Property Expo
×









Credit:7Day Daily

Unicode Version

  လော့ဟိဒ်မာတင် ကုမ္ပဏီက ထုတ်လုပ်သောF-35A တိုက်လေယာဉ်များကို ၂၀၁၈ တွင် ပထမဆုံးရရှိမည်ဟု တူရကီနိုင်ငံက မျှော်လင့်ပြီး ဒုတိ ယအသုတ် ထပ်မံမှာယူရန် ဆုံး ဖြတ်ထားသည်ဟု ကာကွယ်ရေး စက်မှုလုပ်ငန်း ဒုတိယအတွင်းဝန်က ပြောကြားသည်။


နောက်ထပ် ယင်းတိုက်လေ ယာဉ်မျိုး မည်မျှထပ်မံမှာယူမည် ကို တူရကီနိုင်ငံက မပြောကြား သော်လည်း ယင်းကိစ္စနှင့် နီးစပ် သော ကန်အရာရှိနှစ်ဦးက ဒုတိ ယအသုတ်တွင် ၂၄ စီး မှာယူလိမ့် မည်ဟု ပြောကြားသည်။

လေယာဉ်အသစ် မှာယူမှု များကို ၂၀၂၁ နှင့် ၂၀၂၂ တွင် ပေး ပို့မည်ဟု မျှော်လင့်ကြောင်း ဝန် ကြီးချုပ်ဘီနာလီယီလ်ဒီရင် ဥက္ကဋ္ဌ တာဝန်ယူသော အမှုဆောင် ကော်မတီ အစည်းအဝေးအပြီး တွင် ဒုတိယအတွင်းဝန်က ထုတ် ပြန်ပြောကြားသည်။

 လော့ဟိဒ်မာတင်ကုမ္ပဏီက အမေရိကန်စစ်ဘက်နှင့် ယင်း လေယာဉ်ဝယ်ယူလိုသော အခြား ၁၀ နိုင်ငံအတွက် F-35 ပုံစံကွဲ သုံးမျိုး ထုတ်လုပ်သွားမည်ဖြစ် သည်။

လာမည့်နှစ် အနည်းငယ်အ တွင်း ယင်းတိုက်လေယာဉ်အစီး ရေ ၃,၀၀၀ ခန့်ကို ကမ္ဘာတစ်ဝန်း အသုံးပြုကြမည်ဖြစ်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top