Kantharyar Centre
×

ေအာက္တုိဘာလ (၅)ရက္ေန ့က ျပည္သူ႔လႊတ္ရုံးမွာ ဓါးထုိးမႈ႔ျဖစ္တဲ႔ ျဖစ္စဥ္နဲ႔ ပတ္သက္ျပီ Facebook နဲ႔ သတင္းမီဒီယာေတြမွာ တက္လာတဲ႔ သတင္းေလးေတြ အထင္မွားစရာေတြ ေတြ႔ရလုိ႔ က်ေနာ္ရွင္းျပ ပါ့မယ္။

အခုဓါးထုိးခံရတဲ႔သူက က်ေနာ္ဇနီးပါ မသီသီဝင္း (လက္ေထာက္ညႊန္ၾကားေရးမွဴဳး ) တာဝန္နဲ႔ ျပည္သူ႔လႊတ္ေတာ္ ညႊန္ခ် ဳပ္ရုံး (C) ေဆာင္မွာ တာဝန္က်ပါတယ္။ က်ေနာ္က ျမဳိ႕မေစ်းမွာ ဖုန္းဆုိင္ဖြင့္ထားပါတယ္၊
အခုဓါးနဲ႔ထုိးတဲ႔ မသႏၱာထြန္း ( ခ ) မသိဂီ ၤထြန္းဟာ ရုံးအကူဝန္ထမ္းပါ၊ ရာထူးၾကီးငယ္မေရြး လူသိရင္ လႊတ္ေတာ္ရုံးကဆုိရင္ ဟန္းစက္အရစ္က်ေပးပါတယ္။



 အခု သူလဲ က်ေနာ့္ဆုိင္မွာ ဟန္းစက္အရစ္က် ယူထားတာပါ၊ ရစရာရွိတဲ႔ အေၾကြးကုိ ေပးရမည့္ အခ်ိန္မေပးနဳိင္သျဖင့္ ၈ လပုိင္းနဲ႔ အခု ၉ လပုိင္းကုန္တဲ႔အထိ မေပးခဲ႔ပါဘူး က်ေနာ္တုိ႔ ေျပေျပလည္လည္ပဲ ေတာင္းခဲ႔ပါတယ္၊ သူလဲသူ႔မိသားစု အခက္ခဲ႔နဲ႔သူရွိမွာလုိ႔ ေတြးျပီး ေစာင့္ဆုိင္းေပးခဲ႔တာျဖစ္ပါတယ္။ သူ႔ခင္ပြန္းကလဲဝန္ထမ္းပါ သူပါဆပ္ေပးမယ္ေျပာခဲ႔ပါတယ္၊ မျဖစ္ခင္ညက အထိေျပေျပလည္လည္ပဲေတာင္းပါတယ္၊ အလုံးရင္းမဆပ္နဳိင္ရင္ က်ေနာ့္ဇနီးက ဖုန္းပဲဆက္တာပါ ဆပ္နဳိင္သေလာက္ ေျဖးေျဖးဆပ္ပါလုိ႔ေျပာခဲ႔ပါတယ္။

ရစရာရွိတဲ႔အေၾကြးကလဲ သိပ္မမ်ားပါဘူး က်ေနာ့္ဇနီးက ရုံးမွာ လူသိရွင္ၾကား အေၾကြးမေတာင္းပါဘူး သူ႔အလုပ္နဲ႔သူ႔ရုံးကလဲ အလုပ္မ်ားေတာ့ ဒါေတြသိပ္မလုပ္နဳိင္ပါဘူး ဟန္းစက္အရစ္က်ယူရင္ ဆုိင္ကုိပဲလာယူခုိင္းပါတယ္၊ ဖုန္းနဲ႔ပဲေျပာျဖစ္ပါတယ္ ရုံးမွာ အေၾကြးေတာင္းတဲ႔ကိစၥေတြမလုပ္ပါဘူး ရုံးကအေၾကြးေပးစရာရွိတဲ႔ရွိတဲ႔ ဝန္ထမ္းေတြက ေစ်းပုိ႔ေပးတဲ႔ေစ်းကားလာရင္ က်ေနာ့္ဆုိင္မွာ အေၾကြးဝင္ေပးေလ့ရွိပါတယ္ က်ေနာ့္ဇနီးကလဲ ဆုိင္ကုိပဲေပးခုိင္းတာပါ။


