Property Expo
×

ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ အား စံုစမ္းစစ္ေဆးေရးႏွင့္ လုပ္ ငန္းစြမ္းေဆာင္ရည္ ပိုမိုျမႇင့္တင္ ေပးေရး အေမရိကန္ျပည္ေထာင္ စုမွ ဖက္ဒရယ္စံုစမ္းစစ္ေဆးေရး ဗ်ဴ႐ို (FBI)က ပထမဆံုးအႀကိမ္ လာေရာက္သင္တန္းပို႔ခ်ရန္ ျမန္ မာႏိုင္ငံ ရဲတပ္ဖြဲ႕ႏွင့္ ပူးေပါင္းစီစဥ္ ေနေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္သံ႐ံုးက သတင္းထုတ္ျပန္သည္။

FBI က ျမန္မာႏိုင္ငံ ရဲတပ္ ဖြဲ႕အား သီတင္းရွစ္ပတ္ၾကာ ပို႔ခ် မည့္ အလုပ္႐ံုေဆြးေႏြးပြဲႏွင့္ သင္ တန္းျဖစ္ၿပီး ျမန္မာႏိုင္ငံတြင္ မႈခင္းမ်ား ေဖာ္ထုတ္တိုက္ဖ်က္ ရာ၌ စြမ္းရည္မ်ား ျမႇင့္တင္ေပး ေရး ေလ့က်င့္သင္တန္းမ်ားႏွင့္ နည္းပညာ အေထာက္အပံ့မ်ား အကူအညီေပးရန္ အေမရိကန္ ျပည္ေထာင္စုက သႏၷိ႒ာန္ခ်ထား ေၾကာင္း အေမရိကန္သံ႐ံုးက ေအာက္တိုဘာ ၂၇ ရက္တြင္ ထုတ္ျပန္လိုက္သည္။ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕က်င့္ ဝတ္မ်ားတြင္ ေဖာ္ျပထားသည့္ ပြင့္လင္းျမင္သာမႈ၊ တာဝန္ယူမႈရွိ မႈ၊ အရပ္ဘက္ ပူးေပါင္းထိန္းခ်ဳပ္ မႈ၊ သက္ဆိုင္ရာလုပ္ငန္းမ်ားကို ကြၽမ္းက်င္ပိုင္ႏိုင္မႈႏွင့္ လူ႔အခြင့္ အေရးမ်ားကို အကာအကြယ္ေပး မႈဟူေသာ အခ်က္မ်ားကို စံကိုက္ ၍ တစ္ဆင့္ခ်င္း ခ်ဥ္းကပ္ေဖာ္ ေဆာင္ရန္ျဖစ္ေၾကာင္း ေၾကညာ ခ်က္၌ ဆက္လက္ေျပာျပထား သည္။

သို႔ေသာ္ ယင္းထုတ္ျပန္ခ်က္ ႏွင့္ ပတ္သက္၍ FBI မွ လာ ေရာက္သင္တန္းပို႔ခ်ရန္ ျမန္မာ ႏိုင္ငံရဲတပ္ဖြဲ႕ႏွင့္ ညႇိႏိႈင္းေဆာင္ ရြက္ထားျခင္းမရွိေၾကာင္း ျမန္မာ ႏိုင္ငံ ရဲတပ္ဖြဲ႕က ျငင္းဆိုသည္။

ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕အား FBI က လာေရာက္သင္တန္းေပး ေနမႈႏွင့္ပတ္သက္၍ ရန္ကုန္တိုင္း ရဲတပ္ဖြဲ႕၏ ေျပာေရးဆိုခြင့္ရွိသူ ရဲမွဴးႀကီးမ်ဳိးေဆြႏွင့္ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ (ေနျပည္ေတာ္)၏ ေျပာ ေရးဆိုခြင့္ရွိသူ ရဲမွဴးႀကီးေဇာ္ဝင္း ေအာင္ထံ ဆက္သြယ္ေမးျမန္းရာ FBI က သင္တန္းပို႔ခ်မႈ မရွိ ေၾကာင္းျငင္းဆိုခဲ့သည္။

‘‘အဲဒီဟာကို ႏိုင္ငံျဖတ္ေက်ာ္ ဌာနရွိတယ္ေလ။ အဲဒီကို လွမ္းေမးၿပီးၿပီ။ အစီအစဥ္မရွိေသးပါ ဘူးတဲ့။ အခုနကလည္း သတင္း ဌာနႏွစ္ခု လာေမးတယ္။ အဲဒီ လိုပဲ ေျဖေပးလိုက္တယ္။ အစီ အစဥ္ မရွိေသးဘူးလို႔ ေျပာပါ တယ္’’ ဟု ရဲမွဴးႀကီးေဇာ္ဝင္း ေအာင္က ဆိုသည္။

