Property Expo
×

အဆိုေတာ္မိစႏၵီကုိယ္တိုင္ ထုတ္လုပ္ျဖန္႕ခ်ိတဲ့ My Boo အမွတ္တံဆိပ္ Clothing မိတ္ဆက္အခမ္းအနားကို ( ၅.၁၀.၁၆ ) ရက္ေန႕ ညေန ၃နာရီက လွည္းတန္းစင္တာ ပရိုမိုးရွင္းဧရိယာမွာ က်င္းပျပဳလုပ္ခဲ့ပါတယ္။ ဒီအခမ္းအနားကို ဖိတ္ၾကားထားတဲ့ ဧည့္သည္ေတာ္ေတြ၊ အဆိုေတာ္ေတြနဲ႕မိစႏၵီရဲ႕ ပရိသတ္ေတြ တက္ေရာက္ခဲ့ၾကပါတယ္။

My Boo brand ထုတ္ျဖစ္ပံုနဲ႕ပတ္သက္ၿပီး မိစႏၵီက " ေပ်ာ္ပါတယ္။ ကုိယ့္အက်ီၤေလးကို၀တ္ထားတဲ့ ပရိသတ္ေတြကိုျမင္ရတာ ေက်နပ္တာေပါ့။ ဒီပြဲေလးကို အစကလုပ္ဖို႕ စိတ္ကူးမရွိဘူး။ ဒါေပမဲ့လုပ္ျဖစ္သြားတယ္ေပါ့။ အစက စာနယ္ဇင္းပြဲေလးပဲလုပ္မလို႕။ ဒါေပမဲ့လဲ ပရိသတ္ေတြၾကည့္လို႕ရေအာင္ ဒီပြဲေလးကို တမင္လုပ္ခဲ့တာပါ။ ဒီဟာေလးကုိ မိစႏၵီျပင္ဆင္ခဲ့တာလဲေတာ္ေတာ္ၾကာေနၿပီ။ အေသးစိတ္ကအစလဲ ေသေသခ်ာခ်ာေလးၾကိဳးစားထားပါတယ္။ အခုထုတ္တဲ့ဒီဇိုင္းေတြေတာ္ေတာ္မ်ားမ်ားကလဲ Couple Wear မ်ားတယ္။ အဓိကက Couple ေတြကိုပဲ အဓိကရည္ရြယ္ပါတယ္။ အခုတင္ေရာင္းတဲ့ ဒီဇိုင္းေတြအားလံုးကလဲ မိစႏၵီရဲ႕အိုင္ဒီယာပါပဲ။ မိစႏၵီလုပ္ခ်င္တာေလးေတြေလွ်ာက္လုပ္ထားတာေပ့ါ။ ဒါေပမဲ့လဲ ကိုယ္လဲၾကိဳက္ၿပီး လူငယ္ေတြၾကိဳက္ေလာက္မဲ့ဟာမ်ိဳးေနာက္ၿပီး ၀တ္ရတာ ေပ်ာ္စရာေကာင္းၿပီး fan ျဖစ္မဲ့ဟာမ်ိဳးကုိ ေသခ်ာလုပ္ထားတာပါ။"လုိ႕ သူမက ေျပာျပပါတယ္။

