Property Expo
×

၂၀၁၈ ခုႏွစ္အတြက္ အေမရိကန္ျပည္ေထာင္စုဆီ တရားဝင္ ေျပာင္းေရႊ႕ အေျခခ် ေနထုိင္ခြင့္ရေစမယ့္ ျပည္ဝင္ခြင့္ ကံစမ္းမဲ အစီအစဥ္ေတြကို ျမန္မာစံေတာ္ခ်ိန္ ေအာက္တိုဘာလ ၄ ရက္ မြန္းတည့္ခ်ိန္ကေန စတင္လက္ခံၿပီျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ၊ ရန္ကုန္ၿမိဳ႕မွာရွိတဲ့ အေမရိကန္ သံ႐ံုးက တရားဝင္ ေၾကညာထားပါၿပီ။ အေမရိကန္ႏုိင္ငံမွာ လာေရာက္ အေျခခ်လိုသူေတြကို ႏွစ္စဥ္ လူဦးေရ ၅ ေသာင္းကို ကံစမ္းမဲ အစီအစဥ္နဲ႔ က်ပန္းမဲေဖာက္ေပးေနတာျဖစ္ၿပီး အခု ေခၚယူတဲ့ ကံစမ္းမဲ ေပါက္သူေတြဟာ ၂၀၁၈ ခုႏွစ္မွာ အေမရိကန္ကို ဝင္ေရာက္ခြင့္ရရွိမွာ ျဖစ္ပါတယ္။

ကံစမ္းမဲေလွ်ာက္လႊာမွာျဖည့္သြင္းရမယ့္ အခ်က္အလက္ေတြကို အဂၤလိပ္-ျမန္မာ ႏွစ္ဘာသာနဲ႔ အေမရိကန္သံ႐ံုး ဝဘ္ဆိုဒ္မွာေရာ၊ သံ႐ံုးရဲ႕ facebook စာမ်က္ႏွာပါ ရယူႏုိင္ပါတယ္။ ကံစမ္းမဲေလွ်ာက္လႊာအတြက္ အရည္အခ်င္းျပည့္မီတဲ့ လိုအပ္ခ်က္ေတြအနက္ ဗီဇာေလွ်ာက္ထား လိုသူဟာ အထက္တန္းပညာ (သို႔) အထက္တန္းပညာနဲ႔ညီမွ်တဲ့ အတတ္ပညာ တတ္ေျမာက္ရပါမယ္လို႔ သတ္မွတ္ထားပါတယ္။ အနည္းဆံုး မူလတန္း၊ အလယ္တန္းနဲ႔ အထက္တန္းပညာေရးေတြကို ၁၂ ႏွစ္ ဆည္းပူးေအာင္ျမင္ရမယ္လို႔ ဆိုလိုပါတယ္။ ဒါမွမဟုတ္ရင္ ငါးနွစ္အတြင္း အလုပ္သင္ သင္တန္း သို႔မဟုတ္ လုပ္ငန္းအေတြ႔အႀကံဳ ကို ႏွစ္ႏွစ္ တာဝန္ထမ္းေဆာင္ဖူးသူ ျဖစ္ဖို႔ လိုအပ္ပါတယ္။

အေမရိကန္ ႏုိင္ငံျခားေရးဌာနက ေလွ်ာက္လႊာေတြကို စစ္ေဆးရာမွာ ေခတ္မီဆန္းသစ္တဲ့ နည္းပညာကို သံုးၿပီး လူတစ္ေယာက္က ေလွ်ာက္လႊာ တစံုထက္ ပိုၿပီးေလွ်ာက္ခဲ့မယ္ဆိုရင္ လံုးဝလက္ခံမွာမဟုတ္ဘဲ ေလွ်ာက္လႊာအားလံုးကိုပယ္ခ်မွာျဖစ္ေၾကာင္း စည္းကမ္းခ်က္ထဲမွာ ပါရွိပါတယ္။ အီလက္ထေရာနစ္နည္းနဲ႔ တင္သြင္းတဲ့ ေလွ်ာက္လႊာကိုသာ လက္ခံမွာျဖစ္ၿပီး ေလွ်ာက္လႊာ တင္ရမယ့္ ဝဘ္ဆိုဒ္လိပ္စာက - www.dvlottery.state.gov ျဖစ္ပါတယ္။