 အခုဒီေန႔ျဖစ္တဲ႔ ကိစၥမွာ ထင္မွတ္မထားပါဘူး ညႊန္ခ် ဳပ္ရုံးဆုိေတာ့ က်ေနာ္ဇနီးဟာ လႊတ္ေတာ္အစည္းေဝးရွိရင္ပုံမွန္ ၈နာရီမထုိးခင္ ရုံးတက္ရပါတယ္ ဒီေနနံနက္ရုံးသြားတာေနာက္က်ပါတယ္ က်ေနာ္ကုိယ္တုိင္ရုံးကုိလုိက္ပုိ႔႔တာပါ အခုဓါးနဲ႔ထုိးတဲ႔ မသႏၱာက က်ေနာ့္ဇနီးရုံးတက္မည့္ (C)ေဆာင္ရဲ႕အဝင္တံခါးအေပါက္မွာ ထုိင္ေနပါတယ္။

က်ေနာ္လဲျမင္ခဲ႔ပါတယ္ သူအဲလုိလုပ္မယ္မွန္းက်ေနာ္လဲမထင္သလုိက်ေနာ္ဇနီးလဲထင္ပုံမရပါဘူး က်ေနာ့္ဇနီးကားေပၚကဆင္းျပီးအထဲဝင္ေတာ့ သူကထုိင္ရာကထျပီး အေရွ႕က ေလွခါးေပၚတက္သြားတယ္ အတူတူပဲတက္သြားတာပါစကားတခြန္းမွေျပာမသြားဘူး စကားလဲမမ်ားၾကပါဘူး က်ေနာ္ကားေမာင္းျပန္လာခဲ႔ပါတယ္ က်ေနာ့္ဇနီးေမးၾကည့္ေတာ့ ပထမေလွခါးဆုံးလုိ႔ ဒုတိယေလွခါးတက္မည့္အလုပ္မွာ မသႏၱာကေစာင့္ေနပါတယ္ က်ေနာ့္ဇနီးကသူကုိ ေက်ာ္တက္ ဒုတိယေလွခါးတက္ဖုိ႔ေျခလွမ္းစလွမ္းတဲ႔အခ်ိန္မွာ အသင့္ယူေဆာင္လာတဲ႔ပုံမွာပါတဲ႔ဓါးနဲ႔ေနာက္ေၾကာကုိထုိးတာပါ စကားမ်ားရန္ျဖစ္ျပီး ထုိးတာမဟုတ္ပါဘူး အမွန္တုိင္းသိေစခ်င္လုိ႔ အခုလုိတင္လုိက္တာပါ ၾကဳိတင္ၾကံစီထားတဲ႔သေဘာပါ။

သတင္းမီဒီယာက သတင္းေထာက္ေတြက်ေနာ္တုိ႔ကုိ ျဖစ္စဥ္အခ်ိန္က ေမးျမန္းျခင္းမရွိခဲ႔ပါဘူး လူမႈ႔ကြန္ယက္ေပၚမွာ သတင္းေတြတက္ပီးမွ ညေနမွ ဖုန္းဆက္ေမးၾကတာပါ။


ရဲစခန္းမွာလဲတုိင္ခ်က္ဖြင့္ထားပါတယ္ တရားဥပေဒအတုိင္းအမွန္ကန္ဆုံးျဖစ္ေအာင္ လုပ္ေဆာင္သြားမွာပါ။

နဳိင္ငံေတာ္ရဲ႕အျမင့္ဆုံးျဖစ္တဲ႔ လႊတ္ေတာ္ၾကီးမွာ လႊတ္ေတာ္ကုိယ္စားလွယ္ေတြ နဳိင္ငံအၾကီးကဲေတြဝင္ထြက္သြားလာေနတဲ႔ လုံျခဳံေရးတင္းၾကတ္လွတဲ႔ လႊတ္ေတာ္ရုံးၾကီးထဲမွာ လူတစ္ေယာက္ကုိ ဓါးနဲ႔ထုိးလုပ္ၾကံသတ္ျဖတ္လုိ႔ရတယ္ဆုိတာကေတာ့ ဝန္ထမ္းအားလုံးက်ေနာ့္ ဇနီးလုိမျဖစ္ပါေစနဲ႔လုိ႔ ဆုေတာင္းလ်က္ေရးတင္ေပးလုိက္ပါတယ္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:Soe San

