ ကစ်က အရမ်းကိုချစ်တတ်တဲ့ကောင်မလေး ၊ ကိုယ်ကိုတိုင် ရပ်တည်နိုင်တဲ့ မိန်းကလေးတစ်ယောက်အနေနဲ့သရုပ်ဆောင်ပါတယ်"တဲ့။

၂၀၁၅ ၂၀၁၆ ခုနှစ် ဒီဖက်ခတ်မှာ မိုးနိုင်ဆိုတဲ့ ဂီတနည်းပြတစ်ယောက်ရဲ့ ကာရိုက်တာကို ပီပြင်စွာသရုပ်ဆောင်ခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ ကာရိုက်တာကတော့ "ဒီကားထဲမှာဘာကိုမှဂရုမစိုက်တတ်ဘူး။ နေတော့လဲ အိမ်ခန်းငှားပြီးတစ်ယောက်တည်းနေတယ်။ ဘာကိုမှဂရုမစိုက်ပဲ ပေါ့ပေါ့ပါးပါးနေတဲ့ ဂီတအနုပညာရှင်တစ်ယောက်ပါ"လို့ သူက ပြောပြသွားပါတယ်။

ဒီဖက်ခေတ်မှာ ပင်ဆိုတဲ့ ကာရိုက်တာကို ပါဝင်သရုပ်ဆောင်ထားတဲ့ ထိုင်းမင်းသမီး Namm Whan Pilaiporn ကတော့ ဒီကားထဲမှာ အဖွားရေးထားတဲ့ စာကိုယူပြီး မြန်မာနိုင်ငံကိုလာပြီး အဖြေရှာရတဲ့ ကောင်မလေးတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားထဲမှာ မြန်မာနိုင်ငံကိုရောက်တဲ့ အချိန် မိုးနိုင်နဲ့တွေ့ပြီးတော့ ခရီးတွေအတူတူသွားခဲ့ကာ စာထဲက အမှန်တရားအချို့ကိုရှာဖွေတွေ့ရှိသွားတဲ့ ထိုင်းလူမျိုးတစ်ယောက်အနေနဲ့သရုပ်ဆောင်ထားတာမို့ မကြာခင်မှာ ရုံတင်တော့မယ် ဇာတ်ကားလေးကို အတူသွားကြည့်ကြရအောင်ပါ။

 ဖိုးသူတော် (www.phothutaw.com)
Credit : trend myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top