Kantharyar Centre
×
Credit:Trend Myanmar
Unicode Version
အလုပ်လျှောက်တော့မယ်ဆိုရင် ကိုယ်ရေးအကျဉ်းရေးတဲ့အခါ ဘယ်သူမဆို စိတ်ပူတတ်ကြပါတယ်။ စာမျက်နှာ တစ်မျက်နှာတည်း ဖြစ်သင့်သလား။ Microsoft Office အထူးကျွမ်းကျင်မှု လိုသေးသလား။ လွန်ခဲ့သော ဆယ်စုနှစ်လောက်က တက္ကသိုလ်ကျောင်းသား/သူများလူမှုအရေး အသင်းအဖွဲ့တွေမှာ လှုပ်ရှားခဲ့တဲ့အချိန်က ရာထူးတွေရော ထည့်သင့်လားဆိုတာလေးတွေပေါ့။ အပြောင်းအလဲလုပ်နိုင်တဲ့အချက်များစွာ ရှိပါတယ်။ ဒါပေမယ့် ကျွနု်ပ်တို့ ဘယ်တော့မှ မစဉ်းစားမိတဲ့အချက်တစ်ခုက စာလုံး font ရွေးချက်မှုပဲ ဖြစ်ပါတယ်။
မကြာသေးမီက Bloomberg မှာဖော်ပြတဲ့ ဆောင်းပါးတစ်ခုက ကျွနု်ပ်တို့ လုံးဝ သေချာပေါက် မမှားနိုင်ဘူးလို့ ယူဆထားတဲ့ Times New Roman ကို ဆန့်ကျင်ကြောင်း ရေးထားပါတယ်။ တီထွင်ဖန်တီးနိုင်စွမ်းကောင်းတဲ့ ဒါရိုက်တာတစ်ဦးလည်းဖြစ်၊ စာလုံး font ဆိုင်ရာ နားလည်ကျွမ်းကျင်သူတစ်ဦးလည်းဖြစ်တဲ့ Brain Hoff ရဲ့ ပြောဆိုချက်အရ Times New Roman အသုံးပြုတာက ပျင်းဖို့ကောင်းပြီး ဖတ်ချင်စရာမရှိ ဖြစ်စေတယ်လို့ ဆိုပါတယ်။
သမားရိုးကျမဟုတ်တဲ့ အခြားရွေးချယ်စရာတချို့က Helvetica၊ Proxima Nova နဲ့ Garamond တို့ပဲ ဖြစ်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top