Kantharyar Centre
×

လက္ရွိမွာဆိုရင္ ေဖ့စ္ဘြတ္လူမႈကြန္ယက္ေပၚမွာ ျမန္မာေပါကားမ်ားရပ္ဆိုတဲ့ Page ကေန ျမန္မာကားေတြရဲ႕လုိအပ္ခ်က္၊ လိုအပ္မႈေတြကုိ မီးေမာင္းထိုးျပေနတာ အားလံုးသိရွိၿပီးသားျဖစ္မွာပါ။ ဒါကိုအခ်ိဳ႕အခ်ိဳ႕ေသာရုပ္ရွင္ေလာကသားေတြက ေ၀ဖန္မႈတစ္ခုအေနနဲ႕လက္ခံသလို တခ်ိဳ႕ကလဲ မေက်မနပ္ျဖစ္ေနၾကတာကိုလဲ ေတြ႕ၾကမွာပါပဲ။ ဒီအေၾကာင္းအရာနဲ႕ပတ္သက္ၿပီး ခုလက္ရွိ ျမန္မာႏိုင္ငံရဲ႕ ထိပ္တန္းအႏုပညာရွင္ေတြထဲက တစ္ေယာက္ျဖစ္တဲ့ အကယ္ဒမီမ်ားရွင္ ေျပတီဦးကိုသြားေရာက္ေမးျမန္းျဖစ္ခဲ့ပါတယ္။ ေျပတီဦးရဲ႕ လူမႈကြန္ယက္ေပၚကျမန္မာကားမ်ားအေပၚေ၀ဖန္မႈမ်ားနဲ႕ပတ္သက္ၿပီး အဓိကအေၾကာင္းအရာမ်ားကို ျဖည့္စြက္ေျပာျပလာသလို လက္ရွိမွာရုိက္ကူးေနတဲ့ ရုပ္ရွင္ကားၾကီးအေၾကာင္းကုိလဲ ျပည့္စံုစြာေျပာျပလာတဲ့အခါ

-အခုဆိုရင္ လူမႈကြန္ယက္ေပၚမွာ ျမန္မာေပါကားမ်ားရပ္ဆိုတဲ့ Page ေလးကေန ျမန္မာကားေတြကို ေ၀ဖန္ေနတာမ်ိဳးေတြလဲရွိတယ္ေပါ့။ အဲ့ဒီအေပၚ အစ္ကို႕အျမင္ေလးကိုလဲသိခ်င္ပါတယ္။

ေ၀ဖန္တယ္ဆိုတာကေတာ့ အခုမွစျဖစ္လာတာ မဟုတ္ဘူးေလ။ အခုလဲရွိတယ္။ ဟိုးအရင္ကတည္းကလဲ ရွိခဲ့တယ္။ ေနာက္လဲရွိေနဦးမွာပဲေလ။ ေ၀ဖန္တယ္ဆုိတာ စိတ္၀င္စားလို႕ေ၀ဖန္တာေလ။ အျပဳသေဘာေဆာင္တဲ့ အၾကံေပးတဲ့သေဘာမ်ိဳးလဲ ယူဆလို႕ရတာပဲ။ ဘယ္လိုေ၀ဖန္မႈပဲျဖစ္ျဖစ္ ကၽြန္ေတာ္တို႕ကၾကိဳဆိုပါတယ္။ ျမန္မာကားေတြကိုပဲေ၀ဖန္ေ၀ဖန္၊ ကၽြန္ေတာ္တို႕ကားေတြကုိပဲေ၀ဖန္ေ၀ဖန္၊ ကၽြန္ေတာ္တို႕ကအျမဲတမ္းဖတ္တယ္။ ေလ့လာတယ္။ အဲ့ဒီထဲကမွ ဘယ္ဟာေတြက အမွန္တကယ္ျပဳျပင္သင့္တဲ့အရာေတြလဲ ကၽြန္ေတာ္တုိ႕စဥ္းစားတယ္။ ဒီအေပၚမွာ ကၽြန္ေတာ္တို႕ျပဳျပင္သင့္တာရွိရင္ျပဳျပင္တယ္။ လုိက္နာတယ္။

-အဲ့ဒီေ၀ဖန္မႈေတြနဲ႕ပတ္သက္ၿပီး ျမန္မာ့ရုပ္ရွင္ေလာကက ဘာေတြျဖစ္လာႏုိင္လဲ။

ဘာမွျဖစ္မလာႏိုင္ပါဘူး။ ရုပ္ရွင္ေလာကကလဲ ဒီအတိုင္းပဲဆက္ရွိေနဦးမွာပဲ။ သူတို႕ေတြရဲ႕ေ၀ဖန္မႈကို ကၽြန္ေတာ္တုိ႕ကဖတ္ရမယ္။ ေလ့လာရမယ္။ ျပင္စရာရွိရင္ျပင္ရမယ္။ ရုပ္ရွင္ေလာကကေတာ့ ဒီေ၀ဖန္မႈေၾကာင့္ေတာ့ ၾကီးမားတဲ့အေျပာင္းအလဲတုိ႕ဘာတို႕ေတာ့မရွိႏုိင္ဘူးေပါ့။ ဘာလို႕လဲဆိုေတာ့ သူ႕ပရိသတ္နဲ႕သူကေတာ့ ရွိေနၿပီးသားေလ။ သူ႕ပရိသတ္နဲ႕သူရွိေနလို႕လဲ ရပ္တည္လို႕ရတာေပါ့။ ၾကိဳက္တဲ့သူတစ္ေယာက္မွ မရွိဘူးဆိုရင္လဲ ရပ္တည္လို႕ဘယ္လိုမွမရႏုိင္ဘူးေလ။ ကၽြန္ေတာ္တို႕ကအေရးၾကီးတာက သူတုိ႕ေတြရဲ႕ေ၀ဖန္မႈေတြကိုေလးစားရမယ္။ ေလ့လာရမယ္။ ျပင္စရာရွိရင္ျပင္ရမယ္။ ေကာင္းတဲ့အျမင္နဲ႕ၾကည့္ရင္ ဒါေကာင္းဖို႕အတြက္လုပ္ၾကတာလို႕ပဲယူဆတာေပါ့။ အဲ့ဒီေတာ့ ကၽြန္ေတာ္တို႕ကေက်းဇူးတင္ပါတယ္။

