Property Expo
×

 ၿပီးခဲ့တဲ့ ၂ ရက္မွာ ေမာ္တာ ပစ္ ခတ္သံေတြ ျပန္ၿပီး ၾကားေနရ

စက္တင္ဘာလ ၃၀ ရက္ေန႔က ဒီေကဘီေအခြဲထြက္ အဖြဲ႕ဆီကို ပို႔မယ့္ လက္နက္ခဲယမ္း ေတြနဲ႔ ရိကၡာေျခာက္ေတြကို ထိုင္းနိုင္ငံ၊ မဲေဆာက္ၿမိဳ႕မွာ ဖမ္းဆီးရမိခဲ့ပါတယ္။

မဲသေဝါ ေဒသမွာ အစိုးရ တပ္မေတာ္၊ နယ္ျခားေစာင့္တပ္ဖြဲ႕ နဲ႔ ဒီေကဘီေအ ခြဲထြက္ အဖြဲ႕ ဟာ တိုက္ပြဲေတြ ျဖစ္ပြား ေနပါတယ္။

မဲေဆာက္အုပ္ခ်ဳပ္ေရးမွူး႐ုံး၊ စစ္တပ္နဲ႔ရဲပူးေပါင္းအဖြဲ႕ေတြက အမွတ္ ၂ ရပ္ကြက္ ေတာင္ယာ ထဲက အိမ္ ၃ လုံးနဲ႔ ဂိုေဒါင္တလုံး ရွိတဲ့ ေနရာကို သတင္းအရ ဝိုင္းၿပီး ရွာေဖြရာမွာ ပြိဳင့္ ၂၂ စနိုက္ပါ တပ္ထားတဲ့ ရိုင္ဖယ္တလက္နဲ႔ က်ည္ဆံ တစ္ရာနီးပါး၊ အမ္ ၆၇ လက္ပစ္ဗုံး ၁၄၁ လုံး၊ အမ္ ၇၉ က်ည္ ၅၁ လုံးနဲ႔ ငါးေသတၱာ၊ ေျခာက္ဆြဲေျခာက္ေတြနဲ႔ ေဆးဝါးေတြကို ရွာေဖြေတြ႕ရွိ ခဲ့ပါတယ္။

ျမန္မာနိုင္ငံသား အမ်ိဳးသား ၅ ေယာက္နဲ႔ အမ်ိဳးသမီး ၁ ေယာက္ကို ထိုင္း တာ၀န္ရွိ သူေတြရဲ့ကနဉီး စစ္ေဆးခ်က္ အရ ဒီပစၥည္း ေတြကို မဲသေဝါက ဒီေကဘီေအ ခြဲထြက္အဖြဲ႕ရွိရာ ကိုပို႔မွာျဖစ္တယ္လို႔အစစ္ခံထားေၾကာင္းသိရပါတယ္။

ေလာေလာဆယ္အမွုနဲ႔ ပတ္သက္ၿပီး ဆက္လက္ စုံစမ္း ေဖၚထုတ္ စရာ ေတြရွိေနတဲ့ အတြက္ ဖမ္းဆီးခံရတဲ့ အမ်ိဳးသား ၅ ေယာက္နဲ႔အမ်ိဳးသမီး ၁ ေယာက္ေတြရဲ့ အခ်က္အလက္ ေတြကို မထုတ္ျပန္ေသး ဘူးလို႔မဲေဆာက္ရဲကေျပာပါတယ္။

မဲေသေဝါဖက္မွာ ပစ္ခတ္သံေတြ မၾကားရသေလာက္ျဖစ္ေနရာက ၿပီးခဲ့တဲ့ ၂ ရက္မွာ ေမာ္တာ ပစ္ ခတ္သံေတြ ျပန္ၿပီး ၾကားေနရတယ္လို႔ေဒသခံေတြက ေျပာပါတယ္။

ျမန္မာဖက္အျခမ္းက စစ္ျဖစ္ေနတဲ့ ေဒသဘက္ကို အခုလိုမ်ိဳး လက္နက္ခဲယမ္း၊ ရိကၡာေတြကို လ်ိဳ႕ဝွက္ တင္ပို႔မွုေတြ ရွိေနမယ္ဆိုရင္ တိုက္ပြဲေတြ ဆက္ၿပီး ျဖစ္နိုင္ဖြယ္ရွိတယ္လို႔ ထိုင္းနယ္စပ္ လုံျခဳံေရး တာ၀န္ရွိသူေတြက ေျပာၾကား ေနပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:BBC Burmese

