Kantharyar Centre
×

မိဘ ၃ဦးဆီက DNA နဲ႔ ေမြးဖြားလာတဲ့ ကမာၻ႔ပထမဦးကေလး တစ္ေယာက္အေၾကာင္း ေျပာျပခ်င္ပါတယ္။ ၅ လသားအရြယ္ Abrahim Hassan ရဲ႕ ေဂ်ာ္ဒန္လူမ်ဳိး မိဘေတြျဖစ္ၾကတဲ့ Ibtisam Shaban နဲ႔ Mahmoud Hassan တုိ႔ဟာ မက္ဆီကုိအေျခစုိက္ အေမရိကန္အဖြဲ႔တစ္ဖြဲ႔နဲ႔ ေဆးကုသမႈ ခံယူခဲ့ၾကပါတယ္။ ဒီအဖြဲ႔ဟာ က်န္းမာသန္စြမ္းတဲ့ ကေလးငယ္ေတြ ေမြးဖြားမႈအတြက္  မိဘေတြကို ရွားပါးသေႏၶေျပာင္းမႈ အျငင္းဖြယ္နည္းပညာတစ္ခုကို အသုံးျပဳခဲ့တယ္လုိ႔ New Scientist က သတင္းေဖာ္ျပထားပါတယ္။

Shaban မွာ မ်ဳိးရုိးဗီဇနဲ႔ ဆက္ႏြယ္တဲ့ မၾကဳံစဖူးေရာဂါ Leigh syndrome ကို ျဖစ္ေစတဲ့ မ်ဳိးရုိးဗီဇ ရိွေနပါတယ္။ ဒီေရာဂါျဖစ္တာ ဦးေႏွာက္၊ ေက်ာရုိးနဗ္ေၾကာနဲ႔ အျမင္အာရုံစတဲ့ ဗဟုိအာရုံေၾကာစနစ္ ယုိယြင္းပ်က္စီးမႈေၾကာင့္လုိ႔ သတ္မွတ္ပါတယ္။ က်န္းမာေနသည့္တုိင္ေအာင္ Shaban ေမြးတဲ့ အရင္ကေလး ၂ ေယာက္ဟာ Leigh syndrome ေၾကာင့္ ေသဆုံးခဲ့ၾကပါတယ္။ ဒါေၾကာင့္ သူမဟာ နယူးေယာ့ခ္က New Hope Fertility Center ရဲ႕အကူအညီကို ရယူခဲ့ပါတယ္။

အဲဒီက ဆရာဝန္ေတြဟာ spindle nuclear transfer ေဆာင္ရြက္ေပးခဲ့ပါတယ္။ Shaban ရဲ႕ မမ်ဳိးဥကို ယူျပီး nucleus ဖယ္ထုတ္တဲ့ donor မမ်ဳိးဥထဲသုိ႔ ထည့္သြင္းလိုက္ပါတယ္။ ေနာက္ ရရိွလာတဲ့ မမ်ဳိးဥကို Hassan ရဲ႕ သုက္ရည္နဲ႔ မ်ဳိးေဖာက္ျပီးေတာ့ Shaban ကုိယ္ထဲ ထည့္သြင္းျပီး ၉ လအၾကာမွာ Abrahim ေမြးလာတာပါ။

Abrahim ကို Leigh syndrome ရိွမရိွ စစ္ေဆးေတာ့ ၁% ေတာင္ မရိွေၾကာင္း ရွာေဖြေတြ႔ရိွခဲ့ပါတယ္။ က်န္ရိွေနေသးတဲ့ ပမာဏဟာ ဒီတိုင္းဆက္ရိွမရိွ ေသခ်ာေစဖို႔ ဆရာဝန္ေတြ ဆက္လက္ေစာင့္သြားမွာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Trend Myanmar

#Unicode Version

မိဘ ၃ဦးဆီက DNA နဲ့ မွေးဖွားလာတဲ့ ကမ္ဘာ့ပထမဦးကလေး တစ်ယောက်အကြောင်း ပြောပြချင်ပါတယ်။ ၅ လသားအရွယ် Abrahim Hassan ရဲ့ ဂျော်ဒန်လူမျိုး မိဘတွေဖြစ်ကြတဲ့ Ibtisam Shaban နဲ့ Mahmoud Hassan တို့ဟာ မက်ဆီကိုအခြေစိုက် အမေရိကန်အဖွဲ့တစ်ဖွဲ့နဲ့ ဆေးကုသမှု ခံယူခဲ့ကြပါတယ်။ ဒီအဖွဲ့ဟာ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေ မွေးဖွားမှုအတွက်  မိဘတွေကို ရှားပါးသန္ဓေပြောင်းမှု အငြင်းဖွယ်နည်းပညာတစ်ခုကို အသုံးပြုခဲ့တယ်လို့ New Scientist က သတင်းဖော်ပြထားပါတယ်။

Shaban မှာ မျိုးရိုးဗီဇနဲ့ ဆက်နွယ်တဲ့ မကြုံစဖူးရောဂါ Leigh syndrome ကို ဖြစ်စေတဲ့ မျိုးရိုးဗီဇ ရှိနေပါတယ်။ ဒီရောဂါဖြစ်တာ ဦးနှောက်၊ ကျောရိုးနဗ်ကြောနဲ့ အမြင်အာရုံစတဲ့ ဗဟိုအာရုံကြောစနစ် ယိုယွင်းပျက်စီးမှုကြောင့်လို့ သတ်မှတ်ပါတယ်။ ကျန်းမာနေသည့်တိုင်အောင် Shaban မွေးတဲ့ အရင်ကလေး ၂ ယောက်ဟာ Leigh syndrome ကြောင့် သေဆုံးခဲ့ကြပါတယ်။ ဒါကြောင့် သူမဟာ နယူးယော့ခ်က New Hope Fertility Center ရဲ့အကူအညီကို ရယူခဲ့ပါတယ်။

အဲဒီက ဆရာဝန်တွေဟာ spindle nuclear transfer ဆောင်ရွက်ပေးခဲ့ပါတယ်။ Shaban ရဲ့ မမျိုးဥကို ယူပြီး nucleus ဖယ်ထုတ်တဲ့ donor မမျိုးဥထဲသို့ ထည့်သွင်းလိုက်ပါတယ်။ နောက် ရရှိလာတဲ့ မမျိုးဥကို Hassan ရဲ့ သုက်ရည်နဲ့ မျိုးဖောက်ပြီးတော့ Shaban ကိုယ်ထဲ ထည့်သွင်းပြီး ၉ လအကြာမှာ Abrahim မွေးလာတာပါ။

Abrahim ကို Leigh syndrome ရှိမရှိ စစ်ဆေးတော့ ၁% တောင် မရှိကြောင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ကျန်ရှိနေသေးတဲ့ ပမာဏဟာ ဒီတိုင်းဆက်ရှိမရှိ သေချာစေဖို့ ဆရာဝန်တွေ ဆက်လက်စောင့်သွားမှာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top