-အဲ့ဒီေ၀ဖန္မႈေတြနဲ႕ပတ္သက္ၿပီး အေကာင္းဆံုးျဖစ္လာေအာင္ အစ္ကိုတို႕အေနနဲ႕ဘာေတြလုပ္ေဆာင္သြားဖို႕ရွိမလဲ။

အဓိကကေတာ့ ညီမေလးရယ္။ အရွင္းဆံုးေျပာရရင္ သူ႕အေျခအေနနဲ႕သူ႕အခ်ိန္အခါနဲ႕ေလာကၾကီးမွာ အရာအားလံုးကသူ႕အုိးနဲ႕သူ႕ဆန္တန္ရာတန္ရာျဖစ္ေနၾကတာပဲေလ။ အစ္ကိုတုိ႕ကျမန္မာျပည္မွာေမြးၿပီးေတာ့ ေဟာလီး၀ုဒ္ေလာက္ၾကီး တိုးတက္ခ်င္လို႕ေတာ့ ဘယ္လိုနည္းနဲ႕မွမျဖစ္ႏုိင္ဘူး။ အဲ့ဒီေတာ့ အေရးၾကီးဆံုးက အစ္ကုိတို႕တုိင္းျပည္က သူမ်ားတုိင္းျပည္ေတြနဲ႕ရင္ေဘာင္တန္းလာႏုိင္ေအာင္ အမွီလိုက္လာႏုိင္ေအာင္ အစ္ကိုတို႕ကၾကိဳးစားၾကရမယ္။ ကိုယ့္ကိုကိုယ္ျပဳျပင္ရမယ္။ ကိုယ္တိုင္းျပည္ကို ကိုယ္တည္ေဆာက္ၾကရမယ္။ တုိင္းျပည္ရဲ႕စီးပြားေရး၊ လူမႈေရး ၊ ပညာေရး အစစအရာရာေပါ့။ ျမင့္မားလာမွပဲ ဒီႏုိင္ငံထဲမွာရွိတဲ့ က႑အသီးသီးက ဖက္စံုေထာင့္စံုတုိးတက္လာမွာပါ။ ျမန္မာျပည္မွာေမြးတဲ့ သူတစ္ေယာက္က ေဘာလံုးမွာပဲၾကည့္မယ္ဆုိရင္ အင္မတန္ကုိၾကိဳးစားပမ္းစားေလ့က်င့္ၿပီးေတာ့မွ ႏုိင္ငံတကာနဲ႕အစ္ကုိတို႕ယွဥ္လို႕ရမယ္ေလ။ ဘရာဇီးမွာ ေမြးၿပီးေတာ့ၾကီးတဲ့ သူကေတာ့ ေတာ္ရံုတန္ရံုရပ္ကြက္အဆင့္ေလာက္ကန္တာကိုက အစ္ကိုတို႕ဆီက လက္ေရြးစဥ္ေလာက္ျဖစ္ေနမွာပဲေလ။ အဲ့ဒီေတာ့ အစ္ကုိတို႕တိုင္းျပည္ကိုအရင္ေကာင္းေအာင္ တည္ေဆာက္ရမယ္။ တုိင္းျပည္ေကာင္းမွ တိုင္းျပည္ထဲမွာ ရွိေသာ က႑အသီးသီးက ဖြံ႕ျဖိဳးတိုးတက္လာမွာ အစ္ကိုတို႕ ရုပ္ရွင္ေလာကတစ္ခုထဲကို ဖြံ႕ျဖိဳးၿပီးတိုးတက္ၿပီး  ကမာၻနဲ႕ရင္ေဘာင္တန္းႏုိင္ေအာင္လုပ္လို႕မရဘူး။ အေရးၾကီးတာအစ္ကိုတို႕တုိင္းျပည္ကို တည္ေဆာက္ဖို႕အေရးၾကီးတယ္။

-ရုပ္ရွင္ေလာကအေနနဲ႕အဓိကေရာ ဘယ္လိုျပသနာေတြကိုရင္ဆုိင္ေနရလဲ။

ျပသနာေတြကေတာ့ အစအဆံုးအကုန္ပဲ။ အဓိကက မျပည့္စံုတာ၊ လိုအပ္ခ်က္ေတြအမ်ားၾကီးရွိေနတာ ဘာေတြလိုအပ္သလဲေမးရင္ ကၾကီးကေန အအထိပဲ။ အစအဆံုးလုိအပ္တယ္။ အစအဆံုးဘာေၾကာင့္လိုအပ္သလဲဆိုေတာ့ ဒီႏုိင္ငံမွာ ဒီလိုမ်ိဳးအေနအထားမွာပဲရွိေနေသးတဲ့အတြက္ေၾကာင့္လိုအပ္ေနဦးမွာပဲ။ အဲ့ဒီေတာ့ တျဖည္းျဖည္းခ်င္းတျဖည္းျဖည္းခ်င္း အစစအရာရာ ျပဳျပင္ၿပီးေျပာင္းလဲလာေအာင္တည္ေဆာက္ရမယ္။

