Property Expo
×

  ကေလးသူငယ္ညွဥ္းပန္းနွပ္စက္မႈ အေရးယူေပးပါရန္။
                           
တနသၤာရီတုိင္း ေဒသၾကီး ၿမိတ္ခရိုင္၊ ကြ်န္းစုၿမိဳ႕နယ္၊ ေတာျပားႀကီးေက်းရြာအုပ္စု၊ ေတာျပားႀကီးရြာတြင္ အရြယ္မေရာက္ေသးသည့္ ကေလးငယ္အား ညွဥ္းပန္းနွိပ္စက္မႈ ျဖစ္ပြားေၾကာင္း သိရသည္။

ေအာက္တိုဘာ(၁၃)ရက္၊ည(၈)နာရီအခ်ိန္ခန္႔တြင္အိုျဖဴ(ခ)ပန္းျဖဴဆိုသူမွအရက္ေသစာ ေသာက္စားမူးယစ္ၿပီး
အသက္(၇)နွစ္အရြယ္"ေမာင္ေနဇင္ၿဖိဳး"၏ပါးစပ္အားလႊသံဓါးျဖင့္လွီးျဖတ္နိွပ္စက္ညဥ္းပန္းမႈျပဳလုပ္ခဲ့ေၾကာင္း
 သိရသည္။

ေတာျပာႀကီးေက်းရြာရွိ "ဦးေနာင္ဂတ္"ပိုင္ဆိုသည့္ က်ားပါးစပ္လုပ္ငန္းမွ အလုပ္သမားျဖစ္သူ အိုျဖဴ(ခ)ပန္းျဖဴ ညွဥ္းပန္းနွိပ္စက္မႈေၾကာင့္ ကေလးငယ္မွာ ႀကီးမားသည့္ ဒဏ္ရာရရွိၿပီး စခန္းသစ္ေက်းရြာ တိုက္နယ္ေဆးရံုသို႔တင္ပို႔ေပးခဲ့ရပါတယ္။

ေဆးရံုတြင္အုန္းသီးခြဲသည့္ဓါးေပၚလွဲက်သည္ဟုလိမ္ညာ ေျပာဆိုခဲ့သည့္အျပင္ ေအာက္တိုဘာ
(၁၆)ရက္ေန႔မွာလည္း ကြ်န္းစုရဲစခန္းတြင္ ထပ္မံလိမ္လည္ထြက္ဆိုခဲ့သလို ကေလးငယ္၏မိခင္ျဖစ္သည့္"မမိုးငယ္" မွာလည္း ေၾကာက္ရြံ႕ၿပီး အမႈမဖြင့္ရဲ ခဲ့ေၾကာင္းသိရသည္။

ညွဥ္းပန္းနွိပ္စက္မႈခံရတဲ့ ကေလးငယ္ဖက္မွ ရဲတပ္ဖြဲ႕အေနျဖင့္ တရားစြဲဆိုခြင့္ရွိေသာ္လည္း အေရးယူေဆာင္ရြက္ေပးခဲ့ျခင္း မရွိခဲ့ေပ။

အဆိုပါျဖစ္စဥ္အား မၾကည့္ရက္တဲ့ ေက်းရြာေနသူမ်ားမွ ျပည္ထဲေရးနွင့္ တနသၤာရီတိုင္းဝန္ႀကီးခ်ဳပ္အထိ တိုင္ၾကားသြားမည္ဟု သိရသည္။

၄င္းျဖစ္စဥ္အေပၚ ျပည္ထဲေရးဌာနနွင့္ သက္ဆိုင္ရာ ရဲဌာနမွ ျပန္လည္စီစစ္ၿပီး အေရးယူေပးပါရန္ တင္ျပအပ္ပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thit Htoo Lwin

#Unicode Version
ကလေးသူငယ်ညှဉ်းပန်းနှပ်စက်မှု အရေးယူပေးပါရန်။

တနင်္သာရီတိုင်း ဒေသကြီး မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ တောပြားကြီးကျေးရွာအုပ်စု၊ တောပြားကြီးရွာတွင် အရွယ်မရောက်သေးသည့် ကလေးငယ်အား ညှဉ်းပန်းနှိပ်စက်မှု ဖြစ်ပွားကြောင်း သိရသည်။

အောက်တိုဘာ(၁၃)ရက်၊ည(၈)နာရီအချိန်ခန့်တွင်အိုဖြူ(ခ)ပန်းဖြူဆိုသူမှအရက်သေစာ သောက်စားမူးယစ်ပြီး

အသက်(၇)နှစ်အရွယ်"မောင်နေဇင်ဖြိုး"၏ပါးစပ်အားလွှသံဓါးဖြင့်လှီးဖြတ်နှိပ်စက်ညဉ်းပန်းမှုပြုလုပ်ခဲ့ကြောင်း

 သိရသည်။

တောပြာကြီးကျေးရွာရှိ "ဦးနောင်ဂတ်"ပိုင်ဆိုသည့် ကျားပါးစပ်လုပ်ငန်းမှ အလုပ်သမားဖြစ်သူ အိုဖြူ(ခ)ပန်းဖြူ ညှဉ်းပန်းနှိပ်စက်မှုကြောင့် ကလေးငယ်မှာ ကြီးမားသည့် ဒဏ်ရာရရှိပြီး စခန်းသစ်ကျေးရွာ တိုက်နယ်ဆေးရုံသို့တင်ပို့ပေးခဲ့ရပါတယ်။

ဆေးရုံတွင်အုန်းသီးခွဲသည့်ဓါးပေါ်လှဲကျသည်ဟုလိမ်ညာ ပြောဆိုခဲ့သည့်အပြင် အောက်တိုဘာ

(၁၆)ရက်နေ့မှာလည်း ကျွန်းစုရဲစခန်းတွင် ထပ်မံလိမ်လည်ထွက်ဆိုခဲ့သလို ကလေးငယ်၏မိခင်ဖြစ်သည့်"မမိုးငယ်" မှာလည်း ကြောက်ရွံ့ပြီး အမှုမဖွင့်ရဲ ခဲ့ကြောင်းသိရသည်။

ညှဉ်းပန်းနှိပ်စက်မှုခံရတဲ့ ကလေးငယ်ဖက်မှ ရဲတပ်ဖွဲ့အနေဖြင့် တရားစွဲဆိုခွင့်ရှိသော်လည်း အရေးယူဆောင်ရွက်ပေးခဲ့ခြင်း မရှိခဲ့ပေ။

အဆိုပါဖြစ်စဉ်အား မကြည့်ရက်တဲ့ ကျေးရွာနေသူများမှ ပြည်ထဲရေးနှင့် တနင်္သာရီတိုင်းဝန်ကြီးချုပ်အထိ တိုင်ကြားသွားမည်ဟု သိရသည်။

၎င်းဖြစ်စဉ်အပေါ် ပြည်ထဲရေးဌာနနှင့် သက်ဆိုင်ရာ ရဲဌာနမှ ပြန်လည်စီစစ်ပြီး အရေးယူပေးပါရန် တင်ပြအပ်ပါသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top