အေမရိကန္သံ႐ံုး ေကာင္စစ္ဌာနက ကံစမ္းမဲေလွ်ာက္လႊာနဲ႔ပတ္သက္လို႔ စိတ္ဝင္စားေလွ်ာက္ထားလိုသူေတြကို ရွင္းလင္းေျပာၾကားမယ့္ အစီအစဥ္ေတြကိုလည္း ရန္ကုန္နဲ႔ မႏၱေလးၿမိဳ႕ေတြမွာ အခမဲ့ က်င္းပေပးသြားဖို႔ရွိပါတယ္။ ရန္ကုန္ၿမိဳ႕မွာ ပထမအႀကိမ္ ေဟာေျပာပဲြကို YMCA အေဆာက္အဦးရွိ ပဥၥသိခၤ ခန္းမမွာ ေအာက္တိုဘာ ၇ ရက္ ေသာၾကာေန႔၊ ေအာက္တုိဘာလ ၁၃ ရက္ ၾကာသပေတးေန႔မွာ ယုဒႆန္ ခန္းမနဲ႔ ေအာက္တိုဘာလ ၁၄ ရက္မွာ အေမရိကန္စင္တာမွာ အသီးသီး စီစဥ္ထားၿပီး အခ်ိန္ကေတာ့ ညေန ၅ နာရီခဲြကေန ၇ နာရီအထိ တခ်ိန္တည္း ျဖစ္ပါတယ္။

မႏၱေလးမွာေတာ့ ဂ်က္ဖာဆင္ စင္တာမွာ ေအာက္တိုဘာ ၁၁ ရက္၊ အဂၤါေန႔၊ ညေန ၅ နာရီခဲြကေန ၇ နာရီအထိ ျဖစ္ပါတယ္။

ေဟာေျပာပဲြတုိင္းမွာ DV ကံစမ္းမဲ ေလွ်ာက္တဲ့ လုပ္ငန္းအဆင့္ဆင့္ကိုသာမက မဲေပါက္သူေတြလည္း ဘာေတြဆက္ၿပီးလုပ္ရမယ္ဆိုတာကို ေကာင္စစ္ဌာန အရာရွိက ရွင္းျပမွာျဖစ္ၿပီး အဂၤလိပ္၊ ျမန္မာ ႏွစ္ဘာသာနဲ႔ ေျပာျပေပးပါလိမ့္မယ္။ ေဟာေျပာပဲြတက္ေရာက္သူေတြက ကံစမ္းမဲနဲ႔ပတ္သက္လို႔ ေမးျမန္းတာေတြကိုလည္း ေျဖၾကားေပးဖို႔ စီစဥ္ထားပါတယ္။

အင္တာနက္ကေန ေလွ်ာက္လႊာတင္ရမွာျဖစ္လို႔ - တၿပိဳင္တည္းမွာ လူသံုးမ်ားေနရင္ လွ်ပ္စစ္နဲ႔ အင္တာနက္ဆုိင္ရာ အသံုးမ်ားမႈေပၚ မူတည္ၿပီး ေႏွာင့္ေႏွးၾကန္႔ၾကာမႈေတြ ျဖစ္ႏုိင္တာေၾကာင့္ ေနာက္ဆံုးရက္၊ ေနာက္ဆံုးသီတင္းပတ္အထိ ေစာင့္ဆုိင္းမေနၾကဘဲ ေစာေစာစီးစီး ေလွ်ာက္လႊာတင္ပို႔ၾကဖို႔ကိုလည္း အေမရိကန္သံ႐ံုးက အဂၤလိပ္၊ ျမန္မာ ႏွစ္ဘာသာနဲ႔ ထုတ္ျပန္ထားတဲ့ အသိေပးစာမွာ တပါတည္း ေဖာ္ျပထားပါတယ္။

ျပည္ဝင္ခြင့္ကံစမ္းမဲ ေလွ်ာက္လႊာေတြကို ေအာက္တိုဘာ ၄ ရက္၊ အဂၤါေန႔ မြန္းတည့္မွစၿပီး ၂၀၁၆ ခုႏွစ္ ႏိုဝင္ဘာလ (၇) ရက္၊ တနလၤာေန႔ မြန္းတည့္အထိ လက္ခံသြားမွာျဖစ္ပါတယ္။