‘‘အေမရိကန္သံ႐ံုးက ဒီ ကေန႔မနက္ကပဲ သတင္းထုတ္ ျပန္ထားတာ ဟုတ္ပါတယ္။ သံ႐ံုးကေတာ့ ဒီဟာထက္ ထပ္ေျပာဖို႔ မရွိေတာ့ဘူး။ ျပည္သူကို ေျပာခ်င္ တာ အကုန္ေရးထားတာပဲ။ ရဲ တပ္ဖြဲ႕က မဟုတ္ဘူးေျပာတာ ေတာ့ မသိဘူး’’ ဟု ျမန္မာႏိုင္ငံ ဆိုင္ရာ အေမရိကန္ သံ႐ံုးမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

‘‘ဝန္ႀကီးဌာနအေနနဲ႔ သံ႐ံုး ေတြနဲ႔ ခ်ိတ္ဆက္ၿပီး လုပ္တဲ့ဟာ ေလးေတြရွိတယ္ေပါ့ေနာ္။ အစ ကတည္းကေတာ့ ျမန္မာႏိုင္ငံရဲ႕ ရဲတပ္ဖြဲ႕စြမ္းရည္ ျမႇင့္တင္ဖို႔ဆုိ တာေတာ့ အေမရိကန္မတိုင္ခင္ ကတည္းက အီးယူနဲ႔လုပ္တာရွိ တယ္ေလ။ အဲဒီသေဘာမ်ဳိးနဲ႔ ကြၽန္ေတာ္တို႔ ပူးေပါင္းေဆာင္ ရြက္ေနတာပါ။ သက္ဆိုင္ရာ သံ႐ံုးေတြနဲ႔ ျပည္ထဲေရးနဲ႔ခ်ိတ္ ဆက္ၿပီးမွ ညႇိႏိႈင္းၿပီး လုပ္တဲ့ သေဘာပါ။ ဘယ္ရက္မွာ လုပ္ မယ္ဆိုတာေတာ့ ျပည္ထဲေရးကို ေမးၾကည့္ရဦးမယ္’’ဟု ႏိုင္ငံျခား ေရးဝန္ႀကီးဌာန အၿမဲတမ္း အတြင္းဝန္ ဦးေက်ာ္ေဇယ်က ေျပာသည္။

ႏိုင္ငံေတာ္၏ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၏ ေတာင္းဆိုမႈေၾကာင့္ ဥေရာပ သမဂၢ (EU)က ျမန္မာႏိုင္ငံရဲတပ္ ဖြဲ႕ဝင္မ်ားအား လူစုလူေဝးစနစ္ တက် ထိန္းသိမ္းနည္းသင္တန္း ကို ၂၀၁၃ စက္တင္ဘာကစ၍ ၁၈ လၾကာ သင္တန္းမ်ားေပးခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

မန်မာနိုင်ငံ ရဲတပ်ဖွဲ့ အား စုံစမ်းစစ်ဆေးရေးနှင့် လုပ် ငန်းစွမ်းဆောင်ရည် ပိုမိုမြှင့်တင် ပေးရေး အမေရိကန်ပြည်ထောင် စုမှ ဖက်ဒရယ်စုံစမ်းစစ်ဆေးရေး ဗျူရို (FBI)က ပထမဆုံးအကြိမ် လာရောက်သင်တန်းပို့ချရန် မြန် မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ပူးပေါင်းစီစဉ် နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက သတင်းထုတ်ပြန်သည်။

FBI က မြန်မာနိုင်ငံ ရဲတပ် ဖွဲ့အား သီတင်းရှစ်ပတ်ကြာ ပို့ချ မည့် အလုပ်ရုံဆွေးနွေးပွဲနှင့် သင် တန်းဖြစ်ပြီး မြန်မာနိုင်ငံတွင် မှုခင်းများ ဖော်ထုတ်တိုက်ဖျက် ရာ၌ စွမ်းရည်များ မြှင့်တင်ပေး ရေး လေ့ကျင့်သင်တန်းများနှင့် နည်းပညာ အထောက်အပံ့များ အကူအညီပေးရန် အမေရိကန် ပြည်ထောင်စုက သန္နိဋ္ဌာန်ချထား ကြောင်း အမေရိကန်သံရုံးက အောက်တိုဘာ ၂၇ ရက်တွင် ထုတ်ပြန်လိုက်သည်။မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကျင့် ဝတ်များတွင် ဖော်ပြထားသည့် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုရှိ မှု၊ အရပ်ဘက် ပူးပေါင်းထိန်းချုပ် မှု၊ သက်ဆိုင်ရာလုပ်ငန်းများကို ကျွမ်းကျင်ပိုင်နိုင်မှုနှင့် လူ့အခွင့် အရေးများကို အကာအကွယ်ပေး မှုဟူသော အချက်များကို စံကိုက် ၍ တစ်ဆင့်ချင်း ချဉ်းကပ်ဖော် ဆောင်ရန်ဖြစ်ကြောင်း ကြေညာ ချက်၌ ဆက်လက်ပြောပြထား သည်။