My Boo အမွတ္တံဆိပ္နဲ႕ အ၀တ္အထည္ေတြကို Genius ဆိုင္တုိင္း ၀ယ္ယူႏိုင္မယ္လုိ႕ သိရပါတယ္။ ေနာက္ထပ္ ဒီအက်ီအ၀တ္အစားေတြကို ဘယ္ေနရာမွာ ထပ္မံ၀ယ္ယူႏုိင္ဦးမလဲဆုိတာကိုလည္း သူမက  "မိစႏၵီတို႕လက္ကားေတြေပးထားတဲ့ဆုိင္ေတြလဲ ရွိတယ္။ ေနာက္ၿပီး အြန္လိုင္းကေန My Boo page ကေန ရန္ကုန္ဆုိ အိမ္တိုင္ရာေရာက္ လုိက္ပို႕ေပးတယ္။ နယ္ဆိုကားဂိတ္ထိ လိုက္ပို႕ေပးတယ္။ မိစႏၵီက တစ္ပိုင္တစ္ႏုိင္စီးပြားေရးေလးေပါ့။ အႏုပညာေတြ လုပ္တယ္။ ရတဲ့ပိုက္ဆံေတြ စုတယ္။ ကိုယ္ပုိင္အမွတ္တံဆိပ္ဆိုတာထက္ မိစႏၵီကလူငယ္တစ္ေယာက္ျဖစ္တဲ့အတြက္ လူငယ္ေတြကိုကုိယ္စားျပဳတဲ့ clothing brand ေလးတစ္ခုကို ထုတ္တယ္။ ဒါေလးဟာေအာင္ျမင္ခ်င္လဲေအာင္ျမင္မယ္။ ရံႈးခ်င္လဲရံႈးမယ္။ မိစႏၵီရဲ႕ အနာဂတ္ကို မသိႏုိင္ေသးဘူးေပါ့။ ဒါေပမဲ့လဲ မိစႏၵီက Celebrity တစ္ေယာက္ ကိုယ္ပိုင္အမွတ္တံဆိပ္ထုတ္တယ္ ဆိုတာထက္ လူငယ္ေတြကုိ ကိုယ္စားျပဳတဲ့ အမွတ္တံဆိပ္တစ္ခုကို ကိုယ္စားျပဳတာပါရွင့္။ မိစႏၵီတို႕ရဲ႕ အက်ီၤက Limited Stock ေတြပါ။ အခုေတာင္ တခ်ိဳ႕ဒီဇိုင္းေတြျပတ္ကုန္ၿပီ။ မိစႏၵီဒီဇိုင္းတစ္မ်ိဳး အေရာင္တစ္ေရာင္ကို ၁၅၀ထက္ ပိုမထုတ္ထားဘူး။ အဲ့ဒီလိုထုတ္တာက မိစႏၵီတို႕အတြက္ ကုန္က်စရိတ္လဲပိုၾကီးတယ္။ ဒီဒီဇိုင္းေတြ ကုန္သြားၿပီဆိုရင္လဲ ထပ္မထုတ္ေတာ့ဘူး။ ေနာက္ထပ္ဒီဇုိင္းတစ္မ်ိဳးပဲထပ္ထုတ္မွာပါ။ ေနာက္ပိုင္းလဲ အဲ့ဒီလိုမ်ိဳးပါပဲ။ ဦးထုပ္က အေရာင္မတူပဲ ဒီဇိုင္းတူတာ ၄ခု၊ ေနာက္အေမႊးေလးေတြနဲ႕က၂ေရာင္ထြက္တယ္။ အက်ၤီကေတာ့ ေယာက်ာ္းေလးအတြက္ ၇မ်ိဳးနဲ႕မိန္းကေလးအတြက္ ၈မ်ိဳးထုတ္ထားပါတယ္။" လို႕ သူမက ဖြင့္ဟသြားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

#Unicode Version
အဆိုတော်မိစန္ဒီကိုယ်တိုင် ထုတ်လုပ်ဖြန့်ချိတဲ့ My Boo အမှတ်တံဆိပ် Clothing မိတ်ဆက်အခမ်းအနားကို ( ၅.၁၀.၁၆ ) ရက်နေ့ ညနေ ၃နာရီက လှည်းတန်းစင်တာ ပရိုမိုးရှင်းဧရိယာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီအခမ်းအနားကို ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေ၊ အဆိုတော်တွေနဲ့မိစန္ဒီရဲ့ ပရိသတ်တွေ တက်ရောက်ခဲ့ကြပါတယ်။

My Boo brand ထုတ်ဖြစ်ပုံနဲ့ပတ်သက်ပြီး မိစန္ဒီက " ပျော်ပါတယ်။ ကိုယ့်အကျီၤလေးကိုဝတ်ထားတဲ့ ပရိသတ်တွေကိုမြင်ရတာ ကျေနပ်တာပေါ့။ ဒီပွဲလေးကို အစကလုပ်ဖို့ စိတ်ကူးမရှိဘူး။ ဒါပေမဲ့လုပ်ဖြစ်သွားတယ်ပေါ့။ အစက စာနယ်ဇင်းပွဲလေးပဲလုပ်မလို့။ ဒါပေမဲ့လဲ ပရိသတ်တွေကြည့်လို့ရအောင် ဒီပွဲလေးကို တမင်လုပ်ခဲ့တာပါ။ ဒီဟာလေးကို မိစန္ဒီပြင်ဆင်ခဲ့တာလဲတော်တော်ကြာနေပြီ။ အသေးစိတ်ကအစလဲ သေသေချာချာလေးကြိုးစားထားပါတယ်။ အခုထုတ်တဲ့ဒီဇိုင်းတွေတော်တော်များများကလဲ Couple Wear များတယ်။ အဓိကက Couple တွေကိုပဲ အဓိကရည်ရွယ်ပါတယ်။ အခုတင်ရောင်းတဲ့ ဒီဇိုင်းတွေအားလုံးကလဲ မိစန္ဒီရဲ့အိုင်ဒီယာပါပဲ။ မိစန္ဒီလုပ်ချင်တာလေးတွေလျှောက်လုပ်ထားတာပေ့ါ။ ဒါပေမဲ့လဲ ကိုယ်လဲကြိုက်ပြီး လူငယ်တွေကြိုက်လောက်မဲ့ဟာမျိုးနောက်ပြီး ဝတ်ရတာ ပျော်စရာကောင်းပြီး fan ဖြစ်မဲ့ဟာမျိုးကို သေချာလုပ်ထားတာပါ။"လို့ သူမက ပြောပြပါတယ်။