-ရုပ္ရွင္ေလာကေျပာင္းလဲလာဖို႕အတြက္အစ္ကို႕အေနနဲ႕ဘာမ်ားေတာင္းဆိုခ်င္တာရွိလဲ။

အဓိကကေတာ့ ေတာင္းဆိုေနရံုနဲ႕လဲ ျဖစ္လာမွာမဟုတ္ဘူး။ ခုနကေျပာသလို ကိုယ့္တုိင္းျပည္က သူမ်ားတိုင္းျပည္ေတြနဲ႕ရင္ေဘာင္တန္းလာႏုိင္တဲ့ အေျခအေနဆိုရင္ဒါေတြက အလိုလိုပါလာၿပီး အလိုလိုျမင့္လာမွာပဲ။ အဓိကက ကိုယ့္ခြန္ကုိယ့္အားနဲ႕အေကာင္းဆံုးျဖစ္လာေအာင္ၾကိဳးစားၾကဖို႕ပဲလိုတယ္။ အစ္ကိုတို႕ဆီမွာရွိေနတဲ့ အေျခအေနနဲ႕အစ္ကိုတို႕ဆီမွာရင္ဆိုင္ၾကံဳေတြ႕ေနရတဲ့ အခက္အခဲကို အစ္ကုိတို႕ပဲသိတယ္။ အျပင္လူေတြကိုေျပာျပလို႕ရွိရင္လဲ အစ္ကုိတို႕နဲ႕ထပ္တူထပ္မွ် ခံစားနားလည္ေပးႏုိင္ဖို႕ဆိုတာ မလြယ္ႏုိင္ဘူးေလ။ အစ္ကိုတို႕မွာက စတူဒီယိုမရွိ၊ ဘာမရွိ၊ ညာမရွိဘာဆို ဘာတစ္ခုမွမျပည့္စံုပဲနဲ႕တကယ့္ကို ဆင္းဆင္းရဲရဲ ခ်ိဳ႕ခ်ိဳ႕တဲ့တဲ့ မ်က္ႏွာငယ္ငယ္ေလးနဲ႕ကားတစ္ကားေလးၿပီးေအာင္မနည္းကို ဖန္တီးေနၾကရတာ အဲ့ဒီလိုဆိုေတာ့ ဘယ္ေနရာမွာမွ အစ္ကုိတို႕ဆီမွာ စတူဒီယိုမရွိဘူး။ ဥပမာ Actor တစ္ေယာက္က သရုပ္ေဆာင္တဲ့အခါမွာ အခုဆိုစတူဒီယိုမရွိတဲ့အတြက္ ကားလမ္းေဘးမွာရုိက္ေနရတယ္။ အဲ့ဒီေတာ့ကားသံေတြ ဟြန္းသံေတြေၾကာင့္ ဒီထဲမွာရုိက္ေနတဲ့ ဆင္းန္ကိုအထပ္ထပ္အခါခါျပန္ျပန္ရုိက္ရတယ္။ အဲ့ဒီလိုဆိုေတာ့ ဒီ mood ေတြ၊ Concentration ေတြကလိုသေလာက္ တည္ေဆာက္ယူလုိ႕ဘယ္လိုမွမျဖစ္ႏုိင္ဘူး။ ဘာေၾကာင့္အစ္ကိုတို႕ဒီမွာရိုက္ေနလဲ။ အစ္ကိုတို႕ဆီမွာရွိမွမရွိတာ၊ အဲ့ဒီေတာ့ ဒီစတူဒီယိုမရွိတာေတြ၊ လုိအပ္တဲ့ပစၥည္းမျပည့္စံုတာေတြကို ဘယ္သူ႕ကိုသြားၿပီးအျပစ္တင္ရမွာလဲ။ အျပစ္တင္ရင္လဲ အျပစ္ေျပာေနတာပဲရွိမယ္။ အဲ့ဒီေတာ့အစ္ကိုတို႕မွာရွိတာေလးနဲ႕အေကာင္းဆံုးအဆင္ေျပဆံုးေလးျဖစ္ေအာင္မရမကၾကိဳးစားၿပီးအားထုတ္ေနၾကရတယ္။ ပရိသတ္ကလဲအရမ္းေက်းဇူးတင္စရာေကာင္းတယ္။ ဒီလိုမျပည့္မစံုနဲ႕ဖန္တီးထားတာေလးကိုပဲ မျပည့္မစံုနဲ႕ၾကည့္ေပးေနၾကတယ္။ အစ္ကုိတို႕ဆီမွာလိုအပ္ခ်က္ေတြရွိတာေပါ့။ မရွိပဲဘယ္ေနပါ့မလဲ။ ရွိမွန္းလဲသိတာေပါ့။ ဒါေပမဲ့လဲ လိုအပ္တဲ့ Facilities မွမရွိတာ အစ္ကိုတို႕လဲဘယ္လိုလုပ္မလဲ။ အစ္ကုိတို႕လဲဘယ္ဖန္တီးႏုိင္ပါ့မလဲ။ သူေဌးမွမဟုတ္တာအစ္ကုိတို႕လဲရတာေလးနဲ႕အဆင္ေျပေအာင္ရုန္းကန္ေနၾကရတာေလ။ အစ္ကုိတို႕မွာရွိတဲ့ Facilities ကို ေဟာလီး၀ုဒ္မွာရွိတဲ့သူေတြကို သြားရိုက္ခုိင္းၾကည့္ အစ္ကုိတို႕လိုကားမ်ိဳးထြက္လာဖို႕ေနေနသာသာ ရူးၿပီးေတာင္ျပန္သြားဦးမယ္။ ဒီလိုဟာနဲ႕ဒီလိုကားတစ္ကားၿပီးေအာင္ ရုိက္တယ္ဟုတ္လားဆိုၿပီး ရူးၿပီးျပန္သြားမွာ။ ေျပာရမယ္ဆုိရင္ဘာမွမရွိတဲ့ အေနအထားေလးနဲ႕ရေအာင္ရုိက္ေနတာကိုက ၾကံဖန္ၿပီးခ်ီးက်ဴးမယ္ဆိုရင္ခ်ီးက်ဴးလို႕ေတာင္ရပါတယ္။ ဒါေပမဲ့လဲ ဒီလိုအေနအထားကိုေက်နပ္ေနဖို႕၊ ဂုဏ္ယူေနဖို႕ေျပာတာမဟုတ္ပါဘူး။ အစ္ကိုတို႕မွာအဆင္မေျပတဲ့ဘ၀ေတြနဲ႕ၾကိဳးစားေနရတယ္ဆိုတာကိုကုိယ္ခ်င္းစာေစခ်င္တဲ့စိတ္ေလးနဲ႕ရွင္းျပၿပီးေျပာျပတာပါ။
-အစ္ကုိအခုရုိက္ေနတဲ့ ကားၾကီးအေၾကာင္းကို အရင္ေျပာျပေပးပါဦး။

