Property Expo
×

အန္ဂ်လီနာဂ်ဳိလီနဲ႔ သူမရဲ႕ကေလးေတြဟာ ေအာက္တုိဘာလ ၁၈ ရက္မွာ ဘရက္ပစ္ကို စြပ္စြဲထားတဲ့ ကေလးသူငယ္ညႇင္းပန္းႏွိပ္စက္မႈနဲ႔ ပတ္သက္ၿပီး ေဆြးေႏြးဖို႔အတြက္ FBI ေအးဂ်င့္ေတြနဲ႔ ေတြ႕ဆံုခဲ့တာ ျဖစ္ပါတယ္။

ဂ်ဳိလီဟာ ဘရတ္ပစ္နဲ႔ ကြာရွင္းဖို႔အတြက္ စက္တင္ဘာလ ၁၉ ရက္ေန႔မွာ ကြာရွင္းခြင့္တင္ထားတာျဖစ္ၿပီး ဒီလိုလုပ္ရတာဟာ မိသားစုအေျခအေန ေကာင္းမြန္ေစဖုိ႔အတြက္ျဖစ္တယ္လို႔ သူမရဲ႕ေရွ႕ေန ေရာဘတ္ေအာ္ဖာက ဆုိပါတယ္။

စက္တင္ဘာလ ၁၄ ရက္က ျပင္သစ္ကေန ေလာ့ဆန္းဂ်လိစ္ကိုအျပန္ သီးသန္႔ေလယာဥ္ေပၚမွာ ေဟာလိဝုဒ္မင္းသား ဘရတ္ပစ္ဟာ ၁၅ ႏွစ္အရြယ္ သား မက္ေဒါ့စ္နဲ႔ စကားမ်ားၾကၿပီးေနာက္ ယင္းျဖစ္ရပ္ေတြ ဆက္တုိက္ျဖစ္ေပၚလာတာ ျဖစ္ပါတယ္။

ကေလးညႇင္းပန္းႏွိပ္စက္မႈဆုိတဲ့ စြပ္စြဲခ်က္ေတြနဲ႔ ပတ္သက္ၿပီး ကေလးမ်ားနဲ႔ မိသားစု ဝန္ေဆာင္မႈ အယ္လ္ေအေကာင္တီဌာနနဲ႔ FBI  ႏွစ္ခုစလံုးက စံုစမ္းစစ္ေဆးေနၿပီလို႔လည္း သိရပါတယ္။

ေအာက္တုိဘာလ ၁၈ ရက္ေန႔မွာေတာ့ FBI ေအးဂ်င့္ႏွစ္ဦးက ကယ္လီဖိုးနီးယားျပည္နယ္၊ မာလီဘူးမ်ာရွိတဲ့ ဂ်ဳိလီရဲ႕အိမ္ကို သြားေရာက္ခဲ့ၿပီး သူမနဲ႔ ကေလးငယ္ေတြကို သံုးနာရီၾကာ ေမးျမန္းခဲ့တယ္လို႔ TMZ သတင္းဌာနက ေရးသားထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

#Unicode Version

အန်ဂျလီနာဂျိုလီနဲ့ သူမရဲ့ကလေးတွေဟာ အောက်တိုဘာလ ၁၈ ရက်မှာ ဘရက်ပစ်ကို စွပ်စွဲထားတဲ့ ကလေးသူငယ်ညှင်းပန်းနှိပ်စက်မှုနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့အတွက် FBI အေးဂျင့်တွေနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

ဂျိုလီဟာ ဘရတ်ပစ်နဲ့ ကွာရှင်းဖို့အတွက် စက်တင်ဘာလ ၁၉ ရက်နေ့မှာ ကွာရှင်းခွင့်တင်ထားတာဖြစ်ပြီး ဒီလိုလုပ်ရတာဟာ မိသားစုအခြေအနေ ကောင်းမွန်စေဖို့အတွက်ဖြစ်တယ်လို့ သူမရဲ့ရှေ့နေ ရောဘတ်အော်ဖာက ဆိုပါတယ်။

စက်တင်ဘာလ ၁၄ ရက်က ပြင်သစ်ကနေ လော့ဆန်းဂျလိစ်ကိုအပြန် သီးသန့်လေယာဉ်ပေါ်မှာ ဟောလိဝုဒ်မင်းသား ဘရတ်ပစ်ဟာ ၁၅ နှစ်အရွယ် သား မက်ဒေါ့စ်နဲ့ စကားများကြပြီးနောက် ယင်းဖြစ်ရပ်တွေ ဆက်တိုက်ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

ကလေးညှင်းပန်းနှိပ်စက်မှုဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ကလေးများနဲ့ မိသားစု ဝန်ဆောင်မှု အယ်လ်အေကောင်တီဌာနနဲ့ FBI  နှစ်ခုစလုံးက စုံစမ်းစစ်ဆေးနေပြီလို့လည်း သိရပါတယ်။

အောက်တိုဘာလ ၁၈ ရက်နေ့မှာတော့ FBI အေးဂျင့်နှစ်ဦးက ကယ်လီဖိုးနီးယားပြည်နယ်၊ မာလီဘူးမျာရှိတဲ့ ဂျိုလီရဲ့အိမ်ကို သွားရောက်ခဲ့ပြီး သူမနဲ့ ကလေးငယ်တွေကို သုံးနာရီကြာ မေးမြန်းခဲ့တယ်လို့ TMZ သတင်းဌာနက ရေးသားထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top