Property Expo
×

 ရင္သားကင္ဆာ တိုက္ဖ်က္ေရး ပညာေပး ဗီဒီယိုတစ္ခုကို ဖယ္ရွားခဲ့ျခင္းႏွင့္ ပတ္သက္၍ Facebookက ျပန္လည္ ေတာင္းပန္ခဲ့ရေၾကာင္း သိရသည္။

ဆြီဒင္ရွိ အဖြဲ႕အစည္း တစ္ခုက ရင္သားကင္ဆာႏွင့္ ပတ္သက္၍ အသိပညာေပး ဗီဒီယို တစ္ခုကို ဖန္တီးခဲ့ရာ အမ်ိဳးသမီးမ်ား၏ ကာတြန္းပံုရိပ္မ်ားႏွင့္အတူ ရင္သားကို ပန္းေရာင္ စက္ဝိုင္းမ်ားအသြင္ ေရးဆြဲ ေဖာ္ျပထားခဲ့သည္။ Cancerfonden အဖြဲ႕၏ ရည္ရြယ္ခ်က္မွာ အမ်ိဳးသမီးမ်ား အေနျဖင့္ ရင္သားတြင္ မသကၤာဖြယ္ အဖုအႀကိတ္မ်ား ေတြ႕ရွိလာပါက သတိျပဳ တံု႔ျပန္ႏုိင္ရန္ ပညာေပးထားျခင္း ျဖစ္သည္။

အဆိုပါ ဗီဒီယိုကို Facebookတြင္ လႊင့္တင္ထားေသာ္လည္း ကမာၻ႕အႀကီးဆံုး လူမႈကြန္ရက္ ဝက္ဘ္ဆိုက္ႀကီးက ဖယ္ရွားလုိက္ရာ ေဝဖန္မႈမ်ားစြာ ထြက္ေပၚလာသည္။ Facebookက အဆိုပါ ဗီဒီယိုသည္ အျမင္မသင့္ေတာ္ဟု ယူဆၿပီး ဖယ္ရွားလိုက္ျခင္းဟု ေဖာ္ျပထားသည္။ ယင္းအေပၚ ေဝဖန္မႈမ်ား ထြက္ေပၚလာၿပီးေနာက္ Facebookက မိမိတို႔ အေနျဖင့္ မွားယြင္း ဖယ္ရွားမိျခင္းသာျဖစ္ေၾကာင္း ျပန္လည္ ေတာင္းပန္ခဲ့သည္။

Facebookသည္ ၿပီးခဲ့သည့္ လကလည္း ဗီယက္နမ္ ျပည္တြင္းစစ္၏ သမုိင္းဝင္ ပံုရိပ္တစ္ခု ျဖစ္ခဲ့ေသာ ဓာတ္ပံုကို ဝတ္လစ္စားလစ္ ျဖစ္ေနေၾကာင္း သတ္မွတ္ကာ ပယ္ဖ်က္ခဲ့ဖူးသည္။ အဆိုပါပံုမွာ မီးနပန္းဗံုး ႀကဲခ်စဉ္ ေၾကာက္လန္႔တၾကား ငိုယိုထြက္ေျပးလာသည့္ အဝတ္မဲ့ ကေလးမေလး တစ္ဦး၏ပံုျဖစ္ၿပီး စစ္သမိုင္းတြင္ လူသိမ်ား ထင္ရွားခဲ့ေသာ ဓာတ္ပံုလည္း ျဖစ္သည္။ ေနာက္ပိုင္းတြင္ Facebookက ၎တို႔၏ ဆံုးျဖတ္ခ်က္ကို ျပန္လည္ ေျပာင္းလဲ ျပင္ဆင္ေပးခဲ့သည္။