အခုရုိက္ေနတဲ့ကားက နာမည္အတိအက်မေပးရေသးဘူး။ ကားနာမည္က စိတ္တုိင္းမက်ေသးလို႕ပါ။ မင္းသမီးက ရွစ္လက္ပါတယ္။ ဒါရုိက္တာက ကိုမ်ိဳးျမင့္ေဆြပါ။ ကၽြန္ေတာ့္ရဲ႕ကာရိုက္တာက ဒီအထဲမွာစီးပြားေရးသမား အလုပ္ရႈပ္တယ္။ ေကာင္မေလးတစ္ေယာက္နဲ႕အိမ္ေထာင္ျပဳဖို႕စီစဥ္ေနတဲ့အခ်ိန္မွာ အလုပ္ေတြကရႈပ္ၿပီး သေဘာထားခ်င္းမတိုက္ဆုိင္ျဖစ္တဲ့အခါက်ေတာ့ ကြဲသြားတယ္ေပါ့။ အဲ့ဒီမွာ ဖုန္းတစ္လံုးရတယ္။ အဲ့ဒီဖုန္းမွာနတ္ပါလာၿပီး ဖုန္းနတ္ရဲ႕ညႊန္ၾကားမႈေတြေအာက္မွာ ျဖစ္ပ်က္လာတဲ့ ဇာတ္လမ္းမ်ိဳးေလးေပါ့။ ဇာတ္လမ္းကေတာ့ နည္းနည္းဆန္းတယ္။ ရုိက္ေနက်ဇာတ္လမ္း၊ ျမင္ေနက်ဇာတ္လမ္းမ်ိဳးမဟုတ္ဘူးေပါ့။

-ဒီကားၿပီးရင္ဘာကားဆက္ရုိက္ဖို႕ရွိဦးမလဲ။

ကို၀ိုင္းနဲ႕၁၅ ရက္ေန႕စရုိက္မယ္။ လိပ္ျပာေထာင္ေခ်ာက္တဲ့။ ေဖြးေဖြးနဲ႕ပါ။ အဲ့ဒီကားက ဆိုက္ကိုကားေပါ့။

-ထုိင္းရုပ္သံတစ္ခုကလဲ အစ္ကို႕ကိုဇာတ္လမ္းတြဲကမ္းလွမ္းတယ္လို႕သိရတယ္။ အဲ့ဒါကေရာ ဘယ္လိုအေျခအေနရွိလဲ။

အဲ့ဒါကေတာ့ အစ္ကိုတို႕နဲ႕လက္တြဲၿပီးလုပ္ခဲ့တဲ့ Channal 3 ကပါပဲ။ TT & Donut ဇာတ္လမ္းကိုပဲ ဇာတ္လမ္းအရွည္ျပန္ခ်ဲ႕ၿပီး ဇာတ္လမ္းတြဲပံုစံရိုက္ခ်င္တာေပါ့။ အဲ့ဒါကေတာ့ အားလံုးတုိင္ပင္ညွိႏႈိင္းရပါဦးမယ္။

-ဒီရဲ႕အေရွ႕မွာလဲ မအူ၀ဲနဲ႕ေၾကာ္ျငာသြားရိုက္တာေတြ႕ရတယ္။ အဲ့ဒါေလးကိုလဲေျပာျပေပးပါဦး။

ဟုတ္တယ္။ အဲ့ဒါကအစ္ကိုတို႕ မႏၱေလးမွာ Amazing Mall ဆိုတဲ့ ဟာေလးသြားရုိက္တာေပါ့။ အဲ့ဒီပိုင္ရွင္ေတြကလဲ အစ္ကိုတို႕နဲ႕မိသားစုလိုျဖစ္ေနတယ္။ သူတို႕ကေန အိမ္တြင္းအသံုးအေဆာင္ပစၥည္းေတြဥပမာ အိပ္အခင္းတို႕၊ ကုတင္တို႕ေနာက္အိမ္ထဲမွာရွိတဲ့ Decoration ေတြကို Mall ပံုစံေလးဖြင့္လို႕အဲ့ဒီအတြက္ေၾကာ္ျငာသြားရုိက္ေပးတာပါ။

--သုၿဒာထုတ္လုပ္ေရးကရိုက္မဲ့ကားမွာ အစ္ကိုပါမယ္လုိ႕လဲသိရတယ္။

အစ္ကိုပါမဲ့ကားကစီေတာ့စီစဥ္ေနတာပဲ။ ဒါေပမဲ့ကိုယ္ကုမၸဏီထက္စာရင္အျပင္ကပရိုဂ်ဴဆာေတြကိုဦးစားေပးေနရတဲ့အခါက်ေတာ့ေလ အစ္ကုိ႕ရုိက္ရက္ကအစ္ကို႕ကုမၸဏီအစ္ကိုျပန္မေပးႏုိင္ေသးဘူးျဖစ္ေနတာပါ။ နည္းနည္းၾကာဦးမယ္ထင္တယ္။