#Unicode Version
အောက်တိုဘာလ (၅)ရက်နေ့က ပြည်သူ့လွှတ်ရုံးမှာ ဓါးထိုးမှု့ဖြစ်တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီ Facebook နဲ့ သတင်းမီဒီယာတွေမှာ တက်လာတဲ့ သတင်းလေးတွေ အထင်မှားစရာတွေ တွေ့ရလို့ ကျနော်ရှင်းပြ ပါ့မယ်။

အခုဓါးထိုးခံရတဲ့သူက ကျနော်ဇနီးပါ မသီသီဝင်း (လက်ထောက်ညွှန်ကြားရေးမှူုး ) တာဝန်နဲ့ ပြည်သူ့လွှတ်တော် ညွှန်ချ ုပ်ရုံး (C) ဆောင်မှာ တာဝန်ကျပါတယ်။ ကျနော်က မြို့မဈေးမှာ ဖုန်းဆိုင်ဖွင့်ထားပါတယ်၊
အခုဓါးနဲ့ထိုးတဲ့ မသန္တာထွန်း ( ခ ) မသိဂီ ၤထွန်းဟာ ရုံးအကူဝန်ထမ်းပါ၊ ရာထူးကြီးငယ်မရွေး လူသိရင် လွှတ်တော်ရုံးကဆိုရင် ဟန်းစက်အရစ်ကျပေးပါတယ်။


 အခု သူလဲ ကျနော့်ဆိုင်မှာ ဟန်းစက်အရစ်ကျ ယူထားတာပါ၊ ရစရာရှိတဲ့ အကြွေးကို ပေးရမည့် အချိန်မပေးနိုင်သဖြင့် ၈ လပိုင်းနဲ့ အခု ၉ လပိုင်းကုန်တဲ့အထိ မပေးခဲ့ပါဘူး ကျနော်တို့ ပြေပြေလည်လည်ပဲ တောင်းခဲ့ပါတယ်၊ သူလဲသူ့မိသားစု အခက်ခဲ့နဲ့သူရှိမှာလို့ တွေးပြီး စောင့်ဆိုင်းပေးခဲ့တာဖြစ်ပါတယ်။ သူ့ခင်ပွန်းကလဲဝန်ထမ်းပါ သူပါဆပ်ပေးမယ်ပြောခဲ့ပါတယ်၊ မဖြစ်ခင်ညက အထိပြေပြေလည်လည်ပဲတောင်းပါတယ်၊ အလုံးရင်းမဆပ်နိုင်ရင် ကျနော့်ဇနီးက ဖုန်းပဲဆက်တာပါ ဆပ်နိုင်သလောက် ဖြေးဖြေးဆပ်ပါလို့ပြောခဲ့ပါတယ်။

ရစရာရှိတဲ့အကြွေးကလဲ သိပ်မများပါဘူး ကျနော့်ဇနီးက ရုံးမှာ လူသိရှင်ကြား အကြွေးမတောင်းပါဘူး သူ့အလုပ်နဲ့သူ့ရုံးကလဲ အလုပ်များတော့ ဒါတွေသိပ်မလုပ်နိုင်ပါဘူး ဟန်းစက်အရစ်ကျယူရင် ဆိုင်ကိုပဲလာယူခိုင်းပါတယ်၊ ဖုန်းနဲ့ပဲပြောဖြစ်ပါတယ် ရုံးမှာ အကြွေးတောင်းတဲ့ကိစ္စတွေမလုပ်ပါဘူး ရုံးကအကြွေးပေးစရာရှိတဲ့ရှိတဲ့ ဝန်ထမ်းတွေက ဈေးပို့ပေးတဲ့ဈေးကားလာရင် ကျနော့်ဆိုင်မှာ အကြွေးဝင်ပေးလေ့ရှိပါတယ် ကျနော့်ဇနီးကလဲ ဆိုင်ကိုပဲပေးခိုင်းတာပါ။