ရင္သားကင္ဆာ တိုက္ဖ်က္ေရး ပညာေပး ဗီဒီယိုကို ပယ္ဖ်က္လုိက္ျခင္းႏွင့္ ပတ္သက္ၿပီး Facebook၏ ေျပာေရးဆိုခြင့္ရ အမ်ိဳးသမီး တစ္ဦးက “ကၽြန္မတို႔ တကယ့္ကို စိတ္မေကာင္းပါဘူး။ ကၽြန္မတုိ႔ အဖြဲ႕က သီတင္းပတ္တုိင္းမွာ ဓာတ္ပံုေတြ၊ ဗီဒီယုိေတြ အေရအတြက္ သန္းနဲ႔ခ်ီၿပီး စိစစ္ ကိုင္တြယ္ေနရတာ ျဖစ္ပါတယ္။ တခ်ိဳ႕ ေၾကာ္ျငာေတြဆိုရင္ မသင့္ေတာ္တဲ့ ပံုရိပ္ေတြ ပါဝင္ေနတယ္လုိ႔ သတ္မွတ္ၿပီး ပယ္ဖ်က္လုိက္ရတာမ်ိဳးေတြ ရွိပါတယ္။ ဒီဗီဒီယိုက ပံုရိပ္ေတြကေတာ့ ကၽြန္မတို႔ရဲ႕ မူဝါဒပိုင္းကို ေဖာက္ဖ်က္မႈ မရွိပါဘူး။ မရည္ရြယ္တဲ့ အမွားသက္သက္အတြက္ ကၽြန္မတို႔ ျပန္ေတာင္းပန္လိုပါတယ္”ဟု ေျပာၾကားခဲ့သည္။

Facebookက ျပန္မေတာင္းပန္မီတြင္ Cancerfondenက Facebookထံ အိတ္ဖြင့္ေပးစာတစ္ေစာင္ ေပးပို႔ၿပီး မိမိတို႔၏ လုပ္ေဆာင္မႈသည္ မည္သူ႔ကိုမွ် ေစာ္ကားတိုက္ခုိက္ရန္ ရည္ရြယ္ခ်က္ မပါရွိဟု ေဖာ္ျပထားသည္။

Facebookသည္ ကေလးငယ္ကို ႏို႔ခ်ိဳတိုက္ေကၽြးေနသည့္ သားသည္မိခင္ ဓာတ္ပံု အမ်ားအျပားကို ဖယ္ရွားခဲ့ေၾကာင္း စြပ္စြဲမႈမ်ားႏွင့္လည္း ရင္ဆိုင္ေနရသည္။ ထို႔အျပင္ ရင္သားကင္ဆာေၾကာင့္ ႏို႔သီးေခါင္း ျဖတ္ေတာက္ခြဲစိတ္မႈ ခံယူခဲ့ရသူ အမ်ိဳးသမီးမ်ားကို စိတ္ဓာတ္ေရးရာ ျမႇင့္တင္ရန္ ကူညီသည့္ အေနျဖင့္ ႏို႔သီးေခါင္းပံုစံ ေဆးမင္ေရးဆြဲေပးေနသည့္ ဓာတ္ပံုမ်ားကို ဖယ္ရွားျခင္းမ်ိဳးလည္း ရွိခဲ့ေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 ရင်သားကင်ဆာ တိုက်ဖျက်ရေး ပညာပေး ဗီဒီယိုတစ်ခုကို ဖယ်ရှားခဲ့ခြင်းနှင့် ပတ်သက်၍ Facebookက ပြန်လည် တောင်းပန်ခဲ့ရကြောင်း သိရသည်။

ဆွီဒင်ရှိ အဖွဲ့အစည်း တစ်ခုက ရင်သားကင်ဆာနှင့် ပတ်သက်၍ အသိပညာပေး ဗီဒီယို တစ်ခုကို ဖန်တီးခဲ့ရာ အမျိုးသမီးများ၏ ကာတွန်းပုံရိပ်များနှင့်အတူ ရင်သားကို ပန်းရောင် စက်ဝိုင်းများအသွင် ရေးဆွဲ ဖော်ပြထားခဲ့သည်။ Cancerfonden အဖွဲ့၏ ရည်ရွယ်ချက်မှာ အမျိုးသမီးများ အနေဖြင့် ရင်သားတွင် မသင်္ကာဖွယ် အဖုအကြိတ်များ တွေ့ရှိလာပါက သတိပြု တုံ့ပြန်နိုင်ရန် ပညာပေးထားခြင်း ဖြစ်သည်။

အဆိုပါ ဗီဒီယိုကို Facebookတွင် လွှင့်တင်ထားသော်လည်း ကမ္ဘာ့အကြီးဆုံး လူမှုကွန်ရက် ဝက်ဘ်ဆိုက်ကြီးက ဖယ်ရှားလိုက်ရာ ဝေဖန်မှုများစွာ ထွက်ပေါ်လာသည်။ Facebookက အဆိုပါ ဗီဒီယိုသည် အမြင်မသင့်တော်ဟု ယူဆပြီး ဖယ်ရှားလိုက်ခြင်းဟု ဖော်ပြထားသည်။ ယင်းအပေါ် ဝေဖန်မှုများ ထွက်ပေါ်လာပြီးနောက် Facebookက မိမိတို့ အနေဖြင့် မှားယွင်း ဖယ်ရှားမိခြင်းသာဖြစ်ကြောင်း ပြန်လည် တောင်းပန်ခဲ့သည်။