-သီတင္းကၽြတ္ကေရာ ဘယ္မွာရွိမလဲ။

မသိေသးပါဘူး။ အိမ္မွာပဲရွိမယ္ထင္ပါတယ္။ သီတင္းကၽြတ္ရင္လူၾကီးမိဘေတြကိုလိုက္ကန္ေတာ့မယ္။ ေကာင္းမႈကုိသိုလ္ေလးလုပ္မယ္။ ဒီေလာက္ပါပဲ။

-အစ္ကို႕ကိုအားေပးေနတဲ့ပရိသတ္အတြက္ေရာ ဘာမ်ားေျပာခ်င္ေသးလဲ။

အေကာင္းဆံုးျဖစ္ေအာင္ေတာ့အျမဲတမ္းၾကိဳးစားေနပါတယ္။ အစြမ္းရွိသေလာက္ေလးေပါ့။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Trend Myanmar


#Unicode Version

လက်ရှိမှာဆိုရင် ဖေ့စ်ဘွတ်လူမှုကွန်ယက်ပေါ်မှာ မြန်မာပေါကားများရပ်ဆိုတဲ့ Page ကနေ မြန်မာကားတွေရဲ့လိုအပ်ချက်၊ လိုအပ်မှုတွေကို မီးမောင်းထိုးပြနေတာ အားလုံးသိရှိပြီးသားဖြစ်မှာပါ။ ဒါကိုအချို့အချို့သောရုပ်ရှင်လောကသားတွေက ဝေဖန်မှုတစ်ခုအနေနဲ့လက်ခံသလို တချို့ကလဲ မကျေမနပ်ဖြစ်နေကြတာကိုလဲ တွေ့ကြမှာပါပဲ။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ခုလက်ရှိ မြန်မာနိုင်ငံရဲ့ ထိပ်တန်းအနုပညာရှင်တွေထဲက တစ်ယောက်ဖြစ်တဲ့ အကယ်ဒမီများရှင် ပြေတီဦးကိုသွားရောက်မေးမြန်းဖြစ်ခဲ့ပါတယ်။ ပြေတီဦးရဲ့ လူမှုကွန်ယက်ပေါ်ကမြန်မာကားများအပေါ်ဝေဖန်မှုများနဲ့ပတ်သက်ပြီး အဓိကအကြောင်းအရာများကို ဖြည့်စွက်ပြောပြလာသလို လက်ရှိမှာရိုက်ကူးနေတဲ့ ရုပ်ရှင်ကားကြီးအကြောင်းကိုလဲ ပြည့်စုံစွာပြောပြလာတဲ့အခါ

-အခုဆိုရင် လူမှုကွန်ယက်ပေါ်မှာ မြန်မာပေါကားများရပ်ဆိုတဲ့ Page လေးကနေ မြန်မာကားတွေကို ဝေဖန်နေတာမျိုးတွေလဲရှိတယ်ပေါ့။ အဲ့ဒီအပေါ် အစ်ကို့အမြင်လေးကိုလဲသိချင်ပါတယ်။

ဝေဖန်တယ်ဆိုတာကတော့ အခုမှစဖြစ်လာတာ မဟုတ်ဘူးလေ။ အခုလဲရှိတယ်။ ဟိုးအရင်ကတည်းကလဲ ရှိခဲ့တယ်။ နောက်လဲရှိနေဦးမှာပဲလေ။ ဝေဖန်တယ်ဆိုတာ စိတ်ဝင်စားလို့ဝေဖန်တာလေ။ အပြုသဘောဆောင်တဲ့ အကြံပေးတဲ့သဘောမျိုးလဲ ယူဆလို့ရတာပဲ။ ဘယ်လိုဝေဖန်မှုပဲဖြစ်ဖြစ် ကျွန်တော်တို့ကကြိုဆိုပါတယ်။ မြန်မာကားတွေကိုပဲဝေဖန်ဝေဖန်၊ ကျွန်တော်တို့ကားတွေကိုပဲဝေဖန်ဝေဖန်၊ ကျွန်တော်တို့ကအမြဲတမ်းဖတ်တယ်။ လေ့လာတယ်။ အဲ့ဒီထဲကမှ ဘယ်ဟာတွေက အမှန်တကယ်ပြုပြင်သင့်တဲ့အရာတွေလဲ ကျွန်တော်တို့စဉ်းစားတယ်။ ဒီအပေါ်မှာ ကျွန်တော်တို့ပြုပြင်သင့်တာရှိရင်ပြုပြင်တယ်။ လိုက်နာတယ်။