ေဟာေျပာပဲြအေၾကာင္းသိခ်င္ရင္ ေကာင္စစ္ဌာနရဲ႕ အီးေမးလ္လိပ္စာ ConsularRangoon@State.gov ကို ဆက္သြယ္ေမးျမန္းႏုိင္ပါတယ္။

၂၀၁၈ ႏွစ္အတြက္ ေလွ်ာက္လႊာေတြကို အာရွတိုက္က ျမန္မာအပါအဝင္ ႏိုင္ငံေပါင္း ၃၂ ႏိုင္ငံကို လက္ခံမွာျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဗြီအိုေအ (ျမန္မာပုိင္း)

Unicode Version

၂၀၁၈ ခုနှစ်အတွက် အမေရိကန်ပြည်ထောင်စုဆီ တရားဝင် ပြောင်းရွှေ့ အခြေချ နေထိုင်ခွင့်ရစေမယ့် ပြည်ဝင်ခွင့် ကံစမ်းမဲ အစီအစဉ်တွေကို မြန်မာစံတော်ချိန် အောက်တိုဘာလ ၄ ရက် မွန်းတည့်ချိန်ကနေ စတင်လက်ခံပြီဖြစ်ကြောင်း မြန်မာနိုင်ငံ၊ ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန် သံရုံးက တရားဝင် ကြေညာထားပါပြီ။ အမေရိကန်နိုင်ငံမှာ လာရောက် အခြေချလိုသူတွေကို နှစ်စဉ် လူဦးရေ ၅ သောင်းကို ကံစမ်းမဲ အစီအစဉ်နဲ့ ကျပန်းမဲဖောက်ပေးနေတာဖြစ်ပြီး အခု ခေါ်ယူတဲ့ ကံစမ်းမဲ ပေါက်သူတွေဟာ ၂၀၁၈ ခုနှစ်မှာ အမေရိကန်ကို ဝင်ရောက်ခွင့်ရရှိမှာ ဖြစ်ပါတယ်။

ကံစမ်းမဲလျှောက်လွှာမှာဖြည့်သွင်းရမယ့် အချက်အလက်တွေကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ အမေရိကန်သံရုံး ဝဘ်ဆိုဒ်မှာရော၊ သံရုံးရဲ့ facebook စာမျက်နှာပါ ရယူနိုင်ပါတယ်။ ကံစမ်းမဲလျှောက်လွှာအတွက် အရည်အချင်းပြည့်မီတဲ့ လိုအပ်ချက်တွေအနက် ဗီဇာလျှောက်ထား လိုသူဟာ အထက်တန်းပညာ (သို့) အထက်တန်းပညာနဲ့ညီမျှတဲ့ အတတ်ပညာ တတ်မြောက်ရပါမယ်လို့ သတ်မှတ်ထားပါတယ်။ အနည်းဆုံး မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းပညာရေးတွေကို ၁၂ နှစ် ဆည်းပူးအောင်မြင်ရမယ်လို့ ဆိုလိုပါတယ်။ ဒါမှမဟုတ်ရင် ငါးနှစ်အတွင်း အလုပ်သင် သင်တန်း သို့မဟုတ် လုပ်ငန်းအတွေ့အကြုံ ကို နှစ်နှစ် တာဝန်ထမ်းဆောင်ဖူးသူ ဖြစ်ဖို့ လိုအပ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာနက လျှောက်လွှာတွေကို စစ်ဆေးရာမှာ ခေတ်မီဆန်းသစ်တဲ့ နည်းပညာကို သုံးပြီး လူတစ်ယောက်က လျှောက်လွှာ တစုံထက် ပိုပြီးလျှောက်ခဲ့မယ်ဆိုရင် လုံးဝလက်ခံမှာမဟုတ်ဘဲ လျှောက်လွှာအားလုံးကိုပယ်ချမှာဖြစ်ကြောင်း စည်းကမ်းချက်ထဲမှာ ပါရှိပါတယ်။ အီလက်ထရောနစ်နည်းနဲ့ တင်သွင်းတဲ့ လျှောက်လွှာကိုသာ လက်ခံမှာဖြစ်ပြီး လျှောက်လွှာ တင်ရမယ့် ဝဘ်ဆိုဒ်လိပ်စာက - www.dvlottery.state.gov ဖြစ်ပါတယ်။