Facebookသည် ပြီးခဲ့သည့် လကလည်း ဗီယက်နမ် ပြည်တွင်းစစ်၏ သမိုင်းဝင် ပုံရိပ်တစ်ခု ဖြစ်ခဲ့သော ဓာတ်ပုံကို ဝတ်လစ်စားလစ် ဖြစ်နေကြောင်း သတ်မှတ်ကာ ပယ်ဖျက်ခဲ့ဖူးသည်။ အဆိုပါပုံမှာ မီးနပန်းဗုံး ကြဲချစဉ် ကြောက်လန့်တကြား ငိုယိုထွက်ပြေးလာသည့် အဝတ်မဲ့ ကလေးမလေး တစ်ဦး၏ပုံဖြစ်ပြီး စစ်သမိုင်းတွင် လူသိများ ထင်ရှားခဲ့သော ဓာတ်ပုံလည်း ဖြစ်သည်။ နောက်ပိုင်းတွင် Facebookက ၎င်းတို့၏ ဆုံးဖြတ်ချက်ကို ပြန်လည် ပြောင်းလဲ ပြင်ဆင်ပေးခဲ့သည်။

ရင်သားကင်ဆာ တိုက်ဖျက်ရေး ပညာပေး ဗီဒီယိုကို ပယ်ဖျက်လိုက်ခြင်းနှင့် ပတ်သက်ပြီး Facebook၏ ပြောရေးဆိုခွင့်ရ အမျိုးသမီး တစ်ဦးက “ကျွန်မတို့ တကယ့်ကို စိတ်မကောင်းပါဘူး။ ကျွန်မတို့ အဖွဲ့က သီတင်းပတ်တိုင်းမှာ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ အရေအတွက် သန်းနဲ့ချီပြီး စိစစ် ကိုင်တွယ်နေရတာ ဖြစ်ပါတယ်။ တချို့ ကြော်ငြာတွေဆိုရင် မသင့်တော်တဲ့ ပုံရိပ်တွေ ပါဝင်နေတယ်လို့ သတ်မှတ်ပြီး ပယ်ဖျက်လိုက်ရတာမျိုးတွေ ရှိပါတယ်။ ဒီဗီဒီယိုက ပုံရိပ်တွေကတော့ ကျွန်မတို့ရဲ့ မူဝါဒပိုင်းကို ဖောက်ဖျက်မှု မရှိပါဘူး။ မရည်ရွယ်တဲ့ အမှားသက်သက်အတွက် ကျွန်မတို့ ပြန်တောင်းပန်လိုပါတယ်”ဟု ပြောကြားခဲ့သည်။

Facebookက ပြန်မတောင်းပန်မီတွင် Cancerfondenက Facebookထံ အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့ပြီး မိမိတို့၏ လုပ်ဆောင်မှုသည် မည်သူ့ကိုမျှ စော်ကားတိုက်ခိုက်ရန် ရည်ရွယ်ချက် မပါရှိဟု ဖော်ပြထားသည်။

Facebookသည် ကလေးငယ်ကို နို့ချိုတိုက်ကျွေးနေသည့် သားသည်မိခင် ဓာတ်ပုံ အများအပြားကို ဖယ်ရှားခဲ့ကြောင်း စွပ်စွဲမှုများနှင့်လည်း ရင်ဆိုင်နေရသည်။ ထို့အပြင် ရင်သားကင်ဆာကြောင့် နို့သီးခေါင်း ဖြတ်တောက်ခွဲစိတ်မှု ခံယူခဲ့ရသူ အမျိုးသမီးများကို စိတ်ဓာတ်ရေးရာ မြှင့်တင်ရန် ကူညီသည့် အနေဖြင့် နို့သီးခေါင်းပုံစံ ဆေးမင်ရေးဆွဲပေးနေသည့် ဓာတ်ပုံများကို ဖယ်ရှားခြင်းမျိုးလည်း ရှိခဲ့ကြောင်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top