Kantharyar Centre
×

ေဆးလိပ္မွာပါဝင္တဲ့ ေဆးရြက္ၾကီး ရဲ႕ အက်ဳိးသက္မႈေတြက အျပင္ပန္းပ်က္စီးမႈကို ေက်ာ္လြန္ျပီး ကင္ဆာေရာဂါအႏၱရာယ္ အဆ ၁၅ ကေန ၃၀ ထိ ပိုမ်ားပါတယ္။ အမွန္ေတာ့ ေဆးလိပ္ေသာက္ျခင္းက DNA ေျပာင္းလဲမႈအထိပါ ျဖစ္ေစတာပါ။

ေဆးလိပ္ေသာက္ျခင္းေၾကာင့္ ထင္သာျမင္သာအရိွဆုံး ပ်က္စီးထိခုိက္မႈေတြက ေဆးလိပ္ေသာက္သူရဲ႕ အသားအေရနဲ႔ ခႏၶာကိုယ္အစိတ္အပိုင္းေတြပဲ ျဖစ္ပါတယ္။ ေဆးလိပ္ေသာက္သူအမ်ားစုဟာ ေဆးလိပ္အႏၱရာယ္ေတြ သိၾကေပမယ့္ စြဲလန္းစိတ္ျပင္းထန္ေနမႈေၾကာင့္ ေဆးလိပ္ေသာက္ဖုိ႔အေရး ႏွစ္ခါျပန္ မစဥ္းစားၾကေတာ့ပါဘူး။

ကံမေကာင္းစြာနဲ႔ပဲ ေဆးလိပ္အႏၱရာယ္ေတြက ေဆးလိပ္ဘူးခြံေပၚထိတ္လန္႔ဖြယ္ သတိေပးခ်က္ေတြထက္ ေက်ာ္လြန္ျပီး မ်ဳိးရုိးဗီဇအထိပါ ထိခုိက္လာေၾကာင္း သိပၸံနည္းက်ေလ့လာမႈက သက္ေသျပခဲ့ျပန္ပါတယ္။

ေဆးလိပ္ထဲက အဆိပ္အေတာက္ေတြေၾကာင့္ ျဖစ္တဲ့ ထိခုိက္ပ်က္စီးမႈအမ်ားစုက ေဆးလိပ္ျဖတ္ပီး ၅ ႏွစ္အၾကာမွာ ေပ်ာက္ကြယ္သြားၾကေပမယ့္ တခ်ဳိ႕ကေတာ့ အျမဲစြဲက်န္ရစ္ကာ ေဆးလိပ္လုံးလုံး ျပတ္ျပီးေနာက္ပိုင္းမွာေတာင္ ေဆးလိပ္ေသာက္ျခင္းနဲ႔ဆက္စပ္တဲ့ ေရာဂါအမ်ဳိးမ်ဳိးျဖစ္ပြားႏုိင္ေျခ ပိုမ်ားေစမွာ ျဖစ္ပါတယ္။ ၾကာရွည္ျမဲတဲ့ ထိခုိက္ပ်က္စီးမႈေတြဟာ မ်ဳိးရုိးဗီဇ gene ငုပ္ေစျခင္း သုိ႔မဟုတ္ ခႏၶာကိုယ္အတြင္း အက်ဳိးသက္ေရာက္မႈပုံစံ ေျပာင္းလဲေစျခင္းအားျဖင့္ DNA ေျပာင္းလဲမႈျဖစ္စဥ္ျဖစ္တဲ့ methylation ေၾကာင့္ ျဖစ္ေပၚပါတယ္။ သင့္ gene ဟာ methylation အေျခအေနျဖစ္ေအာင္ တြန္းပို႔ခံရတဲ့အခါ အျမဲပ်က္စီးျပီး က်န္ရစ္ခဲ့ပါေတာ့တယ္။ ဆုိလုိတာက ေဆးလိပ္ေသာက္တဲ့အခါ ေဆးလိပ္ထဲမွာ ပါတဲ့ အဆိပ္အေတာက္မ်ားေၾကာင့္ DNA က ရုပ္ခႏၶာအရ၊ အျမဲ ေျပာင္းလဲလ်က္ရိွတယ္ ဆုိတာပါပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Trend Myanmar