-အဲ့ဒီဝေဖန်မှုတွေနဲ့ပတ်သက်ပြီး မြန်မာ့ရုပ်ရှင်လောကက ဘာတွေဖြစ်လာနိုင်လဲ။

ဘာမှဖြစ်မလာနိုင်ပါဘူး။ ရုပ်ရှင်လောကကလဲ ဒီအတိုင်းပဲဆက်ရှိနေဦးမှာပဲ။ သူတို့တွေရဲ့ဝေဖန်မှုကို ကျွန်တော်တို့ကဖတ်ရမယ်။ လေ့လာရမယ်။ ပြင်စရာရှိရင်ပြင်ရမယ်။ ရုပ်ရှင်လောကကတော့ ဒီဝေဖန်မှုကြောင့်တော့ ကြီးမားတဲ့အပြောင်းအလဲတို့ဘာတို့တော့မရှိနိုင်ဘူးပေါ့။ ဘာလို့လဲဆိုတော့ သူ့ပရိသတ်နဲ့သူကတော့ ရှိနေပြီးသားလေ။ သူ့ပရိသတ်နဲ့သူရှိနေလို့လဲ ရပ်တည်လို့ရတာပေါ့။ ကြိုက်တဲ့သူတစ်ယောက်မှ မရှိဘူးဆိုရင်လဲ ရပ်တည်လို့ဘယ်လိုမှမရနိုင်ဘူးလေ။ ကျွန်တော်တို့ကအရေးကြီးတာက သူတို့တွေရဲ့ဝေဖန်မှုတွေကိုလေးစားရမယ်။ လေ့လာရမယ်။ ပြင်စရာရှိရင်ပြင်ရမယ်။ ကောင်းတဲ့အမြင်နဲ့ကြည့်ရင် ဒါကောင်းဖို့အတွက်လုပ်ကြတာလို့ပဲယူဆတာပေါ့။ အဲ့ဒီတော့ ကျွန်တော်တို့ကကျေးဇူးတင်ပါတယ်။

-အဲ့ဒီဝေဖန်မှုတွေနဲ့ပတ်သက်ပြီး အကောင်းဆုံးဖြစ်လာအောင် အစ်ကိုတို့အနေနဲ့ဘာတွေလုပ်ဆောင်သွားဖို့ရှိမလဲ။

အဓိကကတော့ ညီမလေးရယ်။ အရှင်းဆုံးပြောရရင် သူ့အခြေအနေနဲ့သူ့အချိန်အခါနဲ့လောကကြီးမှာ အရာအားလုံးကသူ့အိုးနဲ့သူ့ဆန်တန်ရာတန်ရာဖြစ်နေကြတာပဲလေ။ အစ်ကိုတို့ကမြန်မာပြည်မှာမွေးပြီးတော့ ဟောလီးဝုဒ်လောက်ကြီး တိုးတက်ချင်လို့တော့ ဘယ်လိုနည်းနဲ့မှမဖြစ်နိုင်ဘူး။ အဲ့ဒီတော့ အရေးကြီးဆုံးက အစ်ကိုတို့တိုင်းပြည်က သူများတိုင်းပြည်တွေနဲ့ရင်ဘောင်တန်းလာနိုင်အောင် အမှီလိုက်လာနိုင်အောင် အစ်ကိုတို့ကကြိုးစားကြရမယ်။ ကိုယ့်ကိုကိုယ်ပြုပြင်ရမယ်။ ကိုယ်တိုင်းပြည်ကို ကိုယ်တည်ဆောက်ကြရမယ်။ တိုင်းပြည်ရဲ့စီးပွားရေး၊ လူမှုရေး ၊ ပညာရေး အစစအရာရာပေါ့။ မြင့်မားလာမှပဲ ဒီနိုင်ငံထဲမှာရှိတဲ့ ကဏ္ဍအသီးသီးက ဖက်စုံထောင့်စုံတိုးတက်လာမှာပါ။ မြန်မာပြည်မှာမွေးတဲ့ သူတစ်ယောက်က ဘောလုံးမှာပဲကြည့်မယ်ဆိုရင် အင်မတန်ကိုကြိုးစားပမ်းစားလေ့ကျင့်ပြီးတော့မှ နိုင်ငံတကာနဲ့အစ်ကိုတို့ယှဉ်လို့ရမယ်လေ။ ဘရာဇီးမှာ မွေးပြီးတော့ကြီးတဲ့ သူကတော့ တော်ရုံတန်ရုံရပ်ကွက်အဆင့်လောက်ကန်တာကိုက အစ်ကိုတို့ဆီက လက်ရွေးစဉ်လောက်ဖြစ်နေမှာပဲလေ။ အဲ့ဒီတော့ အစ်ကိုတို့တိုင်းပြည်ကိုအရင်ကောင်းအောင် တည်ဆောက်ရမယ်။ တိုင်းပြည်ကောင်းမှ တိုင်းပြည်ထဲမှာ ရှိသော ကဏ္ဍအသီးသီးက ဖွံ့ဖြိုးတိုးတက်လာမှာ အစ်ကိုတို့ ရုပ်ရှင်လောကတစ်ခုထဲကို ဖွံ့ဖြိုးပြီးတိုးတက်ပြီး  ကမ္ဘာနဲ့ရင်ဘောင်တန်းနိုင်အောင်လုပ်လို့မရဘူး။ အရေးကြီးတာအစ်ကိုတို့တိုင်းပြည်ကို တည်ဆောက်ဖို့အရေးကြီးတယ်။

-ရုပ်ရှင်လောကအနေနဲ့အဓိကရော ဘယ်လိုပြသနာတွေကိုရင်ဆိုင်နေရလဲ။

ပြသနာတွေကတော့ အစအဆုံးအကုန်ပဲ။ အဓိကက မပြည့်စုံတာ၊ လိုအပ်ချက်တွေအများကြီးရှိနေတာ ဘာတွေလိုအပ်သလဲမေးရင် ကကြီးကနေ အအထိပဲ။ အစအဆုံးလိုအပ်တယ်။ အစအဆုံးဘာကြောင့်လိုအပ်သလဲဆိုတော့ ဒီနိုင်ငံမှာ ဒီလိုမျိုးအနေအထားမှာပဲရှိနေသေးတဲ့အတွက်ကြောင့်လိုအပ်နေဦးမှာပဲ။ အဲ့ဒီတော့ တဖြည်းဖြည်းချင်းတဖြည်းဖြည်းချင်း အစစအရာရာ ပြုပြင်ပြီးပြောင်းလဲလာအောင်တည်ဆောက်ရမယ်။