 အခုဒီနေ့ဖြစ်တဲ့ ကိစ္စမှာ ထင်မှတ်မထားပါဘူး ညွှန်ချ ုပ်ရုံးဆိုတော့ ကျနော်ဇနီးဟာ လွှတ်တော်အစည်းဝေးရှိရင်ပုံမှန် ၈နာရီမထိုးခင် ရုံးတက်ရပါတယ် ဒီနေနံနက်ရုံးသွားတာနောက်ကျပါတယ် ကျနော်ကိုယ်တိုင်ရုံးကိုလိုက်ပို့တာပါ အခုဓါးနဲ့ထိုးတဲ့ မသန္တာက ကျနော့်ဇနီးရုံးတက်မည့် (C)ဆောင်ရဲ့အဝင်တံခါးအပေါက်မှာ ထိုင်နေပါတယ်။

ကျနော်လဲမြင်ခဲ့ပါတယ် သူအဲလိုလုပ်မယ်မှန်းကျနော်လဲမထင်သလိုကျနော်ဇနီးလဲထင်ပုံမရပါဘူး ကျနော့်ဇနီးကားပေါ်ကဆင်းပြီးအထဲဝင်တော့ သူကထိုင်ရာကထပြီး အရှေ့က လှေခါးပေါ်တက်သွားတယ် အတူတူပဲတက်သွားတာပါစကားတခွန်းမှပြောမသွားဘူး စကားလဲမများကြပါဘူး ကျနော်ကားမောင်းပြန်လာခဲ့ပါတယ် ကျနော့်ဇနီးမေးကြည့်တော့ ပထမလှေခါးဆုံးလို့ ဒုတိယလှေခါးတက်မည့်အလုပ်မှာ မသန္တာကစောင့်နေပါတယ် ကျနော့်ဇနီးကသူကို ကျော်တက် ဒုတိယလှေခါးတက်ဖို့ခြေလှမ်းစလှမ်းတဲ့အချိန်မှာ အသင့်ယူဆောင်လာတဲ့ပုံမှာပါတဲ့ဓါးနဲ့နောက်ကြောကိုထိုးတာပါ စကားများရန်ဖြစ်ပြီး ထိုးတာမဟုတ်ပါဘူး အမှန်တိုင်းသိစေချင်လို့ အခုလိုတင်လိုက်တာပါ ကြိုတင်ကြံစီထားတဲ့သဘောပါ။

သတင်းမီဒီယာက သတင်းထောက်တွေကျနော်တို့ကို ဖြစ်စဉ်အချိန်က မေးမြန်းခြင်းမရှိခဲ့ပါဘူး လူမှု့ကွန်ယက်ပေါ်မှာ သတင်းတွေတက်ပီးမှ ညနေမှ ဖုန်းဆက်မေးကြတာပါ။


ရဲစခန်းမှာလဲတိုင်ချက်ဖွင့်ထားပါတယ် တရားဥပဒေအတိုင်းအမှန်ကန်ဆုံးဖြစ်အောင် လုပ်ဆောင်သွားမှာပါ။

နိုင်ငံတော်ရဲ့အမြင့်ဆုံးဖြစ်တဲ့ လွှတ်တော်ကြီးမှာ လွှတ်တော်ကိုယ်စားလှယ်တွေ နိုင်ငံအကြီးကဲတွေဝင်ထွက်သွားလာနေတဲ့ လုံခြုံရေးတင်းကြတ်လှတဲ့ လွှတ်တော်ရုံးကြီးထဲမှာ လူတစ်ယောက်ကို ဓါးနဲ့ထိုးလုပ်ကြံသတ်ဖြတ်လို့ရတယ်ဆိုတာကတော့ ဝန်ထမ်းအားလုံးကျနော့် ဇနီးလိုမဖြစ်ပါစေနဲ့လို့ ဆုတောင်းလျက်ရေးတင်ပေးလိုက်ပါတယ်။



 ဖိုးသူတော် (www.phothutaw.com)
Credit:Soe San
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top