Property Expo
×





Credit:7Day Daily

Unicode Version

 တောင်ကိုရီးယားသရုပ် ဆောင် ဆိုကန်ဂျွန်သည် ၎င်းပါ ဝင်သရုပ်ဆောင်ထားသော Entourage ဒရာမာရုပ်သံဇာတ် လမ်းတွဲမလွှင့်မီ Elle ဖက်ရှင် မဂ္ဂဇင်းတွင် ပါဝင်လာသည်။

Elle က ၎င်းတို့၏ (၂၄)နှစ် မြောက် နှစ်ပတ်လည် နိုဝင်ဘာ စာစောင်တွင် ဆိုကန်ဂျွန်ကို အ ဓိကဖော်ပြခဲ့သည်။ ဆိုကန်ဂျွန်၏ သဘာဝအတိုင်း ဆွဲဆောင်မှုကို ဓာတ်ပုံများတွင် အသားပေးခဲ့ သည်။

ယင်းဇာတ်လမ်းတွဲ မလွှင့်မီ နှင့် ယခုအချိန် ကြားကာလအတွင်း ထူးခြားချက်မှာ လူအများအပြား က ၎င်းကို မှတ်မိလာကြသည်ဟု ဆိုကန်ဂျွန်က ပြောပြီး လူများ ကြား သွားလာလျှင် အခြားလူများ အနှောင့်အယှက်မဖြစ်ရန် ကြိုး စားသည်ဟု ၎င်းက ပြောသည်။

‘‘ကျွန်တော်ငယ်ပါသေး တယ်။ မတူညီတာတွေလုပ်ဖို့ ကြိုးစားခဲ့ပြီး အခက်အခဲတွေ လည်းရှိခဲ့တယ်။ အမှားတွေလည်း ရှိခဲ့တယ်။ အမှားတွေကြောင့်ပဲ ဘဝရဲ့ဟန်ချက် ညီလာပါတယ်’’ ဟု မကြာသေးမီက (၂၄) နှစ်ပြည့် ခဲ့သော ဆိုကန်ဂျွန်က ဆိုသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top