-ရုပ်ရှင်လောကပြောင်းလဲလာဖို့အတွက်အစ်ကို့အနေနဲ့ဘာများတောင်းဆိုချင်တာရှိလဲ။

အဓိကကတော့ တောင်းဆိုနေရုံနဲ့လဲ ဖြစ်လာမှာမဟုတ်ဘူး။ ခုနကပြောသလို ကိုယ့်တိုင်းပြည်က သူများတိုင်းပြည်တွေနဲ့ရင်ဘောင်တန်းလာနိုင်တဲ့ အခြေအနေဆိုရင်ဒါတွေက အလိုလိုပါလာပြီး အလိုလိုမြင့်လာမှာပဲ။ အဓိကက ကိုယ့်ခွန်ကိုယ့်အားနဲ့အကောင်းဆုံးဖြစ်လာအောင်ကြိုးစားကြဖို့ပဲလိုတယ်။ အစ်ကိုတို့ဆီမှာရှိနေတဲ့ အခြေအနေနဲ့အစ်ကိုတို့ဆီမှာရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲကို အစ်ကိုတို့ပဲသိတယ်။ အပြင်လူတွေကိုပြောပြလို့ရှိရင်လဲ အစ်ကိုတို့နဲ့ထပ်တူထပ်မျှ ခံစားနားလည်ပေးနိုင်ဖို့ဆိုတာ မလွယ်နိုင်ဘူးလေ။ အစ်ကိုတို့မှာက စတူဒီယိုမရှိ၊ ဘာမရှိ၊ ညာမရှိဘာဆို ဘာတစ်ခုမှမပြည့်စုံပဲနဲ့တကယ့်ကို ဆင်းဆင်းရဲရဲ ချို့ချို့တဲ့တဲ့ မျက်နှာငယ်ငယ်လေးနဲ့ကားတစ်ကားလေးပြီးအောင်မနည်းကို ဖန်တီးနေကြရတာ အဲ့ဒီလိုဆိုတော့ ဘယ်နေရာမှာမှ အစ်ကိုတို့ဆီမှာ စတူဒီယိုမရှိဘူး။ ဥပမာ Actor တစ်ယောက်က သရုပ်ဆောင်တဲ့အခါမှာ အခုဆိုစတူဒီယိုမရှိတဲ့အတွက် ကားလမ်းဘေးမှာရိုက်နေရတယ်။ အဲ့ဒီတော့ကားသံတွေ ဟွန်းသံတွေကြောင့် ဒီထဲမှာရိုက်နေတဲ့ ဆင်းန်ကိုအထပ်ထပ်အခါခါပြန်ပြန်ရိုက်ရတယ်။ အဲ့ဒီလိုဆိုတော့ ဒီ mood တွေ၊ Concentration တွေကလိုသလောက် တည်ဆောက်ယူလို့ဘယ်လိုမှမဖြစ်နိုင်ဘူး။ ဘာကြောင့်အစ်ကိုတို့ဒီမှာရိုက်နေလဲ။ အစ်ကိုတို့ဆီမှာရှိမှမရှိတာ၊ အဲ့ဒီတော့ ဒီစတူဒီယိုမရှိတာတွေ၊ လိုအပ်တဲ့ပစ္စည်းမပြည့်စုံတာတွေကို ဘယ်သူ့ကိုသွားပြီးအပြစ်တင်ရမှာလဲ။ အပြစ်တင်ရင်လဲ အပြစ်ပြောနေတာပဲရှိမယ်။ အဲ့ဒီတော့အစ်ကိုတို့မှာရှိတာလေးနဲ့အကောင်းဆုံးအဆင်ပြေဆုံးလေးဖြစ်အောင်မရမကကြိုးစားပြီးအားထုတ်နေကြရတယ်။ ပရိသတ်ကလဲအရမ်းကျေးဇူးတင်စရာကောင်းတယ်။ ဒီလိုမပြည့်မစုံနဲ့ဖန်တီးထားတာလေးကိုပဲ မပြည့်မစုံနဲ့ကြည့်ပေးနေကြတယ်။ အစ်ကိုတို့ဆီမှာလိုအပ်ချက်တွေရှိတာပေါ့။ မရှိပဲဘယ်နေပါ့မလဲ။ ရှိမှန်းလဲသိတာပေါ့။ ဒါပေမဲ့လဲ လိုအပ်တဲ့ Facilities မှမရှိတာ အစ်ကိုတို့လဲဘယ်လိုလုပ်မလဲ။ အစ်ကိုတို့လဲဘယ်ဖန်တီးနိုင်ပါ့မလဲ။ သူဌေးမှမဟုတ်တာအစ်ကိုတို့လဲရတာလေးနဲ့အဆင်ပြေအောင်ရုန်းကန်နေကြရတာလေ။ အစ်ကိုတို့မှာရှိတဲ့ Facilities ကို ဟောလီးဝုဒ်မှာရှိတဲ့သူတွေကို သွားရိုက်ခိုင်းကြည့် အစ်ကိုတို့လိုကားမျိုးထွက်လာဖို့နေနေသာသာ ရူးပြီးတောင်ပြန်သွားဦးမယ်။ ဒီလိုဟာနဲ့ဒီလိုကားတစ်ကားပြီးအောင် ရိုက်တယ်ဟုတ်လားဆိုပြီး ရူးပြီးပြန်သွားမှာ။ ပြောရမယ်ဆိုရင်ဘာမှမရှိတဲ့ အနေအထားလေးနဲ့ရအောင်ရိုက်နေတာကိုက ကြံဖန်ပြီးချီးကျူးမယ်ဆိုရင်ချီးကျူးလို့တောင်ရပါတယ်။ ဒါပေမဲ့လဲ ဒီလိုအနေအထားကိုကျေနပ်နေဖို့၊ ဂုဏ်ယူနေဖို့ပြောတာမဟုတ်ပါဘူး။ အစ်ကိုတို့မှာအဆင်မပြေတဲ့ဘဝတွေနဲ့ကြိုးစားနေရတယ်ဆိုတာကိုကိုယ်ချင်းစာစေချင်တဲ့စိတ်လေးနဲ့ရှင်းပြပြီးပြောပြတာပါ။
-အစ်ကိုအခုရိုက်နေတဲ့ ကားကြီးအကြောင်းကို အရင်ပြောပြပေးပါဦး။