#Unicode Version
 ပြီးခဲ့တဲ့ ၂ ရက်မှာ မော်တာ ပစ် ခတ်သံတွေ ပြန်ပြီး ကြားနေရ
စက်တင်ဘာလ ၃၀ ရက်နေ့က ဒီကေဘီအေခွဲထွက် အဖွဲ့ဆီကို ပို့မယ့် လက်နက်ခဲယမ်း တွေနဲ့ ရိက္ခာခြောက်တွေကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ဖမ်းဆီးရမိခဲ့ပါတယ်။

မဲသဝေါ ဒေသမှာ အစိုးရ တပ်မတော်၊ နယ်ခြားစောင့်တပ်ဖွဲ့ နဲ့ ဒီကေဘီအေ ခွဲထွက် အဖွဲ့ ဟာ တိုက်ပွဲတွေ ဖြစ်ပွား နေပါတယ်။

မဲဆောက်အုပ်ချုပ်ရေးမှူးရုံး၊ စစ်တပ်နဲ့ရဲပူးပေါင်းအဖွဲ့တွေက အမှတ် ၂ ရပ်ကွက် တောင်ယာ ထဲက အိမ် ၃ လုံးနဲ့ ဂိုဒေါင်တလုံး ရှိတဲ့ နေရာကို သတင်းအရ ဝိုင်းပြီး ရှာဖွေရာမှာ ပွိုင့် ၂၂ စနိုက်ပါ တပ်ထားတဲ့ ရိုင်ဖယ်တလက်နဲ့ ကျည်ဆံ တစ်ရာနီးပါး၊ အမ် ၆၇ လက်ပစ်ဗုံး ၁၄၁ လုံး၊ အမ် ၇၉ ကျည် ၅၁ လုံးနဲ့ ငါးသေတ္တာ၊ ခြောက်ဆွဲခြောက်တွေနဲ့ ဆေးဝါးတွေကို ရှာဖွေတွေ့ရှိ ခဲ့ပါတယ်။

မြန်မာနိုင်ငံသား အမျိုးသား ၅ ယောက်နဲ့ အမျိုးသမီး ၁ ယောက်ကို ထိုင်း တာဝန်ရှိ သူတွေရဲ့ကနဉီး စစ်ဆေးချက် အရ ဒီပစ္စည်း တွေကို မဲသဝေါက ဒီကေဘီအေ ခွဲထွက်အဖွဲ့ရှိရာ ကိုပို့မှာဖြစ်တယ်လို့အစစ်ခံထားကြောင်းသိရပါတယ်။

လောလောဆယ်အမှုနဲ့ ပတ်သက်ပြီး ဆက်လက် စုံစမ်း ဖေါ်ထုတ် စရာ တွေရှိနေတဲ့ အတွက် ဖမ်းဆီးခံရတဲ့ အမျိုးသား ၅ ယောက်နဲ့အမျိုးသမီး ၁ ယောက်တွေရဲ့ အချက်အလက် တွေကို မထုတ်ပြန်သေး ဘူးလို့မဲဆောက်ရဲကပြောပါတယ်။

မဲသေဝေါဖက်မှာ ပစ်ခတ်သံတွေ မကြားရသလောက်ဖြစ်နေရာက ပြီးခဲ့တဲ့ ၂ ရက်မှာ မော်တာ ပစ် ခတ်သံတွေ ပြန်ပြီး ကြားနေရတယ်လို့ဒေသခံတွေက ပြောပါတယ်။

မြန်မာဖက်အခြမ်းက စစ်ဖြစ်နေတဲ့ ဒေသဘက်ကို အခုလိုမျိုး လက်နက်ခဲယမ်း၊ ရိက္ခာတွေကို လျို့ဝှက် တင်ပို့မှုတွေ ရှိနေမယ်ဆိုရင် တိုက်ပွဲတွေ ဆက်ပြီး ဖြစ်နိုင်ဖွယ်ရှိတယ်လို့ ထိုင်းနယ်စပ် လုံခြုံရေး တာဝန်ရှိသူတွေက ပြောကြား နေပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:BBC Burmese
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top