My Boo အမှတ်တံဆိပ်နဲ့ အဝတ်အထည်တွေကို Genius ဆိုင်တိုင်း ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။ နောက်ထပ် ဒီအကျီအဝတ်အစားတွေကို ဘယ်နေရာမှာ ထပ်မံဝယ်ယူနိုင်ဦးမလဲဆိုတာကိုလည်း သူမက  "မိစန္ဒီတို့လက်ကားတွေပေးထားတဲ့ဆိုင်တွေလဲ ရှိတယ်။ နောက်ပြီး အွန်လိုင်းကနေ My Boo page ကနေ ရန်ကုန်ဆို အိမ်တိုင်ရာရောက် လိုက်ပို့ပေးတယ်။ နယ်ဆိုကားဂိတ်ထိ လိုက်ပို့ပေးတယ်။ မိစန္ဒီက တစ်ပိုင်တစ်နိုင်စီးပွားရေးလေးပေါ့။ အနုပညာတွေ လုပ်တယ်။ ရတဲ့ပိုက်ဆံတွေ စုတယ်။ ကိုယ်ပိုင်အမှတ်တံဆိပ်ဆိုတာထက် မိစန္ဒီကလူငယ်တစ်ယောက်ဖြစ်တဲ့အတွက် လူငယ်တွေကိုကိုယ်စားပြုတဲ့ clothing brand လေးတစ်ခုကို ထုတ်တယ်။ ဒါလေးဟာအောင်မြင်ချင်လဲအောင်မြင်မယ်။ ရှုံးချင်လဲရှုံးမယ်။ မိစန္ဒီရဲ့ အနာဂတ်ကို မသိနိုင်သေးဘူးပေါ့။ ဒါပေမဲ့လဲ မိစန္ဒီက Celebrity တစ်ယောက် ကိုယ်ပိုင်အမှတ်တံဆိပ်ထုတ်တယ် ဆိုတာထက် လူငယ်တွေကို ကိုယ်စားပြုတဲ့ အမှတ်တံဆိပ်တစ်ခုကို ကိုယ်စားပြုတာပါရှင့်။ မိစန္ဒီတို့ရဲ့ အကျီၤက Limited Stock တွေပါ။ အခုတောင် တချို့ဒီဇိုင်းတွေပြတ်ကုန်ပြီ။ မိစန္ဒီဒီဇိုင်းတစ်မျိုး အရောင်တစ်ရောင်ကို ၁၅၀ထက် ပိုမထုတ်ထားဘူး။ အဲ့ဒီလိုထုတ်တာက မိစန္ဒီတို့အတွက် ကုန်ကျစရိတ်လဲပိုကြီးတယ်။ ဒီဒီဇိုင်းတွေ ကုန်သွားပြီဆိုရင်လဲ ထပ်မထုတ်တော့ဘူး။ နောက်ထပ်ဒီဇိုင်းတစ်မျိုးပဲထပ်ထုတ်မှာပါ။ နောက်ပိုင်းလဲ အဲ့ဒီလိုမျိုးပါပဲ။ ဦးထုပ်က အရောင်မတူပဲ ဒီဇိုင်းတူတာ ၄ခု၊ နောက်အမွှေးလေးတွေနဲ့က၂ရောင်ထွက်တယ်။ အကျၤီကတော့ ယောကျာ်းလေးအတွက် ၇မျိုးနဲ့မိန်းကလေးအတွက် ၈မျိုးထုတ်ထားပါတယ်။" လို့ သူမက ဖွင့်ဟသွားပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top