#Unicode Version

ဆေးလိပ်မှာပါဝင်တဲ့ ဆေးရွက်ကြီး ရဲ့ အကျိုးသက်မှုတွေက အပြင်ပန်းပျက်စီးမှုကို ကျော်လွန်ပြီး ကင်ဆာရောဂါအန္တရာယ် အဆ ၁၅ ကနေ ၃၀ ထိ ပိုများပါတယ်။ အမှန်တော့ ဆေးလိပ်သောက်ခြင်းက DNA ပြောင်းလဲမှုအထိပါ ဖြစ်စေတာပါ။

ဆေးလိပ်သောက်ခြင်းကြောင့် ထင်သာမြင်သာအရှိဆုံး ပျက်စီးထိခိုက်မှုတွေက ဆေးလိပ်သောက်သူရဲ့ အသားအရေနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေပဲ ဖြစ်ပါတယ်။ ဆေးလိပ်သောက်သူအများစုဟာ ဆေးလိပ်အန္တရာယ်တွေ သိကြပေမယ့် စွဲလန်းစိတ်ပြင်းထန်နေမှုကြောင့် ဆေးလိပ်သောက်ဖို့အရေး နှစ်ခါပြန် မစဉ်းစားကြတော့ပါဘူး။

ကံမကောင်းစွာနဲ့ပဲ ဆေးလိပ်အန္တရာယ်တွေက ဆေးလိပ်ဘူးခွံပေါ်ထိတ်လန့်ဖွယ် သတိပေးချက်တွေထက် ကျော်လွန်ပြီး မျိုးရိုးဗီဇအထိပါ ထိခိုက်လာကြောင်း သိပ္ပံနည်းကျလေ့လာမှုက သက်သေပြခဲ့ပြန်ပါတယ်။

ဆေးလိပ်ထဲက အဆိပ်အတောက်တွေကြောင့် ဖြစ်တဲ့ ထိခိုက်ပျက်စီးမှုအများစုက ဆေးလိပ်ဖြတ်ပီး ၅ နှစ်အကြာမှာ ပျောက်ကွယ်သွားကြပေမယ့် တချို့ကတော့ အမြဲစွဲကျန်ရစ်ကာ ဆေးလိပ်လုံးလုံး ပြတ်ပြီးနောက်ပိုင်းမှာတောင် ဆေးလိပ်သောက်ခြင်းနဲ့ဆက်စပ်တဲ့ ရောဂါအမျိုးမျိုးဖြစ်ပွားနိုင်ခြေ ပိုများစေမှာ ဖြစ်ပါတယ်။ ကြာရှည်မြဲတဲ့ ထိခိုက်ပျက်စီးမှုတွေဟာ မျိုးရိုးဗီဇ gene ငုပ်စေခြင်း သို့မဟုတ် ခန္ဓာကိုယ်အတွင်း အကျိုးသက်ရောက်မှုပုံစံ ပြောင်းလဲစေခြင်းအားဖြင့် DNA ပြောင်းလဲမှုဖြစ်စဉ်ဖြစ်တဲ့ methylation ကြောင့် ဖြစ်ပေါ်ပါတယ်။ သင့် gene ဟာ methylation အခြေအနေဖြစ်အောင် တွန်းပို့ခံရတဲ့အခါ အမြဲပျက်စီးပြီး ကျန်ရစ်ခဲ့ပါတော့တယ်။ ဆိုလိုတာက ဆေးလိပ်သောက်တဲ့အခါ ဆေးလိပ်ထဲမှာ ပါတဲ့ အဆိပ်အတောက်များကြောင့် DNA က ရုပ်ခန္ဓာအရ၊ အမြဲ ပြောင်းလဲလျက်ရှိတယ် ဆိုတာပါပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top