သို့သော် ယင်းထုတ်ပြန်ချက် နှင့် ပတ်သက်၍ FBI မှ လာ ရောက်သင်တန်းပို့ချရန် မြန်မာ နိုင်ငံရဲတပ်ဖွဲ့နှင့် ညှိနှိုင်းဆောင် ရွက်ထားခြင်းမရှိကြောင်း မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့က ငြင်းဆိုသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အား FBI က လာရောက်သင်တန်းပေး နေမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီးမျိုးဆွေနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ (နေပြည်တော်)၏ ပြော ရေးဆိုခွင့်ရှိသူ ရဲမှူးကြီးဇော်ဝင်း အောင်ထံ ဆက်သွယ်မေးမြန်းရာ FBI က သင်တန်းပို့ချမှု မရှိ ကြောင်းငြင်းဆိုခဲ့သည်။

‘‘အဲဒီဟာကို နိုင်ငံဖြတ်ကျော် ဌာနရှိတယ်လေ။ အဲဒီကို လှမ်းမေးပြီးပြီ။ အစီအစဉ်မရှိသေးပါ ဘူးတဲ့။ အခုနကလည်း သတင်း ဌာနနှစ်ခု လာမေးတယ်။ အဲဒီ လိုပဲ ဖြေပေးလိုက်တယ်။ အစီ အစဉ် မရှိသေးဘူးလို့ ပြောပါ တယ်’’ ဟု ရဲမှူးကြီးဇော်ဝင်း အောင်က ဆိုသည်။

‘‘အမေရိကန်သံရုံးက ဒီ ကနေ့မနက်ကပဲ သတင်းထုတ် ပြန်ထားတာ ဟုတ်ပါတယ်။ သံရုံးကတော့ ဒီဟာထက် ထပ်ပြောဖို့ မရှိတော့ဘူး။ ပြည်သူကို ပြောချင် တာ အကုန်ရေးထားတာပဲ။ ရဲ တပ်ဖွဲ့က မဟုတ်ဘူးပြောတာ တော့ မသိဘူး’’ ဟု မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘ဝန်ကြီးဌာနအနေနဲ့ သံရုံး တွေနဲ့ ချိတ်ဆက်ပြီး လုပ်တဲ့ဟာ လေးတွေရှိတယ်ပေါ့နော်။ အစ ကတည်းကတော့ မြန်မာနိုင်ငံရဲ့ ရဲတပ်ဖွဲ့စွမ်းရည် မြှင့်တင်ဖို့ဆို တာတော့ အမေရိကန်မတိုင်ခင် ကတည်းက အီးယူနဲ့လုပ်တာရှိ တယ်လေ။ အဲဒီသဘောမျိုးနဲ့ ကျွန်တော်တို့ ပူးပေါင်းဆောင် ရွက်နေတာပါ။ သက်ဆိုင်ရာ သံရုံးတွေနဲ့ ပြည်ထဲရေးနဲ့ချိတ် ဆက်ပြီးမှ ညှိနှိုင်းပြီး လုပ်တဲ့ သဘောပါ။ ဘယ်ရက်မှာ လုပ် မယ်ဆိုတာတော့ ပြည်ထဲရေးကို မေးကြည့်ရဦးမယ်’’ဟု နိုင်ငံခြား ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးကျော်ဇေယျက ပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုမှုကြောင့် ဥရောပ သမဂ္ဂ (EU)က မြန်မာနိုင်ငံရဲတပ် ဖွဲ့ဝင်များအား လူစုလူဝေးစနစ် တကျ ထိန်းသိမ်းနည်းသင်တန်း ကို ၂၀၁၃ စက်တင်ဘာကစ၍ ၁၈ လကြာ သင်တန်းများပေးခဲ့သည်။



ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily




 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top