အခုရိုက်နေတဲ့ကားက နာမည်အတိအကျမပေးရသေးဘူး။ ကားနာမည်က စိတ်တိုင်းမကျသေးလို့ပါ။ မင်းသမီးက ရှစ်လက်ပါတယ်။ ဒါရိုက်တာက ကိုမျိုးမြင့်ဆွေပါ။ ကျွန်တော့်ရဲ့ကာရိုက်တာက ဒီအထဲမှာစီးပွားရေးသမား အလုပ်ရှုပ်တယ်။ ကောင်မလေးတစ်ယောက်နဲ့အိမ်ထောင်ပြုဖို့စီစဉ်နေတဲ့အချိန်မှာ အလုပ်တွေကရှုပ်ပြီး သဘောထားချင်းမတိုက်ဆိုင်ဖြစ်တဲ့အခါကျတော့ ကွဲသွားတယ်ပေါ့။ အဲ့ဒီမှာ ဖုန်းတစ်လုံးရတယ်။ အဲ့ဒီဖုန်းမှာနတ်ပါလာပြီး ဖုန်းနတ်ရဲ့ညွှန်ကြားမှုတွေအောက်မှာ ဖြစ်ပျက်လာတဲ့ ဇာတ်လမ်းမျိုးလေးပေါ့။ ဇာတ်လမ်းကတော့ နည်းနည်းဆန်းတယ်။ ရိုက်နေကျဇာတ်လမ်း၊ မြင်နေကျဇာတ်လမ်းမျိုးမဟုတ်ဘူးပေါ့။

-ဒီကားပြီးရင်ဘာကားဆက်ရိုက်ဖို့ရှိဦးမလဲ။

ကိုဝိုင်းနဲ့၁၅ ရက်နေ့စရိုက်မယ်။ လိပ်ပြာထောင်ချောက်တဲ့။ ဖွေးဖွေးနဲ့ပါ။ အဲ့ဒီကားက ဆိုက်ကိုကားပေါ့။

-ထိုင်းရုပ်သံတစ်ခုကလဲ အစ်ကို့ကိုဇာတ်လမ်းတွဲကမ်းလှမ်းတယ်လို့သိရတယ်။ အဲ့ဒါကရော ဘယ်လိုအခြေအနေရှိလဲ။

အဲ့ဒါကတော့ အစ်ကိုတို့နဲ့လက်တွဲပြီးလုပ်ခဲ့တဲ့ Channal 3 ကပါပဲ။ TT & Donut ဇာတ်လမ်းကိုပဲ ဇာတ်လမ်းအရှည်ပြန်ချဲ့ပြီး ဇာတ်လမ်းတွဲပုံစံရိုက်ချင်တာပေါ့။ အဲ့ဒါကတော့ အားလုံးတိုင်ပင်ညှိနှိုင်းရပါဦးမယ်။

-ဒီရဲ့အရှေ့မှာလဲ မအူဝဲနဲ့ကြော်ငြာသွားရိုက်တာတွေ့ရတယ်။ အဲ့ဒါလေးကိုလဲပြောပြပေးပါဦး။

ဟုတ်တယ်။ အဲ့ဒါကအစ်ကိုတို့ မန္တလေးမှာ Amazing Mall ဆိုတဲ့ ဟာလေးသွားရိုက်တာပေါ့။ အဲ့ဒီပိုင်ရှင်တွေကလဲ အစ်ကိုတို့နဲ့မိသားစုလိုဖြစ်နေတယ်။ သူတို့ကနေ အိမ်တွင်းအသုံးအဆောင်ပစ္စည်းတွေဥပမာ အိပ်အခင်းတို့၊ ကုတင်တို့နောက်အိမ်ထဲမှာရှိတဲ့ Decoration တွေကို Mall ပုံစံလေးဖွင့်လို့အဲ့ဒီအတွက်ကြော်ငြာသွားရိုက်ပေးတာပါ။

--သုဒြာထုတ်လုပ်ရေးကရိုက်မဲ့ကားမှာ အစ်ကိုပါမယ်လို့လဲသိရတယ်။

အစ်ကိုပါမဲ့ကားကစီတော့စီစဉ်နေတာပဲ။ ဒါပေမဲ့ကိုယ်ကုမ္ပဏီထက်စာရင်အပြင်ကပရိုဂျူဆာတွေကိုဦးစားပေးနေရတဲ့အခါကျတော့လေ အစ်ကို့ရိုက်ရက်ကအစ်ကို့ကုမ္ပဏီအစ်ကိုပြန်မပေးနိုင်သေးဘူးဖြစ်နေတာပါ။ နည်းနည်းကြာဦးမယ်ထင်တယ်။

-သီတင်းကျွတ်ကရော ဘယ်မှာရှိမလဲ။

မသိသေးပါဘူး။ အိမ်မှာပဲရှိမယ်ထင်ပါတယ်။ သီတင်းကျွတ်ရင်လူကြီးမိဘတွေကိုလိုက်ကန်တော့မယ်။ ကောင်းမှုကိုသိုလ်လေးလုပ်မယ်။ ဒီလောက်ပါပဲ။

-အစ်ကို့ကိုအားပေးနေတဲ့ပရိသတ်အတွက်ရော ဘာများပြောချင်သေးလဲ။

အကောင်းဆုံးဖြစ်အောင်တော့အမြဲတမ်းကြိုးစားနေပါတယ်။ အစွမ်းရှိသလောက်လေးပေါ့။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top