အမေရိကန်သံရုံး ကောင်စစ်ဌာနက ကံစမ်းမဲလျှောက်လွှာနဲ့ပတ်သက်လို့ စိတ်ဝင်စားလျှောက်ထားလိုသူတွေကို ရှင်းလင်းပြောကြားမယ့် အစီအစဉ်တွေကိုလည်း ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ အခမဲ့ ကျင်းပပေးသွားဖို့ရှိပါတယ်။ ရန်ကုန်မြို့မှာ ပထမအကြိမ် ဟောပြောပွဲကို YMCA အဆောက်အဦးရှိ ပဉ္စသိင်္ခ ခန်းမမှာ အောက်တိုဘာ ၇ ရက် သောကြာနေ့၊ အောက်တိုဘာလ ၁၃ ရက် ကြာသပတေးနေ့မှာ ယုဒဿန် ခန်းမနဲ့ အောက်တိုဘာလ ၁၄ ရက်မှာ အမေရိကန်စင်တာမှာ အသီးသီး စီစဉ်ထားပြီး အချိန်ကတော့ ညနေ ၅ နာရီခွဲကနေ ၇ နာရီအထိ တချိန်တည်း ဖြစ်ပါတယ်။

မန္တလေးမှာတော့ ဂျက်ဖာဆင် စင်တာမှာ အောက်တိုဘာ ၁၁ ရက်၊ အင်္ဂါနေ့၊ ညနေ ၅ နာရီခွဲကနေ ၇ နာရီအထိ ဖြစ်ပါတယ်။

ဟောပြောပွဲတိုင်းမှာ DV ကံစမ်းမဲ လျှောက်တဲ့ လုပ်ငန်းအဆင့်ဆင့်ကိုသာမက မဲပေါက်သူတွေလည်း ဘာတွေဆက်ပြီးလုပ်ရမယ်ဆိုတာကို ကောင်စစ်ဌာန အရာရှိက ရှင်းပြမှာဖြစ်ပြီး အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့ ပြောပြပေးပါလိမ့်မယ်။ ဟောပြောပွဲတက်ရောက်သူတွေက ကံစမ်းမဲနဲ့ပတ်သက်လို့ မေးမြန်းတာတွေကိုလည်း ဖြေကြားပေးဖို့ စီစဉ်ထားပါတယ်။

အင်တာနက်ကနေ လျှောက်လွှာတင်ရမှာဖြစ်လို့ - တပြိုင်တည်းမှာ လူသုံးများနေရင် လျှပ်စစ်နဲ့ အင်တာနက်ဆိုင်ရာ အသုံးများမှုပေါ် မူတည်ပြီး နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်နိုင်တာကြောင့် နောက်ဆုံးရက်၊ နောက်ဆုံးသီတင်းပတ်အထိ စောင့်ဆိုင်းမနေကြဘဲ စောစောစီးစီး လျှောက်လွှာတင်ပို့ကြဖို့ကိုလည်း အမေရိကန်သံရုံးက အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့ ထုတ်ပြန်ထားတဲ့ အသိပေးစာမှာ တပါတည်း ဖော်ပြထားပါတယ်။

ပြည်ဝင်ခွင့်ကံစမ်းမဲ လျှောက်လွှာတွေကို အောက်တိုဘာ ၄ ရက်၊ အင်္ဂါနေ့ မွန်းတည့်မှစပြီး ၂၀၁၆ ခုနှစ် နိုဝင်ဘာလ (၇) ရက်၊ တနင်္လာနေ့ မွန်းတည့်အထိ လက်ခံသွားမှာဖြစ်ပါတယ်။

ဟောပြောပွဲအကြောင်းသိချင်ရင် ကောင်စစ်ဌာနရဲ့ အီးမေးလ်လိပ်စာ ConsularRangoon@State.gov ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

၂၀၁၈ နှစ်အတွက် လျှောက်လွှာတွေကို အာရှတိုက်က မြန်မာအပါအဝင် နိုင်ငံပေါင်း ၃၂ နိုင်ငံကို လက်ခံမှာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: ဗွီအိုအေ (မြန်မာပိုင်း)
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top